Local News

လူတွေသိပ်မသိသေးတဲ့အစိုးရက ထောက်ပံ့တဲ့မီးဖွားစရိတ်တဦးကို ၈ သိန်းကျော်တောင်ရမှာတဲ့ဗျာ

၈သိန္းေက်ာ္ရနိုင္တဲ့နိုင္ငံေတာ္ မီးဖြားစရိတ္ ဘယ္လိုေလၽွာက္ရမလဲနိုင္ငံေတာ္မွမိခင္စရိတ္မီးဖြားစရိတ္ဘယ္လိုေလၽွာက္ထားမလဲကၽြန္မ လူမွုဖူလုံေရးကေနမီးဖြားစရိတ္ထုတ္ယူခဲ့တဲ့အခ်ိန္ကစလို့ တစ္ႏွစ္ခြဲကာလအတြင္းေမေမေတြကလာဆက္သြယ္ေမးျမန္းၾကတာဒီေန႔ထိပါပဲ။

အားလုံးကို သိသမၽွမၽွေဝရင္းေမေမေတြအဆင္ေျပေျပထုတ္လို့ရခဲ့တယ္ဆိုတာျပန္ၾကားတာနဲ႔တင္ ဝမ္းသာမိတာအမွန္ပါပဲ။ သတင္းစကားေလးတစ္ခု လက္ဆင့္ကမ္း႐ုံနဲ႔မီးတြင္းကာလမွာမနည္းတဲ့ ေငြပမာဏရရွိတာဟာမိခင္အသစ္စက္စက္ေတြအတြက္အကူအညီသိပ္ျဖစ္ေစတာေပါ့ရွင္။

အလုပ္ရွုပ္မယ္ထင္လို့၊ ပမာဏနည္းနည္းပဲရမယ္ထင္လို့ အေၾကာင္းေၾကာင္းေၾကာင့္မထုတ္ေတာ့ဘူးစိတ္ကူးေနတဲ့သူေတြအတြက္ ဒီပိုစ့္ေလးကိုထပ္မံေရးသားလိုက္ပါတယ္။စာရြက္စာတမ္း၊ ႐ုံးအဝင္အထြက္ထင္သေလာက္အလုပ္မရွုပ္ပါ။ မီးဖြားစရိတ္ခံစားခြင့္ေငြမနည္းပါ။ လစာ (၂) သိန္း

ရသူက (၅) သိန္းခြဲခန႔္၊ (၂) သိန္းခြဲရသူက (၇)သိန္းခန႔္၊ (၃) သိန္းႏွင့္ အထက္ရသူက (၈) သိန္းခန႔္ရရွိမွာျဖစ္ပါတယ္။ ဘယ္သူေတြမီးဖြားစရိတ္ထုတ္ယူလို့ရနိုင္မလဲ။လူမွုဖူလုံေရး(S S B) လစဥ္ေဆာင္ထားသူ၊ ေဆာင္သည့္သက္တမ္း၁ႏွစ္အထက္ရွိသူတိုင္းထုတ္ယူနိုင္ပါတယ္။

ဘယ္အခ်ိန္မွာမီးဖြားစရိတ္ေလၽွာက္ထားလို့ရသလဲ။ မီးဖြားၿပီး၂လအတြင္းေလၽွာက္ရပါမယ္။ ပုဂၢလိကေဆး႐ုံမွာေမြးရင္ေရာေလၽွာက္လို့ရသလား။ဘယ္ေဆး႐ုံမွာေမြးေမြးေလၽွာက္လို့ရပါတယ္။ ဘာေတြလုပ္ဖို့လိုအပ္မလဲ။ကိုယ္ဝန္ရွိေနစဥ္လူမွုဖူလုံေရးေဆးခန္းကဆရာဝန္နဲ႔ျပသဖို့လိုပါတယ္။

SSBကတ္ရဲ့ေနာက္ေက်ာဘက္မွာကိုယ္ကဘယ္ၿမိဳ့နယ္ရဲ့ေဆးခန္းမွာ ျပရမလဲဆိုတာပါပါတယ္။ကိုယ့္ေနရပ္လိပ္စာနဲ႔ နီးတဲ့ေဆးခန္းကိုပဲထည့္ေပးထားတာပါ။ ဆရာဝန္က​​ကုိယ္ဝန္ရွိေၾကာင္းစမ္းသပ္သိရွိမွမီးမဖြားမီခြင့္ (၆) ပတ္၊ မီးဖြားၿပီးခြင့္(၈)ပတ္ကိုခံစားခြင့္ရဖို့လက္မွတ္ထိုးေပးမွာ

ျဖစ္ပါတယ္။ အကယ္၍ကိုယ္ဝန္ရွိစဥ္ကမျပခဲ့ရင္ မီးဖြားၿပီးေမြးစာရင္းနဲ႔အတူသြားျပရပါမယ္။ဘယ္လိုစာရြက္စာတမ္းေတြလိုအပ္မလဲ။ လူမွုဖူလုံေရးေဆးခန္းကဆရာဝန္ရဲ့ေဆးလက္မွတ္၊ ေမြးစာရင္း၊ကိုယ္တိုင္ေရးေလၽွာက္လႊာနဲ႔အလုပ္ရွင္ (သို့) HR Managerရဲ့ေထာက္ခံစာတို့လိုအပ္ပါတယ္။

ဘယ္႐ုံးမွာသြားေလၽွာက္ရမွာလဲ။ကိုယ္SSBေဆာင္တဲ့႐ုံးမွာေလၽွာက္ရမွာပါ။ SSBကတ္ရဲ့ ေနာက္ေက်ာဘက္မွာ႐ုံးနာမည္ပါ ပါတယ္။ ဘယ္လိုတြက္ခ်က္ၿပီးေပးတာလဲ။ မီးဖြားခြင့္ရတဲ့ရက္တိုင္းမွာတစ္ေန႔ဝင္ေငြရဲ့၇၀% နဲ႔ မီးဖြားစရိတ္အျဖစ္တစ္လဝင္ေငြရဲ့ ၅၀%တို့ ျဖစ္ပါတယ္။ မီးဖြားစရိတ္

အျမင့္ဆုံးရရွိေငြဟာ (၈၃၆,၀၀၀)က်ပ္ ျဖစ္ၿပီး အမႊာေမြးရင္ေတာ့ဒီ့ထက္ပိုခံစားခြင့္ရွိပါတယ္။ ဘယ္အခ်ိန္မွာေငြထုတ္လို့ရၿပီလဲ။ လဆန္းရက္ေလၽွာက္ထားခဲ့ရင္ ဒီလရဲ့တြက္ခ်က္မွုထဲမွာပါဝင္မွာမို့ ေနာက္တစ္လဆိုထုတ္လို့ရပါၿပီ။ ဒီေတာ့အၾကမ္းဖ်င္း ၁လ/၁လခြဲခန႔္ပဲ ၾကာပါတယ္။ SSB႐ုံးက

ရ ရွိေငြခ်လန္ပဲေပးလိုက္မွာျဖစ္ၿပီး အစိုးရဘဏ္မွာ သြားထုတ္ရမွာပါ။ ဒါ့ေၾကာင့္ကိုယ္တိုင္လစဥ္ေပးေဆာင္ေနရတဲ့အတြက္ မီးဖြားခ်ိန္အက်ိဳး ခံစားခြင့္ ျပန္လည္ရရွိမယ့္အခြင့္အေရးကိုအဆုံးရွုံးမခံဘဲ မီးဖြားစရိတ္ေလၽွာက္ထားသင့္ေၾကာင္း အႀကံျပဳပါရ ေစရွင္။

အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္ ဖိုးျပဳံးခ်ိဳေလးရဲ့ေမေမ (လူမွုဖူလုံေရး မီးဖြားစရိတ္​)

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

၈သိန်းကျော်ရနိုင်တဲ့နိုင်ငံတော် မီးဖွားစရိတ် ဘယ်လိုလျှောက်ရမလဲနိုင်ငံတော်မှမိခင်စရိတ်မီးဖွားစရိတ်ဘယ်လိုလျှောက်ထားမလဲကျွန်မ လူမှုဖူလုံရေးကနေမီးဖွားစရိတ်ထုတ်ယူခဲ့တဲ့အချိန်ကစလို့ တစ်နှစ်ခွဲကာလအတွင်းမေမေတွေကလာဆက်သွယ်မေးမြန်းကြတာဒီနေ့ထိပါပဲ။

အားလုံးကို သိသမျှမျှဝေရင်းမေမေတွေအဆင်ပြေပြေထုတ်လို့ရခဲ့တယ်ဆိုတာပြန်ကြားတာနဲ့တင် ဝမ်းသာမိတာအမှန်ပါပဲ။ သတင်းစကားလေးတစ်ခု လက်ဆင့်ကမ်းရုံနဲ့မီးတွင်းကာလမှာမနည်းတဲ့ ငွေပမာဏရရှိတာဟာမိခင်အသစ်စက်စက်တွေအတွက်အကူအညီသိပ်ဖြစ်စေတာပေါ့ရှင်။

အလုပ်ရှုပ်မယ်ထင်လို့၊ ပမာဏနည်းနည်းပဲရမယ်ထင်လို့ အကြောင်းကြောင်းကြောင့်မထုတ်တော့ဘူးစိတ်ကူးနေတဲ့သူတွေအတွက် ဒီပိုစ့်လေးကိုထပ်မံရေးသားလိုက်ပါတယ်။စာရွက်စာတမ်း၊ ရုံးအဝင်အထွက်ထင်သလောက်အလုပ်မရှုပ်ပါ။ မီးဖွားစရိတ်ခံစားခွင့်ငွေမနည်းပါ။ လစာ (၂) သိန်း

ရသူက (၅) သိန်းခွဲခန့်၊ (၂) သိန်းခွဲရသူက (၇)သိန်းခန့်၊ (၃) သိန်းနှင့် အထက်ရသူက (၈) သိန်းခန့်ရရှိမှာဖြစ်ပါတယ်။ ဘယ်သူတွေမီးဖွားစရိတ်ထုတ်ယူလို့ရနိုင်မလဲ။လူမှုဖူလုံရေး(S S B) လစဉ်ဆောင်ထားသူ၊ ဆောင်သည့်သက်တမ်း၁နှစ်အထက်ရှိသူတိုင်းထုတ်ယူနိုင်ပါတယ်။

ဘယ်အချိန်မှာမီးဖွားစရိတ်လျှောက်ထားလို့ရသလဲ။ မီးဖွားပြီး၂လအတွင်းလျှောက်ရပါမယ်။ ပုဂ္ဂလိကဆေးရုံမှာမွေးရင်ရောလျှောက်လို့ရသလား။ဘယ်ဆေးရုံမှာမွေးမွေးလျှောက်လို့ရပါတယ်။ ဘာတွေလုပ်ဖို့လိုအပ်မလဲ။ကိုယ်ဝန်ရှိနေစဉ်လူမှုဖူလုံရေးဆေးခန်းကဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

SSBကတ်ရဲ့နောက်ကျောဘက်မှာကိုယ်ကဘယ်မြို့နယ်ရဲ့ဆေးခန်းမှာ ပြရမလဲဆိုတာပါပါတယ်။ကိုယ့်နေရပ်လိပ်စာနဲ့ နီးတဲ့ဆေးခန်းကိုပဲထည့်ပေးထားတာပါ။ ဆရာဝန်ကကိုယ်ဝန်ရှိကြောင်းစမ်းသပ်သိရှိမှမီးမဖွားမီခွင့် (၆) ပတ်၊ မီးဖွားပြီးခွင့်(၈)ပတ်ကိုခံစားခွင့်ရဖို့လက်မှတ်ထိုးပေးမှာ

ဖြစ်ပါတယ်။ အကယ်၍ကိုယ်ဝန်ရှိစဉ်ကမပြခဲ့ရင် မီးဖွားပြီးမွေးစာရင်းနဲ့အတူသွားပြရပါမယ်။ဘယ်လိုစာရွက်စာတမ်းတွေလိုအပ်မလဲ။ လူမှုဖူလုံရေးဆေးခန်းကဆရာဝန်ရဲ့ဆေးလက်မှတ်၊ မွေးစာရင်း၊ကိုယ်တိုင်ရေးလျှောက်လွှာနဲ့အလုပ်ရှင် (သို့) HR Managerရဲ့ထောက်ခံစာတို့လိုအပ်ပါတယ်။

ဘယ်ရုံးမှာသွားလျှောက်ရမှာလဲ။ကိုယ်SSBဆောင်တဲ့ရုံးမှာလျှောက်ရမှာပါ။ SSBကတ်ရဲ့ နောက်ကျောဘက်မှာရုံးနာမည်ပါ ပါတယ်။ ဘယ်လိုတွက်ချက်ပြီးပေးတာလဲ။ မီးဖွားခွင့်ရတဲ့ရက်တိုင်းမှာတစ်နေ့ဝင်ငွေရဲ့၇၀% နဲ့ မီးဖွားစရိတ်အဖြစ်တစ်လဝင်ငွေရဲ့ ၅၀%တို့ ဖြစ်ပါတယ်။ မီးဖွားစရိတ်

အမြင့်ဆုံးရရှိငွေဟာ (၈၃၆,၀၀၀)ကျပ် ဖြစ်ပြီး အမွှာမွေးရင်တော့ဒီ့ထက်ပိုခံစားခွင့်ရှိပါတယ်။ ဘယ်အချိန်မှာငွေထုတ်လို့ရပြီလဲ။ လဆန်းရက်လျှောက်ထားခဲ့ရင် ဒီလရဲ့တွက်ချက်မှုထဲမှာပါဝင်မှာမို့ နောက်တစ်လဆိုထုတ်လို့ရပါပြီ။ ဒီတော့အကြမ်းဖျင်း ၁လ/၁လခွဲခန့်ပဲ ကြာပါတယ်။ SSBရုံးက

ရ ရှိငွေချလန်ပဲပေးလိုက်မှာဖြစ်ပြီး အစိုးရဘဏ်မှာ သွားထုတ်ရမှာပါ။ ဒါ့ကြောင့်ကိုယ်တိုင်လစဉ်ပေးဆောင်နေရတဲ့အတွက် မီးဖွားချိန်အကျိုး ခံစားခွင့် ပြန်လည်ရရှိမယ့်အခွင့်အရေးကိုအဆုံးရှုံးမခံဘဲ မီးဖွားစရိတ်လျှောက်ထားသင့်ကြောင်း အကြံပြုပါရ စေရှင်။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် ဖိုးပြုံးချိုလေးရဲ့မေမေ (လူမှုဖူလုံရေး မီးဖွားစရိတ်)