Local News
မွေးရာပါခေါင်းနဲ့နှာခေါင်းမှာပါလာရှာတဲ့ ရေအိတ်တည်ရောဂါအတွက်အကူညီလိုနေသော ကလေးငယ်တဲ့ဗျာ ရှယ်ပေးခြင်းဖြင့်ကူညီခဲ့ကြပါဦး
ယူနီကုဒ်ဖြင့် ဖတ်ရန်
မွေးရာပါခေါင်းနဲ့နှာခေါင်းရေအိတ်တည်ရောဂါအတွက်အကူညီလိုနေတဲ့ကလေးငယ် မွေးရာပါခေါင်းနဲ့နှာခေါင်းရေအိတ်တည်ရောဂါသမီးလေးပိုပိုချစ်အသက်၇နှစ်ဟာဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်၊ကျီးနီစုကျေးရွာမှာနေထိုင်ပါတယ်။မောင်နှမ၆ယောက်ထဲမှာ၅ယောက်မြောက်ပါ။
ဖခင်က ကျမ်းမာရေးမကောင်းလို့အလုပ်မလုပ်နိူင်တော့ပါဖူး။သားအကြီး ၂ယောက်ကို ပြန်မှီခိုနေရတာပါ။ သမီးလေးက မွေးရာပါရောဂါဖြစ်ပြီး အသက် ၅လထဲကဆေးကုလာတာဆေးရုံမှာပဲ နေရတာများပါတယ်။ခေါင်းက ၁၄ခါခွဲစိတ် ရေထုပ်ထားရပြီး နှာခေါင်းက၃ခါခွဲထားရတာပါ
နှာခေါင်းဖုက ဦးနှောက်အမြှေးပါးတွေ ပျော်ကျနေတာပါတခါထဲခွဲထုတ်လို့ မရပါဖူး။ ခွဲစိတ်အမာရွတ်တွေကလဲ အများကြီးမြင်နေရသလို ခေါင်းခွံတနေရာကအသက်ရှူလိုက်တာပိန်လိုက်ဖောင်းလိုက် ဖြစ်နေပါတယ်။နဖူးထိပ်မှာ ဂလိုင်ပေါက်ရှိပြီးပြည်တွေပြည့်နေပါတယ်ပြန်ခွဲစိတ်ရမှာဖြစ်ပြီး
ကိုဗစ်ကြောင့် ဆေးရုံရက်ချိန်းမလာနိူင်တာ ၄လ ကျော်သွားပါပြီ။ နွမ်းပါးကလေးလူနာများကို လှူလိုလျှင်ဝေဠုကျော်ဖောင်ဒေးရှင်းဝေဠုကျော် နေအိမ်အမှတ် ၂၃၇ ၊ကံ့ကော်မြိုင် ၂လမ်း ၊ ၂၃ရပ်ကွက် ၊VIP 1 ၊သုဝဏ္ဏ ၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။(ရေစက်မှတ်တိုင် အနီး)
09-455500010၊ 09-455500014။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးမှလည်း အလှူရှင်တွေ့အောင်တက်နိုင်သလောက် ဝိုင်းဝန်းကူညီပြီးရှယ်ပေးကြပါဦးနော်။အမြန်ဆုံးလည်းအလှူရှင်တွေ့ပါစေဗျာ။ ခရက်ဒစ်