ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် ငွေကျပ်သိန်း ရာနဲ့ချီ လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

ထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။

မခိုင်လေးက ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက်လည်းရှိလို့ သူမအတွက်အဖော်ရနေတာဖြစ်ပါတယ်။

မခိုင်လေးအနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပဲ ဖြစ်ပါတယ်။

မခိုင်လေးက ကျန်းမာရေးလိုက်စားသူဖြစ်တာကြောင့် ခန္ဓာကိုယ်လေးကလည်း အဆီပိုမရှိဘဲ ကျစ်လစ်လှပနေတာပါ ။

အလှူအတန်းတွေဆိုရင်လည်း မိသားစုလိုက် စိတ်တူကိုယ်တူအမြဲပြုလုပ်လေ့ရှိရာ အခုလည်း ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက်

ချစ်ရတဲ့ဖေဖေနဲ့အတူ ငွေကျပ်သိန်းနှစ်ရာကို ရက်ရက်ရောရော လှူဒါန်းခဲ့ကြောင်းကို ပုံလေးနဲ့အတူ

“ကိုဗစ်ကာကွယ်ဆေးအလှူလေးပါရှင့်မခိုင်လေးအဖေမှသိန်းတစ်ရာ မခိုင်လေးမိသားစုမှသိန်းတစ်ရာလှူဒါန်းပါတယ်

မြန်မာနိုင်ငံကြီးနှင့်ကမ္ဘာကြီးကိုဗစ်ရောဂါအမြန်ဆုံးကင်းစင်ပပျောက်ပါစေ” ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Credit Cele Connections