Sports

ဇယားထိပ်ကိုတက်လှမ်းရမယ့် ယူနိုက်တက်နှင့် ခြေစွာနေတဲ့ ‌ဘန်လေတို့ရယ့် ပွဲကြိုသုံးသပ်ချက်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ ယနေ့ည 2နာရီ ခွဲ အချိန်မှာ ဘန်လေ အသင်းနဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဘဲဖြစ်ပါတယ် ယူနိုက်တက်အသင်းဟာ ရမှတ်33မှတ် တစ်ပွဲလျော့အနေ အထားမှာ အဆင့်နှစ်၌ ရပ်တည်နေပါတယ် အဆင့်တစ်က လီဗာပူးလ်နဲ့ တစ်ပွဲလျော့ အနေအထားနဲ့ ရမှတ်တူနေတာပါ ယခု ဘန်လေနဲ့ ပွဲစဉ်ပြီးရင် ပွဲအရေအတွက်တူတော့မှာပါ။

ဘန်လေနဲ့ပွဲစဉ်သာ အနိုင်ရရင်ဖြစ်ဖြစ် သရေဖြစ်ဖြစ် ယူနိုက်တက်တို့ အဆင့် တစ်မှာ ဦးဆောင်နိုင်တော့မှာပါ ပရီးမီးယားလိဒ်ထုံးစံအတိုင်း ပွဲစဉ်တိုင်းက အရေး ကြီးတဲ့အပြင် ယခု ပွဲစဉ်အနိုင်ရမှ လီဗာပူးလ်ကို သုံးမှတ်ဖြတ်ထားနိုင်မှာပါ ယူနိုက်တက်ကတော့ ခါရာဘောင်ကပ် ကနေ မန်စီးတီး ကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဒ်ကို ပိုမိုအားစိုက်လာမယ့်အခြေအနေမှာရှိပါတယ်။

တစ်ဖက်က ဘန်လေ အသင်းကတော့ အဆင့်16မှာရပ်တည်နေပါတယ် ဘန်လေအသင်းကတော့ နောက် ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဒ်ပွဲစဉ် ငါးပွဲမှာ သုံးပွဲအနိုင်ရပြီး တစ်ပွဲသာရှုံးနိမ့် တစ်ပွဲသရေနဲ့ ခြေစွာနေတဲ့ အသင်းတစ်သင်းဘဲဖြစ်ပါတယ် ဘန်လေတို့အတွက်လည်း အဆင့်တက်ဖို့ အရေးပါတဲ့ပွဲစဉ်ဘဲဖြစ်ပါတယ် ယူနိုက်တက်တို့အနေနဲ့ ဇယားထိပ် အဆင့်တစ်နေရာအတွက် ဘန်လေကို အနိုင်ယူဖို့ လိုအပ်နေပြီး ကြည့်ကောင်းအုံးမယ့် ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode




TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER