International News Knowledge

သိန်းထောင်ချီ ချမ်းသာနေတာတောင် တောင်းစားတဲ့အလုပ်ကို မရပ်နိုင်တဲ့ အမျိုးသား

တခ်ိဳ႕လူေတြကေတာ့ ပိုက္ဆံကို လြယ္လြယ္ကူကူ သိပ္လိုခ်င္တတ္ၾကပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ ဂ်ာဝါတန္ဂါျပည္နယ္က အမ်ိဳးသားတစ္ေယာက္ဆိုရင္ သာမန္လူတန္းစားထက္ေတာင္ ျမင့္တယ္လို႔ ေျပာလို႔ရတဲ့ အေျခအေနရွိေပမယ့္ သူေတာင္းစားအလုပ္ကို လုပ္ေနခဲ့ပါတယ္။Legiman လို႔ အမည္ရတဲ့ ၅၂ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ လမ္းေပၚမွာ ေတာင္းရမ္းေနစဥ္ အင္ဒိုအာဏာပိုင္ေတြရဲ႕ အိမ္ယာမဲ့နဲ႔ သူဖုန္းစား ရွင္းလင္းေရး ေအာ္ပေရးရွင္းတစ္ခုမွာ အထိန္းသိမ္းခံခဲ့ရပါတယ္။

ရဲေတြက Legiman ကို စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူ႔ရဲ႕ ပိုင္ဆိုင္မႈေတြကို အံ့ၾသစရာ သိခဲ့ရပါတယ္။ Legiman မွာ အေမရိကန္ေဒၚလာ ၁၈,၀၀၀ နီးပါးတန္ အိမ္တစ္လုံး၊ ေဒၚလာ ၁၉,၀၀၀ တန္ဖိုးရွိတဲ့ ေျမကြက္ေတြအျပင္ ေဒၚလာ ၆၀,၀၀၀ ေက်ာ္ကိုပါ ဘဏ္ထဲမွာ ထည့္ထားပါေသးတယ္။ ဒါေတြဟာ အင္ဒိုေငြနဲ႔ဆို ရင္းဂစ္ ၄ သိန္း ေတာင္ ရွိပါတယ္။“သူ႔ကို ဖမ္းမိတာ ၁၉၂ ရင္းဂစ္ နဲ႔ပါ။ အရင္က ဖမ္းမိတုန္းကဆို ၂၉၀ ရင္းဂစ္နဲ႔ ပိုေတာင္မ်ားပါေသးတယ္” လို႔ အာဏာပိုင္ေတြထဲက တစ္ဦးျဖစ္တဲ့ Udhi Nugroho က ဆိုပါတယ္။

ယခင္ဖမ္းဆီးမႈေတြမွာဆိုရင္ ATM ကတ္ေတြနဲ႔ ေငြစုစာအုပ္ေတြ ပိုင္တဲ့ သူဖုန္းစားေတြကိုေတာင္ ေတြ႕ခဲ့ရဖူးေၾကာင္း Udhi က ေျပာျပခဲ့ပါတယ္။ အခုဆိုရင္ေတာင္ သူေတာင္းစားသူေဌးလို႔ ဆိုရႏိုင္တဲ့ Legiman ကို ျပန္လႊတ္ေပးထားပါတယ္။ လမ္းေပၚမွာ ထပ္မေတာင္းရမ္းဖို႔သာ သတိေပးခဲ့ၾကပါတယ္။ အမ်ားျပည္သူကိုလည္း သူေတာင္းစားတိုင္းကို ဆင္းရဲတယ္ အထင္နဲ႔ ပိုက္ဆံေတြ စြတ္မေပးဖို႔ သတိေပးခ်က္ ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။

Credit -CELE DAILY

Unicode

သိန်းထောင်ချီ ချမ်းသာနေတာတောင် တောင်းစားတဲ့အလုပ်ကို မရပ်နိုင်တဲ့ အမျိုးသား

တချို့လူတွေကတော့ ပိုက်ဆံကို လွယ်လွယ်ကူကူ သိပ်လိုချင်တတ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာဝါတန်ဂါပြည်နယ်က အမျိုးသားတစ်ယောက်ဆိုရင် သာမန်လူတန်းစားထက်တောင် မြင့်တယ်လို့ ပြောလို့ရတဲ့ အခြေအနေရှိပေမယ့် သူတောင်းစားအလုပ်ကို လုပ်နေခဲ့ပါတယ်။Legiman လို့ အမည်ရတဲ့ ၅၂ နှစ်အရွယ် အမျိုးသားဟာ လမ်းပေါ်မှာ တောင်းရမ်းနေစဉ် အင်ဒိုအာဏာပိုင်တွေရဲ့ အိမ်ယာမဲ့နဲ့ သူဖုန်းစား ရှင်းလင်းရေး အော်ပရေးရှင်းတစ်ခုမှာ အထိန်းသိမ်းခံခဲ့ရပါတယ်။

ရဲတွေက Legiman ကို စစ်ဆေးခဲ့ချိန်မှာတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို အံ့သြစရာ သိခဲ့ရပါတယ်။ Legiman မှာ အမေရိကန်ဒေါ်လာ ၁၈,၀၀၀ နီးပါးတန် အိမ်တစ်လုံး၊ ဒေါ်လာ ၁၉,၀၀၀ တန်ဖိုးရှိတဲ့ မြေကွက်တွေအပြင် ဒေါ်လာ ၆၀,၀၀၀ ကျော်ကိုပါ ဘဏ်ထဲမှာ ထည့်ထားပါသေးတယ်။ ဒါတွေဟာ အင်ဒိုငွေနဲ့ဆို ရင်းဂစ် ၄ သိန်း တောင် ရှိပါတယ်။“သူ့ကို ဖမ်းမိတာ ၁၉၂ ရင်းဂစ် နဲ့ပါ။ အရင်က ဖမ်းမိတုန်းကဆို ၂၉၀ ရင်းဂစ်နဲ့ ပိုတောင်များပါသေးတယ်” လို့ အာဏာပိုင်တွေထဲက တစ်ဦးဖြစ်တဲ့ Udhi Nugroho က ဆိုပါတယ်။

ယခင်ဖမ်းဆီးမှုတွေမှာဆိုရင် ATM ကတ်တွေနဲ့ ငွေစုစာအုပ်တွေ ပိုင်တဲ့ သူဖုန်းစားတွေကိုတောင် တွေ့ခဲ့ရဖူးကြောင်း Udhi က ပြောပြခဲ့ပါတယ်။ အခုဆိုရင်တောင် သူတောင်းစားသူဌေးလို့ ဆိုရနိုင်တဲ့ Legiman ကို ပြန်လွှတ်ပေးထားပါတယ်။ လမ်းပေါ်မှာ ထပ်မတောင်းရမ်းဖို့သာ သတိပေးခဲ့ကြပါတယ်။ အများပြည်သူကိုလည်း သူတောင်းစားတိုင်းကို ဆင်းရဲတယ် အထင်နဲ့ ပိုက်ဆံတွေ စွတ်မပေးဖို့ သတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Credit -CELE DAILY