Knowledge

ရုပ်ချောပြီး Singleဖြစ်မှ ရနိုင်တဲ့ မြောက်ကိုရီးယားက ယာဉ်ထိန်းရဲမေအလုပ်

ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ အဓိကၿမိဳ႕ေတာ္ျဖစ္တဲ့ ၿပဳံယမ္းမွာ ယာဥ္ထိန္းရဲတာဝန္မ်ားကို ထမ္းေဆာင္ေနသူမ်ားမွာ လွပေခ်ာေမာတဲ့ ရဲေမမ်ားသာျဖစ္ၾကၿပီး အဲဒီအခ်က္က ေျမာက္ကိုရီးယားႏိုင္ငံကို ကမာၻ႔ခရီးသြားသူမ်ားရဲ႕ ဆြဲေဆာင္ခ်က္ေတြထဲက တစ္ခုအပါအဝင္ျဖစ္တယ္လို႔ Daily Mailသတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ဦးထုပ္၊ အမည္းေရာင္ေဒါက္ျမင့္ဖိနပ္နဲ႔ အျပာေရာင္ယာဥ္ထိန္းရဲဝတ္စုံတို႔ကို စမတ္က်စြာဝတ္ဆင္ထားတဲ့ အမ်ိဳးသမီးယာထိန္းရဲေမေတြဟာ အသက္(၂၆)ႏွစ္ျပည့္ရင္ ပင္စင္ယူရမွာျဖစ္ပါတယ္။ ဒါ့အျပင္ အသက္(၂၆)အတြင္း အပ်ိဳျဖစ္ရမွာျဖစ္ၿပီး အိမ္ေထာင္ျပဳရင္ ရာထူးကေနအနားယူရပါမယ္။

လက္ရွိအခ်ိန္ ၿပဳံယမ္းၿမိဳ႕ေတာ္မွာ ယာဥ္ထိန္းရဲေမအျဖစ္ တာဝန္ထမ္းေဆာင္ေနသူဦးေရ အေယာက္(၃၀၀)ေလာက္ရွိၿပီး ေန႔စဥ္နဲ႔အမွ် သူတို႔ရဲ႕တာဝန္ေတြကို ထမ္းေဆာင္ေနရတယ္လို႔ သိရပါတယ္။ အဆိုပါယာဥ္ထိန္းရဲေမတို႔ဟာတာဝန္မထမ္းေဆာင္ခင္ ျပင္းထန္းတဲ့ေလ့က်င့္ခန္းေတြကို ျပဳလုပ္ရပါေသးတယ္။

ၿပဳံးယမ္းၿမိဳ႕ေတာ္မွာ အမ်ိဳးသမီးမ်ား ယာဥ္ထိန္းရဲလုပ္ရမယ့္ ဥပေဒကို ၁၉၈၀ျပည့္ႏွစ္ကတည္းက ျပ႒ာန္းထားတာျဖစ္ေပမယ့္ ႏိုင္ငံရဲ႕စီးပြားေရးပိတ္ဆို႔ခံထားရမႈနဲ႔ ဆင္းရဲမြဲေတမႈေၾကာင့္ ႏိုင္ငံအတြင္း ယာဥ္မ်ားေပါမ်ားခဲ့ျခင္းမရွိသလိုယာဥ္ထိန္းရဲေမေတြလည္း ေပါမ်ားခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

ျပည္ထဲေရးဝန္ႀကီး႒ာနမွ အရာရွိပုဂၢိဳလ္တစ္ဦးက ‘ယာဥ္ထိန္းရဲေမေတြဟာ ၿပဳံယမ္းၿမိဳ႕ေတာ္ကို ကိုယ္စားျပဳၾကတာပါ။ ဒါေၾကာင့္လည္း သူတို႔ကို ေသေသခ်ာခ်ာစိစိစစ္ေ႐ြးခ်ယ္တာျဖစ္ပါတယ္။ သာမန္ဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အသက္(၂၆)၊ (၂၇)ဆို မိန္းကေလးေတြ အိမ္ေထာင္ျပဳၾကပါတယ္။ ဒီယာဥ္ထိန္းရဲ႕တာဝန္ဟာ အလြန္ခက္ခဲၿပီး ၾကမ္းတမ္းတဲ့အလုပ္ပါ။ ဒီအလုပ္ေတြကို တစ္ကိုယ္ေရသမားပဲလုပ္ႏိုင္မွာျဖစ္ပါတယ္’လို႔ ေျပာဆိုခဲ့ပါတယ္။

Unicode

ရုပ်ချောပြီး Singleဖြစ်မှ ရနိုင်တဲ့ မြောက်ကိုရီးယားက ယာဉ်ထိန်းရဲမေအလုပ်

မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိကမြို့တော်ဖြစ်တဲ့ ပြုံယမ်းမှာ ယာဉ်ထိန်းရဲတာဝန်များကို ထမ်းဆောင်နေသူများမှာ လှပချောမောတဲ့ ရဲမေများသာဖြစ်ကြပြီး အဲဒီအချက်က မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာ့ခရီးသွားသူများရဲ့ ဆွဲဆောင်ချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ Daily Mailသတင်းစာက ဖော်ပြခဲ့ပါတယ်။

ဦးထုပ်၊ အမည်းရောင်ဒေါက်မြင့်ဖိနပ်နဲ့ အပြာရောင်ယာဉ်ထိန်းရဲဝတ်စုံတို့ကို စမတ်ကျစွာဝတ်ဆင်ထားတဲ့ အမျိုးသမီးယာထိန်းရဲမေတွေဟာ အသက်(၂၆)နှစ်ပြည့်ရင် ပင်စင်ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် အသက်(၂၆)အတွင်း အပျိုဖြစ်ရမှာဖြစ်ပြီး အိမ်ထောင်ပြုရင် ရာထူးကနေအနားယူရပါမယ်။

လက်ရှိအချိန် ပြုံယမ်းမြို့တော်မှာ ယာဉ်ထိန်းရဲမေအဖြစ် တာဝန်ထမ်းဆောင်နေသူဦးရေ အယောက်(၃၀၀)လောက်ရှိပြီး နေ့စဉ်နဲ့အမျှ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နေရတယ်လို့ သိရပါတယ်။ အဆိုပါယာဉ်ထိန်းရဲမေတို့ဟာတာဝန်မထမ်းဆောင်ခင် ပြင်းထန်းတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ရပါသေးတယ်။

ပြုံးယမ်းမြို့တော်မှာ အမျိုးသမီးများ ယာဉ်ထိန်းရဲလုပ်ရမယ့် ဥပဒေကို ၁၉၈၀ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းထားတာဖြစ်ပေမယ့် နိုင်ငံရဲ့စီးပွားရေးပိတ်ဆို့ခံထားရမှုနဲ့ ဆင်းရဲမွဲတေမှုကြောင့် နိုင်ငံအတွင်း ယာဉ်များပေါများခဲ့ခြင်းမရှိသလိုယာဉ်ထိန်းရဲမေတွေလည်း ပေါများခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အရာရှိပုဂ္ဂိုလ်တစ်ဦးက ‘ယာဉ်ထိန်းရဲမေတွေဟာ ပြုံယမ်းမြို့တော်ကို ကိုယ်စားပြုကြတာပါ။ ဒါကြောင့်လည်း သူတို့ကို သေသေချာချာစိစိစစ်ရွေးချယ်တာဖြစ်ပါတယ်။ သာမန်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အသက်(၂၆)၊ (၂၇)ဆို မိန်းကလေးတွေ အိမ်ထောင်ပြုကြပါတယ်။ ဒီယာဉ်ထိန်းရဲ့တာဝန်ဟာ အလွန်ခက်ခဲပြီး ကြမ်းတမ်းတဲ့အလုပ်ပါ။ ဒီအလုပ်တွေကို တစ်ကိုယ်ရေသမားပဲလုပ်နိုင်မှာဖြစ်ပါတယ်’လို့ ပြောဆိုခဲ့ပါတယ်။