Knowledge Local News

တရွာလုံးနီးပါး အောက်လမ်းပညာသည်တွေ ဖြစ်နေကြတဲ့ မြန်မာပြည် အထက်ပိုင်းက လမိုင်းရွာ (ဖြစ်ရပ်မှန်)

ျမန္မာႏိုင္ငံထဲမွာရွိေနတဲ့ နယ္ၿမိဳ႕ေလးေတြက ႐ြာငယ္ေလးေတြတိုင္းမွာ တစ္႐ြာတစ္ပုဒ္ဆန္းဆိုတဲ့ ဇာတ္လမ္းေလးေတြ ၊ ပရေလာကျဖစ္ရပ္ဆန္းေလးေတြကေတာ့ ရွိတတ္ၾကပါတယ္ ၊

အဲ့လိုမ်ိဳးဆန္းက်ယ္တဲ့အျဖစ္အပ်က္ ၊ ေႏွာင္းလူေတြ.. ကေလးငယ္ေတြအထိ လက္ဆင့္ကမ္းၿပီး အိပ္ယာဝင္ပုံျပင္ဆန္ဆန္ေက်ာ႐ိုးယူၿပီးေျပာစမွတ္တြင္ေလာက္တဲ့ ေခ်ာက္ေခ်ာက္ခ်ားခ်ား ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးေတြဆိုတာလည္း မနည္းမေနာပါပဲ၊

ဒီလိုဇာတ္လမ္းေလးေတြကိုျဖစ္ခဲ့ ႀကဳံခဲ့ဖူးၾကတဲ့ သူေတြဆိုတာလည္း တစ္ခ်ိဳ႕က ကြယ္လြန္သြားၾကသလို ၊ ဟိုးေရွးလူေတြလည္းျဖစ္ႏိုင္ပါတယ္ ၊ တစ္ခ်ိဳ႕က အခုထိ သက္ရွိထင္ရွားရွိၿပီး

လက္ဆုပ္လက္ကိုင္သက္ေသနဲ႔တကြ တိတိက်က်ေျပာျပႏိုင္တဲ့အထိ ရွိေနဆဲျဖစ္တဲ့ ပုဂၢိဳလ္ ၊ ေနရာေတြလည္း ရွိေနတုန္းပါပဲ ၊ အဲ့ဒီလို ေျပာျပႏိုင္ဆဲျဖစ္တဲ့ ႐ြာေလးေတြထဲမွာ ႐ြာေလးတစ္႐ြာကလည္း အပါအဝင္ေပါ့…၊

႐ြာကေလးရဲ႕နာမည္ကိုက ဆန္းေနတာ လမိုင္း႐ြာ တဲ့ ။

လမိုင္းဆိုတဲ့ ႐ြာကေလးက ေဒသအေျခအေနအရ ေတာဆန္ၿပီးေတာ့ လုံးဝနီးပါး မဖြံ႕ၿဖိဳးေသးတဲ့ ႐ြာကေလးတစ္႐ြာပါပဲ ၊

လမိုင္း႐ြာဆိုတာလည္း ကြင္းျပင္က်ယ္ႀကီးထဲမွာ တည္ထားတဲ့ ႐ြာေသးေသးေလးတစ္ခုေပါ့ ၊

႐ြာနာမည္ကလည္း ႐ြာစတည္ကတည္းကေပးထားတဲ့နာမည္ေလးပါ ၊ ႐ြာကေလးရဲ႕ထူးျခားခ်က္ေတြထဲက တစ္ခုက လမိုင္း႐ြာတစ္႐ြာလုံးက ေလာင္းကစားကို ခုံမင္ၾကတာပါပဲ ၊

တစ္႐ြာလုံးက ေလာင္းကစားနဲ႔ပတ္သတ္ရင္လူညီၿပီးသား ၊ ေလာင္းကစားထဲမွာမွ ဖဲ႐ိုက္တဲ့ဘက္မွာ ပိုအားသန္ၾကတဲ့သူေတြ ၊ အလႉမဂၤလာေဆာင္ ၊ ဘုန္းႀကီးဆြမ္းကပ္ ၊ ကုန္ကုန္ေျပာရရင္ ကေလး ကင္ပြန္းတပ္ပါ မက်န္ ဖဲဝိုင္းအၿမဲရွိတယ္ ၊

မိန္းမဝိုင္း ၊ ေယာက်ာ္းဝိုင္း ၊ ကေလးဝိုင္း ဝိုင္းကလည္း ဘာစုံသလည္းမေမးနဲ႔ ၊ ဒီေန႔ဒီအခ်ိန္အထိလည္း ေဆာ့ေနၾကတုန္းပဲ ၊

ဒါေပမယ့္ နယ္ေျမ ဖြံ႕ၿဖိဳးလာလို႔ထင္တယ္ ဟိုးအရင္ကေလာက္ေတာ့ မရဲၾကေတာ့ဘူး ၊

သူတို႔႐ြာမွာ လူတစ္ေယာက္ ေသၿပီဆို သိပ္ေပ်ာ္ၾကတာ ၊ ေဘးနားက႐ြာေတြကဆိုရင္ တစ္ခုခုအခ်င္းခ်င္း စေနာက္ၾကတဲ့အခါ တြင္တြင္ေျပာေလ့ရွိတာတစ္ခုရွိေသးတယ္

ဘာတဲ့ “မင္းေသရင္ လမိုင္းသြားပို႔မယ္ အနည္းဆုံးေတာ့ ဆိုင္ကယ္တစ္စီးေလာက္ေတာ့ စီးလို႔ရမွာေသခ်ာတယ္ ” လို႔ ေျပာေလ့ရွိၾကတယ္ ၊

ဆိုလိုတာက ဒီမသာ (အသုဘ)ကို အမွီျပဳၿပီး ဖဲ႐ိုက္ရင္းက ေငြေတြႏိုင္ၿပီး ဆိုင္ကယ္ေတာင္စီးႏိုင္တဲ့အထိလို႔ေျပာခ်င္တာ ၊

ဟုတ္လည္းဟုတ္တာပဲေလ လမိုင္း႐ြာက ႐ြာသာငယ္တာ သူတို႔႐ြာမွာ ဖဲဝိုင္းဆိုတာ ျပတ္တယ္လို႔ကိုမရွိေတာ့ အနီးအနားပတ္ပတ္လည္မွာရွိတဲ့ ႐ြာေတြဆီက ဖဲ ၊ေလာင္းကစား ဝါးသနာအိုးေတြနဲ႔ လမိုင္း႐ြာက စည္ကားေနဆဲပဲ ၊

အသုဘဆိုရင္ အေလာင္းကို အ႐ိုးက်တဲ့အထိထားၿပီး ဖဲ႐ိုက္ၾကတဲ့႐ြာ အဲ့ေလာက္အထိခုံမင္ၾကတာ ၊ ေနာက္ၿပီးအဲ့ဒီ႐ြာက ႐ြာခံေတြက စ႐ိုက္နည္းနည္းၾကမ္းၾကေသးတယ္ ၊ ႐ြာမွာ ပညာသည္ေတြလည္း အရမ္းေပါမ်ားၾကတယ္ ၊

လမိုင္း႐ြာသူေလးေတြဆိုတာလည္း ၿမိဳ႕ကမင္းသမီးရႈံ႕ေလာက္တဲ့အထိ ေခ်ာလွၾကတဲ့သူေတြ ၊ ဒါေပမယ့္ အဲ့ဒီ့ ႐ြာသူေလးေတြကို တစ္ျခား႐ြာက ကာလသားေတြ ပိုးပန္းဖို႔ ေနေနသာသာ မ်က္လုံးနဲ႔ေတာင္ စိုက္မၾကည့္ရဲ႕ၾကဘူး ၊

ပညာသည္ေပါမ်ားတဲ့႐ြာမို႔လို႔ ေၾကာက္ၾကတယ္ ၊

တစ္႐ြာနဲ႔တစ္႐ြာအသြားအလာလုပ္ရင္လည္း အခုေခတ္ဆို ဆိုင္ကယ္ေတြကို တြင္တြင္က်ယ္က်ယ္ သုံးလာၿပီဆိုေပမယ့္ အရင္ဆို ထုံးစံအတိုင္း လွည္းကိုပဲ အဓိကထား သုံးၾကရတာေလ ။

တစ္ေန႔ လမိုင္း႐ြာမွာ အသုဘ ရွိတယ္ဆိုတဲ့အသံကိုၾကားလို႔ လမိုင္း႐ြာအနီးအနားမွာရွိတဲ့ ကြၽဲတြင္း ႐ြာက ဖဲဝါသနာအိုး သုံးေယာက္ျဖစ္တဲ့ ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔ေတြက လမိုင္း႐ြာကို ခ်ီတတ္လာဖို႔ ျပင္ေနၾကၿပီ ၊

ကြၽဲတြင္း႐ြာဆိုတာ လမိုင္း႐ြာနဲ႔ ကပ္လ်က္ဆိုေပမယ့္ တစ္႐ြာနဲ႔တစ္႐ြာၾကားမွာ မ်က္စိတစ္ဆုံး ၾကည့္မကုန္ႏိုင္တဲ့ လယ္ကြင္းက်ယ္ႀကီးေတြက ျခားထားေသးတယ္ ၊

အနည္းဆုံး တစ္႐ြာနဲ႔တစ္႐ြာအကြာအေဝး ႏွစ္မိုင္ေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိလိမ့္မယ္ ၊ ဒီလိုနဲ႔ ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔ သုံးေယာက္သား ႏြားလွည္းေလးနဲ႔ လမိုင္း႐ြာဆီကို လွမ္းလာခဲ့ၾကတယ္ ၊

ဖဲကစားခ်င္ေဇာနဲ႔မို႔ စိတ္ေတြလည္းေလာေနၾကတယ္ ၊ တစ္ေယာက္နဲ႔တစ္ေယာက္လည္း ဘယ္လိုကစားမယ္ဆိုတဲ့အေၾကာင္းေတြ ၊ အရင္တုန္းက ဘယ္ေလာက္ထိႏိုင္ခဲ့ဖူးတယ္ ၊

ဘယ္လိုမ်ိဳးပြဲေတြမွာ ဆန္းဆန္းျပားျပားျဖစ္တာႀကဳံဖူးတယ္ဆိုတာေတြကို အခ်င္းခ်င္း ေရပတ္မလည္ေအာင္ လမ္းတစ္ေလွ်ာက္မွာေျပာလာရင္းကေန လမိုင္း႐ြာကို ေရာက္လာခဲ့ၾကတယ္ ၊

႐ြာအဝင္မွာသူတို႔ကို ႀကိဳဆိုေနတဲ့ ႐ြာအဝင္လမ္းေဘးနားက ထန္းပင္ရွည္ႀကီးေတြနဲ႔ တဲအိမ္ပုပုေလးေတြကို ရင္ခုန္စြာနဲ႔ၾကည့္လိုက္ရင္း ညိဳစိုး က “ ေဟ့ေယာင္ေတြ မင္းတို႔အသိဆိုတဲ့အိမ္က ႐ြာဘယ္ေနရာနားေလာက္မွာလဲ ” လို႔ ေမးလိုက္တယ္ ၊

ညိဳစိုးအေမးကို ခ်က္ခ်င္းဆိုသလို ျမင့္သိန္း က ထေျဖလိုက္တယ္ “ဒီလမ္းအတိုင္းေရွ႕နည္းနည္းဆက္သြား ေဟ့ာဟိုမွာေတြလား ေအး.. အဲ့ဒီအိမ္ေဘးနားက လမ္းအတိုင္းဆက္ဝင္လိုက္ တစ္အိမ္ ၊ ႏွစ္အိမ္ ၊ သုံးအိမ္ေျမာက္ အိမ္ေရွ႕မွာ ဒန္းပင္ေလးစိုက္ထားတဲ့အိမ္ပဲကြ

ေအး.. အဲ့ဒီအိမ္ေရွ႕မွာရပ္လိုက္ေတာ့ ” ျမင့္သန္းက ညိဳစိုးအေမးကိုေျဖလိုက္ရင္း ႏြားလွည္းေမာင္းေနတဲ့ ဖိုးေတ ကိုလည္း လမ္းေသခ်ာၫႊန္ျပလိုက္ေသးတယ္။

ျမင့္သန္းေျပာတဲ့အိမ္ေရာက္ေတာ့ သူတို႔ေတြ လွဲေပၚကဆင္းလိုက္ၾကၿပီးအိမ္ထဲကို ဝင္သြားလိုက္ၾကတယ္ ၊

အိမ္ရွင္ေတြက ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔ကို ျမင္ေတာ့ အားရဝမ္းသာႀကိဳဆို ႏႈတ္ခြန္းဆက္သေသးတယ္ ၊ အဲ့ဒီ့အခါမွ ျမင့္သန္းက အိမ္ရွင္ေတြထဲက သူ႔အသိဆိုတဲ့ အရီးေလးတစ္ေယာက္ကိုစကားလွမ္းေျပာလိုက္တယ္

“အရီးေလးႀကိဳင္ က်ဳပ္တို႔ ဒီ႐ြာမွာ နာေရးတစ္ခုရွိတယ္ၾကားထားလို႔ အပ်င္းေျပ ဖဲလာကစားတာပါ အရီးေလး ” အဲ့လိုလည္းေျပာလိုက္ေရာ တစ္ဖက္က အရီးေလးက

“ ေအးကြယ္ ႐ြာအေနာက္ဘက္နားကအိမ္မွာရွိတာေလ၊ စည္တာမွေျပာမေနနဲ႔ ငါတို႔႐ြာအေၾကာင္းလည္းနင္သိသားပဲ ကဲကိုယ္ေတာ္ေတြ သြားမယ္ဆိုလည္း ျမန္ျမန္သြားၿပီးျမန္ျမန္ျပန္လာၾက ၊

ငါ့တူေတြ ေနာက္က်ေနရင္ ေမွာင္ၿပီးေတာ့ ႐ြာအျပန္ခတ္ေနမယ္ကြယ္”

အရီးေလးႀကိဳင္ စကားေၾကာင့္ ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔သုံးေယာက္သား ေငြစကၠဴအျပည့္ ထည့္လာတဲ့ ေဘးသိုင္းလြယ္အိတ္ေတြကို သိုင္းလြယ္လိုက္ရင္း သူတို႔စီးလာတဲ့ႏြားေတြကို ႀကိဳးျဖည္ေပး ၊ ေရတိုက္ ၊ အစာေကြၽးလုပ္ရင္း အရီးေလးအိမ္မွာ ေဒါက္ေထာက္ထားတဲ့ လွည္းကေလးကိုပါ ထားခဲ့လိုက္ၿပီး ဖဲဝိုင္းဆီကို အရမ္း တက္ႂကြေနတဲ့ ေျခလွမ္းေတြနဲ႔ အတူတူသြားဖို႔ ျပင္ေနၾကတုန္း ၊ အိမ္ဝိုင္းထဲကို ဝင္လာတဲ့ လူတစ္ေယာက္နဲ႔ ဆုံပါေလေရာ..

အဲ့ဒီ့လူကလည္း ျမင့္သိန္းကိုျမင္တာနဲ႔ ရင္းရင္းနီးနီးပုခုံးကိုဖက္ထားၿပီး စကားေတြေျပာရင္း ႐ြာထဲက တစ္ေနရာဆီကို ဦးတည္ၿပီးေခၚသြားပါေလေရာ ၊ ဟိုေနရာေရာက္ေတာ့မွ ႐ြာထဲက အရက္ပုန္းဆိုင္ျဖစ္ေနတာကိုသိလိုက္ရတယ္..

ေခၚလာတဲ့သူကလည္း ျမင့္သိန္းနဲကရင္းနီးတဲ့ မိတ္ေဆြတစ္ေယာက္ျဖစ္ေနျပန္ေတာ့ ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔ေတြလည္း အားနာပါးနာနဲ႔ လိုက္ၿပီးအရက္ေသာက္ျဖစ္ခဲ့ၾကေသးတယ္ ၊

အရက္ေသာက္ၿပီးေတာ့မွ ႐ြာထဲက အသုဘအိမ္ ဖဲဝိုင္းဆီကို ဦးတည္ၿပီးထြက္သြားျဖစ္ၾကတယ္ ။

နာေရးအိမ္ ေရာက္ေတာ့ အိမ္တြင္းအိမ္ျပင္မွ လူေတြ ျပည့္လွ်ံေနတာကိုျမင္လိုက္ရတယ္ ၊ ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔ေတြလည္း ဖဲဝိုင္းေတြကိုလိုက္ၾကည့္ၿပီး

ဝိုင္းေခ်ာင္တဲ့ ဖဲဝိုင္းထဲမွာ ဝင္ထိုင္လိုက္ၾကရင္း အိမ္ကေန မရွိရွိ ရွိတာေလးေတြအကုန္သယ္လာတာေလးနဲ႔ ဝင္ကစားျဖစ္ၾကတယ္ ၊

ကံကပဲဆိုးေနတာလားေတာ့မသိဘူး တစ္ႀကိမ္ၿပီးတစ္ႀကိမ္ ဆက္တိုက္ကို သုံးေယာက္လုံး ရႈံးေနၾကေရာ ၊ အရက္ကေလးကလည္းအရွိန္တက္လာေတာ့ ရႈံးေလ ပိုၿပီး ေငြထိုးေလနဲ႔ သိပ္မၾကာလိုက္ပါဘူး

သုံးေယာက္သား ပါသမွ်အကုန္ကုန္သြားပါေလေရာ..၊ အလာတုန္းက လြယ္လာတဲ့ လြယ္အိတ္ ေဖာင္းေဖာင္းေလးေတြကလည္း ျပားကပ္လို႔ ၊ ထပ္ေဆာ့ခ်င္ေသးေပမယ့္ ေလာင္းစရာေငြေၾကးတစ္ျပားေတာင္ မရွိေတာ့တာမို႔ သုံးေယာက္လုံးလက္ေလ်ာ့ၿပီး ထျပန္လာလိုက္ၾကတယ္ ။

ဒီ လမိုင္း႐ြာမွာက ဖဲဝိုင္းေတြ ၊ေလာင္းကစာဝိုင္းေတြ ဘယ္ေလာက္မ်ားမ်ား ၊ ရန္ျဖစ္တာ ၊ ခိုးတာ ၊ ဝွက္တာ ၊ ကလိန္ကက်စ္က်တာေတြ မရွိၾကဘူး ၊

ဘာလို႔လဲဆိုေတာ့ သူတို႔႐ြာစည္းကမ္းကိုက လမိုင္း႐ြာမွာ ဘယ္သူမွ မခိုးရဘူး ၊ ကလိန္ကက်စ္မက်ရဘူး ၊ တကယ္လို႔လုပ္ခ်င္လည္းလုပ္ခြင့္ေပးထားတယ္ သူတို႔မသိေအာင္လုပ္ေပါ့ေလ… ၊

သိသြားရင္ေတာ့ လုပ္တဲ့သူအတြက္ မေတြးဝံ့စရာဘဲ ၊ အိမ္ကိုအသက္ျပန္ပါသြားမယ္မထင္ေလနဲ႔ ၊ တစ္႐ြာလုံးနီးပါးက (စုန္း၊ေအာက္လမ္း)ပညာသည္ေတြေလ ။

ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔သုံးေယာက္သား လမိုင္း႐ြာကေန ဖဲရႈံးၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ႏြားလွည္းထားထားတဲ့အိမ္ကိုသြား ႏြားလွည္းေလးယူ ၊ အိမ္ရွင္ေတြကိုႏႈတ္ဆက္ၿပီး ကိုယ့္႐ြာကိုယ္ျပန္ဖို႔ျပင္လိုက္ၾကတယ္ ၊

အခ်ိန္က ညေတာင္ေရာက္ေနၿပီ ၊ ဒီေန႔ညမ်ားဖဲႏိုင္လိုက္ရင္ ဒီ႐ြာမွာပဲ တစ္ညလုံးမူးေအာင္ေသာက္ၿပီး မနက္မွ ျပန္မယ္စိတ္ကူးထားတာ အခုေတာ့ အရႈံးသမားေတြရဲ႕ အိမ္အျပန္လမ္းက တိတ္ဆိတ္လို႔ ။

လေရာင္က ညအေမွာင္ကို တိုးမေပါက္သလို ဝါးတားတားေလးနဲ႔..

လွည္းေမာင္းသူကအလာတုန္းကလိုပဲ ဖိုးေတ ၊ က်န္တဲ့ႏွစ္ေယာက္ ညိဳစိုး ၊ ျမင့္သိန္း တို႔က လွည္းအေနာက္မွာ ပတ္လက္ကေလး မိုးေကာင္းကင္မဲမဲႀကီးကိုၾကည့္ရင္း လိုက္ပါလာၾကတယ္ ၊

သူတို႔သုံးေယာက္သားလွည္းကေလး တအိအိနဲ႔ေမာင္းလာလိုက္တာ လမိုင္း႐ြာထဲကေတာင္ ထြက္စျပဳေနၿပီ ၊

႐ြာအထြက္ လယ္ကြင္းအစပ္ေလးအနားေရာက္ေတာ့ သူတို႔လွည္းအေနာက္က ထူးဆန္းတဲ့ အသံတစ္သံကို ၾကားလိုက္ရတယ္ ။

လူေတြက ညစ္ေနၾကတဲ့အထဲ လမိုင္း႐ြာက သူငယ္ခ်င္းထည့္ေပးလိုက္တဲ့ မီးေတာက္အရက္ပုလင္းႏွလုံးကအစစ္ပါလာေသးတယ္ေလ ၊

႐ုတ္တရက္ လွည္းအေနာက္က အသံၾကားရေတာ့ အံ့ၾသသြားၿပီး သုံးေယာက္သား လွည္းကိုခဏရပ္လိုက္ရင္း အသံၾကားတဲ့ေနရာကို လိုက္ရွာၾကည့္ေနမိတယ္ ၊

အသံက သူတို႔အေနာက္ဘက္မွာက်န္ခဲ့တဲ့ လမိုင္း႐ြာအထြက္နားေလးမွာရွိတဲ့ ၿခဳံထဲကေန ၾကားေနရတဲ့အသံ ၊

ၿခဳံကေလးကလည္းလႈပ္လႈပ္ လႈပ္လႈပ္နဲ႔ အားလုံး ၿခဳံေနရာကို ေသခ်ာ စိုက္ၾကည့္ေနမိတုန္း ၿခဳံထဲကေန ဝုန္းဆို ဝက္ကေလးေသးေသးေလးတစ္ေကာက္ ခုန္ထြက္လာတာကို ေတြ႕လိုက္ရတယ္ ၊

လေရာင္မွိန္ျပျပဆိုေပမယ့္ ဝက္ကေလးကိုေတာ့ သဲသဲကြဲကြဲျမင္ႏိုင္ေသးတယ္ေလ ။

ဝက္ကေလးမို႔ သူတို႔အာ႐ုံေတြကို ျပန္လႊဲလိုက္ရင္း ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္းတို႔လည္း လွည္းကိုဆက္ေမာင္းလိုက္ၾကေတာ့ ဝက္ကေလးကေတာ့ အႏၲရယ္ကိုျမင္ပုံမရဘူး.. တအိအိသြားေနတဲ့ သူတို႔လွည္းေလးေနာက္ကို ေျပးလိုက္လာပါေလေရာ ၊

ဝက္ကေလးဆိုေပမယ့္ ဝက္ေပါက္တစ္ေကာင္ပါ ၊ လူအရမ္းယွဥ္ေနတယ္ ၊ ဝက္ေပါက္ေလးက အခ်ိန္ႏွစ္ဆယ္ေလာက္ေတာ့ထြက္မယ့္ပုံရွိတယ္ ၊

ဘယ္သူဘယ္ဝါပိုင္တဲ့ ဝက္မွန္းလည္းသူတို႔မသိဘူး ၊ လူအရမ္းယဥ္ေနတာနဲ႔ သူတို႔ေတြ ေခ်ာ့ေခၚသြားၾကဖို႔ ဆုံးျဖတ္လိုက္ၾကတယ္ ။

“ ေဟ့ေယာင္ေတြ ငါတို႔ ဖဲလည္းရႈံးလာတဲ့အတူတူ ဒီ႐ြာက ငါတို႔နဲ႔ထိုက္တန္တာ တစ္ခုခုေတာ့ ယူသြားသင့္တယ္လို႔ ငါထင္တယ္ ”

ညိဳစိုးစကားထဲမွာ အဓိပၸာယ္ေတြပါေနမွန္းသိလိုက္ၾကတာမို႔ ဖိုးေတ က ဝင္ေထာက္လိုက္တယ္

“လူရိပ္လူကဲလည္းၾကည့္ဦး ဒီ႐ြာအေၾကာင္းမင္းပိုသိပါတယ္ ျမင့္သိန္း”

ျမင့္သိန္းလည္း ပတ္ဝန္းက်င္ကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ လူရွင္းေနတာနဲ႔ လူယဥ္ေနတဲ့ ဝက္ေပါက္ေလးကို ေခ်ာ့ေမာ့ၿပီး လွည္းေနာက္က ေခၚလာခဲ့လိုက္တယ္ ၊

ဝက္ကေလးကို ေပြ႕ခ်ီၿပီး လွည္းေပၚတင္သယ္လာလိုက္တာ ဝက္ကေလးကလည္း ၿငိမ္ေနတာပဲ ။

ဒီဝက္ကေလးက အရင္ကလည္း လွည္းေတြဘာေတြလိုက္စီးဖူးတဲ့ပုံမ်ိဳးပဲ ၊ သခင္နဲ႔လည္းရင္းရင္းနီးနီးေနတဲ့ပုံေပၚတယ္ ၊ ေတြ႕တဲ့လူေနာက္ကို လိုက္ရဲတယ္ဆိုေတာ့ လူေမြးထားတာေတာ့ ေသခ်ာေနၿပီ ၊

ဒါေပမယ့္ ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔သုံးေယာက္လည္း ေထြေထြထူးထူးစဥ္းစားမိမေနေတာ့ဘူး.. သူတို႔႐ြာအေရာက္ လွည္းကိုေမာင္းလာခဲ့လိုက္ၾကတယ္ ၊

႐ြာအနားကိုျပန္ေရာက္ေတာ့ သုံးေယာက္သား ညတြင္းခ်င္းပဲ ႐ြာအစပ္နားက အိမ္မွာ ကိုင္စရာေတြေတာင္းၿပီး ဝက္ကေလးကို (ေဖာ္ ၊ သတ္) ကိုင္ၾကေတာ့တာပဲ ၊ ကိုင္လို႔လဲၿပီးေရာ အသားေတြကို သူတို႔စီးလာတဲ့ လွည္းေပၚမွာ ဖက္ခင္းတင္ၿပီး ႐ြာထဲကိုဝင္လာခဲ့ၾကတယ္ ၊

သူတို႔ ဝက္ကိုင္ထားတဲ့ ဓါးေတြ ၊ ေရေႏြးတည္ဖို႔ ဒယ္ေတြ ၊ ပုဆိန္ေတြကို ငွားေပးတဲ့ ႐ြာအစပ္နားက အိမ္အတြက္လည္း ဟင္းစားေပးခဲ့ၾကေသးတယ္ ၊

ဒါေပမယ့္ အဲ့ဒီ့အိမ္က တစ္အိမ္လုံး ဝက္သားေရွာင္ထားတဲ့ကရင္စပ္တဲ့အိမ္မို႔ မယူၾကဘူး သူတို႔ပစၥည္းေတြကိုပဲ ေသခ်ာ ေျပာင္ေအာင္ ျပန္ေဆးေပးခဲ့ပါလို႔ေျပာခဲ့တယ္ ။

ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္း တို႔ေတြလည္း သူတို႔ ဝက္ကိုင္ခဲ့တဲ့ ပစၥည္းေတြကို ေသခ်ာ ျပန္ေဆးေၾကာၿပီးေပးခဲ့လိုက္ၾကတယ္ ။

ညက ၂ခ်က္တီးေလာက္ပဲရွိေသးတယ္.. ဝက္ကလည္း အခ်ိန္ႏွစ္ဆယ္ေလာက္ထြက္တဲ့ဝက္ဆိုေတာ့ မကုန္တာနဲ႔ မိသားစု ေဆြမ်ိဳးနီးစပ္အိမ္ေတြကို လိုက္ေဝေပးလိုက္ၾကတယ္.. ၊

ဒီလိုနဲ႔ ညတစ္ညက ကုန္ဆုံးသြားခဲ့ၿပီ.. ။

နံနင္ခင္းတစ္ခုကို မသာယာေစေအာင္ျပဳလိုက္သူက လမိုင္း႐ြာက ႐ြာသူ မသန္းေအး ၊ အသက္ငါးဆယ္ဝန္းက်င္ရွိတဲ့ မသန္းေအးတစ္ေယာက္ သူေမြးထားတဲ့ ဝက္ကေလးေပ်ာက္လို႔ တစ္႐ြာလုံးကို ပတ္ေသာင္းက်န္းၿပီး လိုက္ရွာေနလိုက္တာ ေဒါင္းေတာက္ေနတာပဲ ။

ရွာလည္းရွာရင္းေျပာလည္းေျပာရင္း ရႈိက္ႀကီးတငင္ငိုေနရွာတယ္

“ အမေလး.. က်ဳပ္သမီးေလး ကိုယ္က်ိဳးနည္းၿပီထင္ပါရဲ႕ ၊ ဝက္ကေလးေတြေပါက္လာကတည္းက သူတစ္ေကာင္ပဲအသက္ရွင္တာနဲ႔ သားသမီးမရွိတဲ့က်ဳပ္မွာေလ.. ဒီဝက္ကေလးကို ကေလးတစ္ေယာက္လို က်ဳပ္ႏို႔တိုက္ၿပီး ေမြးလာတာပါေတာ္ ၊

ခါတိုင္းဆို သမီးေလး အခ်ိန္တန္ရင္ အိမ္ျပန္လာေနက်ပါ မေန႔က တစ္ေနကုန္ေပ်ာက္ေနတာ ဒီမနက္အထိျပန္မလာဘူး.. ေသခ်ာေနပါၿပီ က်ဳပ္သမီးေလးတစ္ခုခုျဖစ္ၿပီထင္တယ္ အဟီး.. ”

တျဖည္းျဖည္း တစ္႐ြာလုံးလည္းအႏွံ႔ေမးၿပီးေရာ.. သူ႔ဝက္ကေလး႐ြာထဲမွာ မရွိေတာ့တာေသခ်ာၿပီဆိုတာသိလိုက္တဲ့အတြက္ မသန္းေအး ေဒါသပိုထြက္သြားမိတယ္ ။

မသန္းေအး ဆိုတာ ႐ြာထဲမွာ ဆယ္ႏွစ္ႀကိဳးလို႔ေတာင္ အမ်ားက သတ္မွတ္ထားၾကတဲ့သူတစ္ေယာက္ မသန္းေအး နဲ႔ ပတ္သတ္တဲ့အရာမွန္သမွ် တစ္႐ြာလုံးကေရွာင္ၾကတယ္ ၊ ေၾကာက္ၾကတယ္ ၊

အခု တစ္႐ြာသားေတြက မသန္းေအးရဲ႕ ဝက္ကေလးကို ခိုးသြားတဲ့ကိစၥျဖစ္ခဲ့ၿပီ ၊ လမိုင္း႐ြာတစ္႐ြာလုံးကလည္း ဒီတစ္ခါ ပြဲႀကီးပြဲေကာင္းပဲဆိုၿပီး မသန္းေအး ဘယ္လိုတုန႔္ျပန္မယ္ဆိုတာကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနမိၾကတယ္ ။

ရက္ပိုင္းေလာက္ေတာ့ မသန္းေအး ဘာမွလႈပ္ရွားတာမေတြကရဘူး..ပတ္ဝန္းက်င္ကျပန္သိထားၾကတာေတာ့ မသန္းေအး က စိတ္နာေဒါသႀကီးလြန္းလို႔ ကိုယ္တိုင္လုပ္ရင္ ခံရတဲ့သူ သိပ္မခံရမွာစိုးလို႔ဆိုၿပီး သူကဆရာကိုပင့္ထားတယ္လို႔ေျပာၾကတယ္ ။

ဒီသတင္းေတြကလည္း အမွန္ပါပဲ ရက္ပိုင္းေလာက္အၾကာမွာ မသန္းေအးရဲ႕ ဆရာဆိုတဲ့သူ မသန္းေအးဆီကို ေရာက္လာခဲ့တယ္ ၊ မသန္းေအးရဲ႕ဆရာ ႐ုပ္နဲ႔တင္အေတာ္ေၾကာက္စရာေကာင္းလွေနၿပီ ညဘက္မ်ားျမင္လိုက္လို႔ကေတာ့ လူလို႔ကို ထင္ရက္စရာမရွိဘူး..။

အေတာ္ေလး ေဝးေဝးတစ္ေနရာကေန ႂကြလာတယ္လို႔ေျပာတဲ့ မသန္းေအးရဲ႕ဆရာက “ ဟဲ့ သမီး.. အခ်ိန္အခါလည္းသင့္ၿပီ…ညေနေစာင္းေနဝင္ရီတေရာအခ်ိန္ကြဲ႕ သမီး ဝက္ကေလးကို အဆာေကြၽးေနက် အစာခြက္ကေလး အဘကိုေပးစမ္း ” ဆိုၿပီး ေတာင္းလိုက္ေတာ့ မသန္းေအး က ကမ္းေပးလိုက္တယ္ ။

ဆက္ၿပီးေတာ့ ဆရာက သူ႔လက္ထဲက ဝက္အစာခြက္ကေလးကိုကိုင္ၿပီး ဂါထာေတြကိုဆက္တိုက္႐ြတ္ေနရင္းလက္ထဲကေန ခြက္ကို လႊတ္ခ်လိုက္တယ္.. ၊

ထူးျခားတာက ခြက္က လက္ထဲက လႊတ္ခ်လိုက္ေပမယ့္ ေျမႀကီးေပၚျပဳတ္က်မသြားဘဲ ေလေပၚကိုတက္သြားၿပီးေတာ့ ပ်ံတတ္သြားတယ္..

ဘယ္ေလာက္ေဝးေဝးသြားတယ္မသိဘူး.. တစ္ဖက္႐ြာျဖစ္တဲ့ ကြၽဲတြင္း ႐ြာ မွာရွိတဲ့ ဝက္သားစားမိတဲ့သူေတြရဲ႕ အိမ္ေရွ႕ေတြမွာ ခုန္ဆြ ခုန္ဆြနဲ႔ တစ္အိမ္ၿပီးတစ္အိမ္ အဲ့ဒီ့ခြက္က အိမ္ေရွ႕တည့္တည့္မွာ က်လာပါေလေရာ..၊

ကြၽဲတြင္း႐ြာသားေတြလည္းအကုန္ အံ့ၾသေနမိၾကတယ္ ၊

မၾကာပါဘူး…ခြက္ကေလး က်က်သြားခဲ့တဲ့ အိမ္ေတြထဲက အိမ္သားေတြထဲမွာမွ မသန္းေအးရဲ႕ ဝက္ကေလးအသားကို သိသိမသိသိ စားခဲ့တဲ့သူေတြ အကုန္ ခ်က္ခ်င္း ဝမ္းေတြၿပိဳင္ ေလ်ာၿပီး ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္းတို႔အပါအဝင္ တစ္ေယာက္ၿပီးတစ္ေယာက္ ေန႔မကူးခင္မွာပဲ ေသကုန္ၾကတယ္၊

အေလာင္းေတြဆိုတာ ကြၽဲတြင္း႐ြာမွာ တန္းစီေနတာပဲျမင္မေကာင္းရႈမေကာင္းေအာင္ျဖစ္လို႔ ၊ ျမန္မာေတြအက်င့္ကလည္း ကိုယ္စားရရင္ ကိုယ့္မိသားစိုကိုပါေကြၽးခ်င္ၾကတယ္ေလ….

အခုေတာ့ အေကြၽးေကာင္းလို႔ အေလာင္းေတြ ပုံေနတဲ့အထိပါပဲ ၊ စားေကာင္းမွန္းမသိ ၊ မစားေကာင္းမွန္းမသိ ၊ အလကားရတာေလးမို႔ စားမိတဲ့သူေတြလည္း ဘုမသိဘမသိနဲ႔ ကိစၥေခ်ာကုန္လိုက္တာ..

ကြၽဲတြင္းတစ္႐ြာလုံး တစ္ရက္တည္းနဲ႔ လုံးပါးပါးကုန္ေတာ့တာပဲ ။

ဝက္ကိုဦးေဆာင္ၿပီး သတ္ခဲ့ၾကတဲ့ ဖိုးေတ ၊ ညိဳစိုး ၊ ျမင့္သိန္းတို႔ေတြလည္း မိသားစုလိုက္ ေသကုန္ၾကတယ္

ထူးျခားတာက သူတို႔ထဲက ညိဳစိုးရဲ႕ လူမမယ္အ႐ြယ္ ေလးႏွစ္သားကေလးေလး တစ္ေယာက္ပဲ အသက္ရွင္တယ္ ကေလးက ဝက္သားမစားလိုက္လို႔ထင္ပါတယ္ ၊

ကြၽဲတြင္း႐ြာသူႀကီးကေတာ့ ဝမ္းေရာဂါျဖစ္တယ္ထင္ၿပီးေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ႐ြာေျပာင္းေျပးဖို႔စီစဥ္ေနျပန္တယ္ ၊

အဲ့ဒီ့အခ်ိန္မွာပဲ ဝက္ပိုင္ရွင္ မသန္းေအး ကြၽဲတြင္း႐ြာသတင္းကိုၾကားၿပီးေရာက္လာခဲ့တယ္.. မသန္းေအး ႐ြာကိုေရာက္ေတာ့ တစ္႐ြာလုံးျဖစ္ပ်က္ေနတာေတြကိုၾကည့္ရင္း အားရပါးရရယ္ေမာလိုက္ရင္း.

“ဟား..ဟား.. ဟား.. မွတ္ထား အဲ့ဒါ ငါ့သမီးေလးကို ငါမသိတုန္းခိုးသြားၿပီး သတ္စားလို႔ မေက်နပ္လို႔ လုပ္တာ ….

ငါလုပ္တာကို မေက်နပ္တဲ့ေကာင္ရွိရင္ ငါနဲ႔အခုလာရွင္းလို႔ရတယ္ ဟား.. ” ဆိုၿပီးေျပာလာတယ္… ၊

မသန္းေအး စိန္ေခၚသြားေပမယ့္ ကြၽဲတြင္း႐ြာကလူေတြကေတာ့ တစ္ေယာက္မွ အသံမထြက္ရဲၾကဘူး ၊ျဖစ္စဥ္အရဆို မသန္းေအးက မွန္ေနတာကို…. ။

႐ြာကေတာ့ နာေရးကိစၥေတြနဲ႔ ေတာ္ေတာ္ေလး အလုပ္ရႈပ္သြားၾကတယ္.. ၊ ႐ြာတစ္ဝက္နီးပါးေလာက္လည္း ေလ်ာ့သြားၾကတယ္ ။

ႏွစ္ေပါင္းေတြအလီလီၾကာေတာ့ ဒီဇာတ္လမ္းေလးက ပုံျပင္လိုလို ဇာတ္လမ္းလိုလိုနဲ႔ ေျပာစမွတ္တြင္က်န္ေနရစ္ခဲ့တယ္.. ၊

ကြၽဲတြင္း႐ြာမွာလည္း ကေလးတိုင္းခ်စ္တဲ့ ပုံျပင္ေတြ ေျပာျပတတ္တဲ့ အဘိုးႀကီးတစ္ေယာက္ရွိေသးတယ္

အဲ့ဒီအဘိုးႀကီကလည္း ဒီပုံျပင္ဇာတ္လမ္းေလးကို ခဏခဏေျပာေျပာေနတတ္တယ္ ၊

သူေျပာတဲ့အႀကိမ္ေရ ဘယ္ေလာက္မ်ားပါေစ ကေလးေတြကလည္း လမိုင္း႐ြာအေၾကာင္း ပညာသည္ေတြရဲ႕ ကလဲ့စားေခ်တဲ့ ျဖစ္ရပ္မွန္ဇာတ္လမ္းဆိုရင္ မ်က္ေတာင္မခတ္တမ္းကို နားေထာင္ေနတတ္ၾကတယ္ေလ ၊

အဲ့ဒီအဘိုးႀကီးကိုယ္တိုင္ကလည္း ဒီဇာတ္လမ္းထဲမွာ ပါဝင္ခဲ့တဲ့ တစ္ခ်ိန္က အသက္ရွင္က်န္ခဲ့သူ ဦးညိဳစိုး ရဲ႕ ေလးႏွစ္သားအ႐ြယ္ ကေလးေလးဆိုတာကို ဒီျဖစ္ရပ္မွန္ဇာတ္လမ္းေလးကို နားေထာင္ေနၾကတဲ့သူေတြ သိပါရဲ႕သလား..။

မိုးေစြ

(Unicode)

တရွာလုံးနီးပါး အောက်လမ်းပညာသည်တွေ ဖြစ်နေကြတဲ့ မြန်မာပြည် အထက်ပိုင်းက လမိုင်းရွာ (ဖြစ်ရပ်မှန်)

မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နယ်မြို့လေးတွေက ရွာငယ်လေးတွေတိုင်းမှာ တစ်ရွာတစ်ပုဒ်ဆန်းဆိုတဲ့ ဇာတ်လမ်းလေးတွေ ၊ ပရလောကဖြစ်ရပ်ဆန်းလေးတွေကတော့ ရှိတတ်ကြပါတယ် ၊

အဲ့လိုမျိုးဆန်းကျယ်တဲ့အဖြစ်အပျက် ၊ နှောင်းလူတွေ.. ကလေးငယ်တွေအထိ လက်ဆင့်ကမ်းပြီး အိပ်ယာဝင်ပုံပြင်ဆန်ဆန်ကျောရိုးယူပြီးပြောစမှတ်တွင်လောက်တဲ့ ချောက်ချောက်ချားချား ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတွေဆိုတာလည်း မနည်းမနောပါပဲ၊

ဒီလိုဇာတ်လမ်းလေးတွေကိုဖြစ်ခဲ့ ကြုံခဲ့ဖူးကြတဲ့ သူတွေဆိုတာလည်း တစ်ချို့က ကွယ်လွန်သွားကြသလို ၊ ဟိုးရှေးလူတွေလည်းဖြစ်နိုင်ပါတယ် ၊ တစ်ချို့က အခုထိ သက်ရှိထင်ရှားရှိပြီး

လက်ဆုပ်လက်ကိုင်သက်သေနဲ့တကွ တိတိကျကျပြောပြနိုင်တဲ့အထိ ရှိနေဆဲဖြစ်တဲ့ ပုဂ္ဂိုလ် ၊ နေရာတွေလည်း ရှိနေတုန်းပါပဲ ၊ အဲ့ဒီလို ပြောပြနိုင်ဆဲဖြစ်တဲ့ ရွာလေးတွေထဲမှာ ရွာလေးတစ်ရွာကလည်း အပါအဝင်ပေါ့… ၊

ရွာကလေးရဲ့နာမည်ကိုက ဆန်းနေတာ လမိုင်းရွာ တဲ့ ။

လမိုင်းဆိုတဲ့ ရွာကလေးက ဒေသအခြေအနေအရ တောဆန်ပြီးတော့ လုံးဝနီးပါး မဖွံ့ဖြိုးသေးတဲ့ ရွာကလေးတစ်ရွာပါပဲ ၊

လမိုင်းရွာဆိုတာလည်း ကွင်းပြင်ကျယ်ကြီးထဲမှာ တည်ထားတဲ့ ရွာသေးသေးလေးတစ်ခုပေါ့ ၊

ရွာနာမည်ကလည်း ရွာစတည်ကတည်းကပေးထားတဲ့နာမည်လေးပါ ၊ ရွာကလေးရဲ့ထူးခြားချက်တွေထဲက တစ်ခုက လမိုင်းရွာတစ်ရွာလုံးက လောင်းကစားကို ခုံမင်ကြတာပါပဲ ၊

တစ်ရွာလုံးက လောင်းကစားနဲ့ပတ်သတ်ရင်လူညီပြီးသား ၊ လောင်းကစားထဲမှာမှ ဖဲရိုက်တဲ့ဘက်မှာ ပိုအားသန်ကြတဲ့သူတွေ ၊ အလှူမင်္ဂလာဆောင် ၊ ဘုန်းကြီးဆွမ်းကပ် ၊ ကုန်ကုန်ပြောရရင် ကလေး ကင်ပွန်းတပ်ပါ မကျန် ဖဲဝိုင်းအမြဲရှိတယ် ၊

မိန်းမဝိုင်း ၊ ယောကျာ်းဝိုင်း ၊ ကလေးဝိုင်း ဝိုင်းကလည်း ဘာစုံသလည်းမမေးနဲ့ ၊ ဒီနေ့ဒီအချိန်အထိလည်း ဆော့နေကြတုန်းပဲ ၊

ဒါပေမယ့် နယ်မြေ ဖွံ့ဖြိုးလာလို့ထင်တယ် ဟိုးအရင်ကလောက်တော့ မရဲကြတော့ဘူး ၊

သူတို့ရွာမှာ လူတစ်ယောက် သေပြီဆို သိပ်ပျော်ကြတာ ၊ ဘေးနားကရွာတွေကဆိုရင် တစ်ခုခုအချင်းချင်း စနောက်ကြတဲ့အခါ တွင်တွင်ပြောလေ့ရှိတာတစ်ခုရှိသေးတယ်

ဘာတဲ့ “မင်းသေရင် လမိုင်းသွားပို့မယ် အနည်းဆုံးတော့ ဆိုင်ကယ်တစ်စီးလောက်တော့ စီးလို့ရမှာသေချာတယ် ” လို့ ပြောလေ့ရှိကြတယ် ၊

ဆိုလိုတာက ဒီမသာ (အသုဘ)ကို အမှီပြုပြီး ဖဲရိုက်ရင်းက ငွေတွေနိုင်ပြီး ဆိုင်ကယ်တောင်စီးနိုင်တဲ့အထိလို့ပြောချင်တာ ၊

ဟုတ်လည်းဟုတ်တာပဲလေ လမိုင်းရွာက ရွာသာငယ်တာ သူတို့ရွာမှာ ဖဲဝိုင်းဆိုတာ ပြတ်တယ်လို့ကိုမရှိတော့ အနီးအနားပတ်ပတ်လည်မှာရှိတဲ့ ရွာတွေဆီက ဖဲ ၊လောင်းကစား ဝါးသနာအိုးတွေနဲ့ လမိုင်းရွာက စည်ကားနေဆဲပဲ ၊

အသုဘဆိုရင် အလောင်းကို အရိုးကျတဲ့အထိထားပြီး ဖဲရိုက်ကြတဲ့ရွာ အဲ့လောက်အထိခုံမင်ကြတာ ၊ နောက်ပြီးအဲ့ဒီရွာက ရွာခံတွေက စရိုက်နည်းနည်းကြမ်းကြသေးတယ် ၊ ရွာမှာ ပညာသည်တွေလည်း အရမ်းပေါများကြတယ် ၊

လမိုင်းရွာသူလေးတွေဆိုတာလည်း မြို့ကမင်းသမီးရှုံ့လောက်တဲ့အထိ ချောလှကြတဲ့သူတွေ ၊ ဒါပေမယ့် အဲ့ဒီ့ ရွာသူလေးတွေကို တစ်ခြားရွာက ကာလသားတွေ ပိုးပန်းဖို့ နေနေသာသာ မျက်လုံးနဲ့တောင် စိုက်မကြည့်ရဲ့ကြဘူး ၊

ပညာသည်ပေါများတဲ့ရွာမို့လို့ ကြောက်ကြတယ် ၊

တစ်ရွာနဲ့တစ်ရွာအသွားအလာလုပ်ရင်လည်း အခုခေတ်ဆို ဆိုင်ကယ်တွေကို တွင်တွင်ကျယ်ကျယ် သုံးလာပြီဆိုပေမယ့် အရင်ဆို ထုံးစံအတိုင်း လှည်းကိုပဲ အဓိကထား သုံးကြရတာလေ ။

တစ်နေ့ လမိုင်းရွာမှာ အသုဘ ရှိတယ်ဆိုတဲ့အသံကိုကြားလို့ လမိုင်းရွာအနီးအနားမှာရှိတဲ့ ကျွဲတွင်း ရွာက ဖဲဝါသနာအိုး သုံးယောက်ဖြစ်တဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေက လမိုင်းရွာကို ချီတတ်လာဖို့ ပြင်နေကြပြီ ၊

ကျွဲတွင်းရွာဆိုတာ လမိုင်းရွာနဲ့ ကပ်လျက်ဆိုပေမယ့် တစ်ရွာနဲ့တစ်ရွာကြားမှာ မျက်စိတစ်ဆုံး ကြည့်မကုန်နိုင်တဲ့ လယ်ကွင်းကျယ်ကြီးတွေက ခြားထားသေးတယ် ၊

အနည်းဆုံး တစ်ရွာနဲ့တစ်ရွာအကွာအဝေး နှစ်မိုင်ကျော်ကျော်လောက်တော့ ရှိလိမ့်မယ် ၊ ဒီလိုနဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့ သုံးယောက်သား နွားလှည်းလေးနဲ့ လမိုင်းရွာဆီကို လှမ်းလာခဲ့ကြတယ် ၊

ဖဲကစားချင်ဇောနဲ့မို့ စိတ်တွေလည်းလောနေကြတယ် ၊ တစ်ယောက်နဲ့တစ်ယောက်လည်း ဘယ်လိုကစားမယ်ဆိုတဲ့အကြောင်းတွေ ၊ အရင်တုန်းက ဘယ်လောက်ထိနိုင်ခဲ့ဖူးတယ် ၊

ဘယ်လိုမျိုးပွဲတွေမှာ ဆန်းဆန်းပြားပြားဖြစ်တာကြုံဖူးတယ်ဆိုတာတွေကို အချင်းချင်း ရေပတ်မလည်အောင် လမ်းတစ်လျှောက်မှာပြောလာရင်းကနေ လမိုင်းရွာကို ရောက်လာခဲ့ကြတယ် ၊

ရွာအဝင်မှာသူတို့ကို ကြိုဆိုနေတဲ့ ရွာအဝင်လမ်းဘေးနားက ထန်းပင်ရှည်ကြီးတွေနဲ့ တဲအိမ်ပုပုလေးတွေကို ရင်ခုန်စွာနဲ့ကြည့်လိုက်ရင်း ညိုစိုး က “ ဟေ့ယောင်တွေ မင်းတို့အသိဆိုတဲ့အိမ်က ရွာဘယ်နေရာနားလောက်မှာလဲ ” လို့ မေးလိုက်တယ် ၊

ညိုစိုးအမေးကို ချက်ချင်းဆိုသလို မြင့်သိန်း က ထဖြေလိုက်တယ် “ဒီလမ်းအတိုင်းရှေ့နည်းနည်းဆက်သွား ဟေ့ာဟိုမှာတွေလား အေး.. အဲ့ဒီအိမ်ဘေးနားက လမ်းအတိုင်းဆက်ဝင်လိုက် တစ်အိမ် ၊ နှစ်အိမ် ၊ သုံးအိမ်မြောက် အိမ်ရှေ့မှာ ဒန်းပင်လေးစိုက်ထားတဲ့အိမ်ပဲကွ

အေး.. အဲ့ဒီအိမ်ရှေ့မှာရပ်လိုက်တော့ ” မြင့်သန်းက ညိုစိုးအမေးကိုဖြေလိုက်ရင်း နွားလှည်းမောင်းနေတဲ့ ဖိုးတေ ကိုလည်း လမ်းသေချာညွှန်ပြလိုက်သေးတယ်။

မြင့်သန်းပြောတဲ့အိမ်ရောက်တော့ သူတို့တွေ လှဲပေါ်ကဆင်းလိုက်ကြပြီးအိမ်ထဲကို ဝင်သွားလိုက်ကြတယ် ၊

အိမ်ရှင်တွေက ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့ကို မြင်တော့ အားရဝမ်းသာကြိုဆို နှုတ်ခွန်းဆက်သသေးတယ် ၊ အဲ့ဒီ့အခါမှ မြင့်သန်းက အိမ်ရှင်တွေထဲက သူ့အသိဆိုတဲ့ အရီးလေးတစ်ယောက်ကိုစကားလှမ်းပြောလိုက်တယ်

“အရီးလေးကြိုင် ကျုပ်တို့ ဒီရွာမှာ နာရေးတစ်ခုရှိတယ်ကြားထားလို့ အပျင်းပြေ ဖဲလာကစားတာပါ အရီးလေး ” အဲ့လိုလည်းပြောလိုက်ရော တစ်ဖက်က အရီးလေးက

“ အေးကွယ် ရွာအနောက်ဘက်နားကအိမ်မှာရှိတာလေ၊ စည်တာမှပြောမနေနဲ့ ငါတို့ရွာအကြောင်းလည်းနင်သိသားပဲ ကဲကိုယ်တော်တွေ သွားမယ်ဆိုလည်း မြန်မြန်သွားပြီးမြန်မြန်ပြန်လာကြ ၊

ငါ့တူတွေ နောက်ကျနေရင် မှောင်ပြီးတော့ ရွာအပြန်ခတ်နေမယ်ကွယ်”

အရီးလေးကြိုင် စကားကြောင့် ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်သား ငွေစက္ကူအပြည့် ထည့်လာတဲ့ ဘေးသိုင်းလွယ်အိတ်တွေကို သိုင်းလွယ်လိုက်ရင်း သူတို့စီးလာတဲ့နွားတွေကို ကြိုးဖြည်ပေး ၊ ရေတိုက် ၊ အစာကျွေးလုပ်ရင်း အရီးလေးအိမ်မှာ ဒေါက်ထောက်ထားတဲ့ လှည်းကလေးကိုပါ ထားခဲ့လိုက်ပြီး ဖဲဝိုင်းဆီကို အရမ်း တက်ကြွနေတဲ့ ခြေလှမ်းတွေနဲ့ အတူတူသွားဖို့ ပြင်နေကြတုန်း ၊ အိမ်ဝိုင်းထဲကို ဝင်လာတဲ့ လူတစ်ယောက်နဲ့ ဆုံပါလေရော..

အဲ့ဒီ့လူကလည်း မြင့်သိန်းကိုမြင်တာနဲ့ ရင်းရင်းနီးနီးပုခုံးကိုဖက်ထားပြီး စကားတွေပြောရင်း ရွာထဲက တစ်နေရာဆီကို ဦးတည်ပြီးခေါ်သွားပါလေရော ၊ ဟိုနေရာရောက်တော့မှ ရွာထဲက အရက်ပုန်းဆိုင်ဖြစ်နေတာကိုသိလိုက်ရတယ်..

ခေါ်လာတဲ့သူကလည်း မြင့်သိန်းနဲကရင်းနီးတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်နေပြန်တော့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်း အားနာပါးနာနဲ့ လိုက်ပြီးအရက်သောက်ဖြစ်ခဲ့ကြသေးတယ် ၊

အရက်သောက်ပြီးတော့မှ ရွာထဲက အသုဘအိမ် ဖဲဝိုင်းဆီကို ဦးတည်ပြီးထွက်သွားဖြစ်ကြတယ် ။

နာရေးအိမ် ရောက်တော့ အိမ်တွင်းအိမ်ပြင်မှ လူတွေ ပြည့်လျှံနေတာကိုမြင်လိုက်ရတယ် ၊ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်း ဖဲဝိုင်းတွေကိုလိုက်ကြည့်ပြီး

ဝိုင်းချောင်တဲ့ ဖဲဝိုင်းထဲမှာ ဝင်ထိုင်လိုက်ကြရင်း အိမ်ကနေ မရှိရှိ ရှိတာလေးတွေအကုန်သယ်လာတာလေးနဲ့ ဝင်ကစားဖြစ်ကြတယ် ၊

ကံကပဲဆိုးနေတာလားတော့မသိဘူး တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်ကို သုံးယောက်လုံး ရှုံးနေကြရော ၊ အရက်ကလေးကလည်းအရှိန်တက်လာတော့ ရှုံးလေ ပိုပြီး ငွေထိုးလေနဲ့ သိပ်မကြာလိုက်ပါဘူး

သုံးယောက်သား ပါသမျှအကုန်ကုန်သွားပါလေရော..၊ အလာတုန်းက လွယ်လာတဲ့ လွယ်အိတ် ဖောင်းဖောင်းလေးတွေကလည်း ပြားကပ်လို့ ၊ ထပ်ဆော့ချင်သေးပေမယ့် လောင်းစရာငွေကြေးတစ်ပြားတောင် မရှိတော့တာမို့ သုံးယောက်လုံးလက်လျော့ပြီး ထပြန်လာလိုက်ကြတယ် ။

ဒီ လမိုင်းရွာမှာက ဖဲဝိုင်းတွေ ၊လောင်းကစာဝိုင်းတွေ ဘယ်လောက်များများ ၊ ရန်ဖြစ်တာ ၊ ခိုးတာ ၊ ဝှက်တာ ၊ ကလိန်ကကျစ်ကျတာတွေ မရှိကြဘူး ၊

ဘာလို့လဲဆိုတော့ သူတို့ရွာစည်းကမ်းကိုက လမိုင်းရွာမှာ ဘယ်သူမှ မခိုးရဘူး ၊ ကလိန်ကကျစ်မကျရဘူး ၊ တကယ်လို့လုပ်ချင်လည်းလုပ်ခွင့်ပေးထားတယ် သူတို့မသိအောင်လုပ်ပေါ့လေ… ၊

သိသွားရင်တော့ လုပ်တဲ့သူအတွက် မတွေးဝံ့စရာဘဲ ၊ အိမ်ကိုအသက်ပြန်ပါသွားမယ်မထင်လေနဲ့ ၊ တစ်ရွာလုံးနီးပါးက (စုန်း၊အောက်လမ်း)ပညာသည်တွေလေ ။

ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်သား လမိုင်းရွာကနေ ဖဲရှုံးပြီး စိတ်ပျက်လက်ပျက်နဲ့ နွားလှည်းထားထားတဲ့အိမ်ကိုသွား နွားလှည်းလေးယူ ၊ အိမ်ရှင်တွေကိုနှုတ်ဆက်ပြီး ကိုယ့်ရွာကိုယ်ပြန်ဖို့ပြင်လိုက်ကြတယ် ၊

အချိန်က ညတောင်ရောက်နေပြီ ၊ ဒီနေ့ညများဖဲနိုင်လိုက်ရင် ဒီရွာမှာပဲ တစ်ညလုံးမူးအောင်သောက်ပြီး မနက်မှ ပြန်မယ်စိတ်ကူးထားတာ အခုတော့ အရှုံးသမားတွေရဲ့ အိမ်အပြန်လမ်းက တိတ်ဆိတ်လို့ ။

လရောင်က ညအမှောင်ကို တိုးမပေါက်သလို ဝါးတားတားလေးနဲ့..

လှည်းမောင်းသူကအလာတုန်းကလိုပဲ ဖိုးတေ ၊ ကျန်တဲ့နှစ်ယောက် ညိုစိုး ၊ မြင့်သိန်း တို့က လှည်းအနောက်မှာ ပတ်လက်ကလေး မိုးကောင်းကင်မဲမဲကြီးကိုကြည့်ရင်း လိုက်ပါလာကြတယ် ၊

သူတို့သုံးယောက်သားလှည်းကလေး တအိအိနဲ့မောင်းလာလိုက်တာ လမိုင်းရွာထဲကတောင် ထွက်စပြုနေပြီ ၊

ရွာအထွက် လယ်ကွင်းအစပ်လေးအနားရောက်တော့ သူတို့လှည်းအနောက်က ထူးဆန်းတဲ့ အသံတစ်သံကို ကြားလိုက်ရတယ် ။

လူတွေက ညစ်နေကြတဲ့အထဲ လမိုင်းရွာက သူငယ်ချင်းထည့်ပေးလိုက်တဲ့ မီးတောက်အရက်ပုလင်းနှလုံးကအစစ်ပါလာသေးတယ်လေ ၊

ရုတ်တရက် လှည်းအနောက်က အသံကြားရတော့ အံ့သြသွားပြီး သုံးယောက်သား လှည်းကိုခဏရပ်လိုက်ရင်း အသံကြားတဲ့နေရာကို လိုက်ရှာကြည့်နေမိတယ် ၊

အသံက သူတို့အနောက်ဘက်မှာကျန်ခဲ့တဲ့ လမိုင်းရွာအထွက်နားလေးမှာရှိတဲ့ ခြုံထဲကနေ ကြားနေရတဲ့အသံ ၊

ခြုံကလေးကလည်းလှုပ်လှုပ် လှုပ်လှုပ်နဲ့ အားလုံး ခြုံနေရာကို သေချာ စိုက်ကြည့်နေမိတုန်း ခြုံထဲကနေ ဝုန်းဆို ဝက်ကလေးသေးသေးလေးတစ်ကောက် ခုန်ထွက်လာတာကို တွေ့လိုက်ရတယ် ၊

လရောင်မှိန်ပြပြဆိုပေမယ့် ဝက်ကလေးကိုတော့ သဲသဲကွဲကွဲမြင်နိုင်သေးတယ်လေ ။

ဝက်ကလေးမို့ သူတို့အာရုံတွေကို ပြန်လွှဲလိုက်ရင်း ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့လည်း လှည်းကိုဆက်မောင်းလိုက်ကြတော့ ဝက်ကလေးကတော့ အန္တရယ်ကိုမြင်ပုံမရဘူး.. တအိအိသွားနေတဲ့ သူတို့လှည်းလေးနောက်ကို ပြေးလိုက်လာပါလေရော ၊

ဝက်ကလေးဆိုပေမယ့် ဝက်ပေါက်တစ်ကောင်ပါ ၊ လူအရမ်းယှဉ်နေတယ် ၊ ဝက်ပေါက်လေးက အချိန်နှစ်ဆယ်လောက်တော့ထွက်မယ့်ပုံရှိတယ် ၊

ဘယ်သူဘယ်ဝါပိုင်တဲ့ ဝက်မှန်းလည်းသူတို့မသိဘူး ၊ လူအရမ်းယဉ်နေတာနဲ့ သူတို့တွေ ချော့ခေါ်သွားကြဖို့ ဆုံးဖြတ်လိုက်ကြတယ် ။

“ ဟေ့ယောင်တွေ ငါတို့ ဖဲလည်းရှုံးလာတဲ့အတူတူ ဒီရွာက ငါတို့နဲ့ထိုက်တန်တာ တစ်ခုခုတော့ ယူသွားသင့်တယ်လို့ ငါထင်တယ် ”

ညိုစိုးစကားထဲမှာ အဓိပ္ပာယ်တွေပါနေမှန်းသိလိုက်ကြတာမို့ ဖိုးတေ က ဝင်ထောက်လိုက်တယ်

“လူရိပ်လူကဲလည်းကြည့်ဦး ဒီရွာအကြောင်းမင်းပိုသိပါတယ် မြင့်သိန်း”

မြင့်သိန်းလည်း ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ လူရှင်းနေတာနဲ့ လူယဉ်နေတဲ့ ဝက်ပေါက်လေးကို ချော့မော့ပြီး လှည်းနောက်က ခေါ်လာခဲ့လိုက်တယ် ၊

ဝက်ကလေးကို ပွေ့ချီပြီး လှည်းပေါ်တင်သယ်လာလိုက်တာ ဝက်ကလေးကလည်း ငြိမ်နေတာပဲ ။

ဒီဝက်ကလေးက အရင်ကလည်း လှည်းတွေဘာတွေလိုက်စီးဖူးတဲ့ပုံမျိုးပဲ ၊ သခင်နဲ့လည်းရင်းရင်းနီးနီးနေတဲ့ပုံပေါ်တယ် ၊ တွေ့တဲ့လူနောက်ကို လိုက်ရဲတယ်ဆိုတော့ လူမွေးထားတာတော့ သေချာနေပြီ ၊

ဒါပေမယ့် ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့သုံးယောက်လည်း ထွေထွေထူးထူးစဉ်းစားမိမနေတော့ဘူး.. သူတို့ရွာအရောက် လှည်းကိုမောင်းလာခဲ့လိုက်ကြတယ် ၊

ရွာအနားကိုပြန်ရောက်တော့ သုံးယောက်သား ညတွင်းချင်းပဲ ရွာအစပ်နားက အိမ်မှာ ကိုင်စရာတွေတောင်းပြီး ဝက်ကလေးကို (ဖော် ၊ သတ်) ကိုင်ကြတော့တာပဲ ၊ ကိုင်လို့လဲပြီးရော အသားတွေကို သူတို့စီးလာတဲ့ လှည်းပေါ်မှာ ဖက်ခင်းတင်ပြီး ရွာထဲကိုဝင်လာခဲ့ကြတယ် ၊

သူတို့ ဝက်ကိုင်ထားတဲ့ ဓါးတွေ ၊ ရေနွေးတည်ဖို့ ဒယ်တွေ ၊ ပုဆိန်တွေကို ငှားပေးတဲ့ ရွာအစပ်နားက အိမ်အတွက်လည်း ဟင်းစားပေးခဲ့ကြသေးတယ် ၊

ဒါပေမယ့် အဲ့ဒီ့အိမ်က တစ်အိမ်လုံး ဝက်သားရှောင်ထားတဲ့ကရင်စပ်တဲ့အိမ်မို့ မယူကြဘူး သူတို့ပစ္စည်းတွေကိုပဲ သေချာ ပြောင်အောင် ပြန်ဆေးပေးခဲ့ပါလို့ပြောခဲ့တယ် ။

ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်း တို့တွေလည်း သူတို့ ဝက်ကိုင်ခဲ့တဲ့ ပစ္စည်းတွေကို သေချာ ပြန်ဆေးကြောပြီးပေးခဲ့လိုက်ကြတယ် ။

ညက ၂ချက်တီးလောက်ပဲရှိသေးတယ်.. ဝက်ကလည်း အချိန်နှစ်ဆယ်လောက်ထွက်တဲ့ဝက်ဆိုတော့ မကုန်တာနဲ့ မိသားစု ဆွေမျိုးနီးစပ်အိမ်တွေကို လိုက်ဝေပေးလိုက်ကြတယ်.. ၊

ဒီလိုနဲ့ ညတစ်ညက ကုန်ဆုံးသွားခဲ့ပြီ.. ။

နံနင်ခင်းတစ်ခုကို မသာယာစေအောင်ပြုလိုက်သူက လမိုင်းရွာက ရွာသူ မသန်းအေး ၊ အသက်ငါးဆယ်ဝန်းကျင်ရှိတဲ့ မသန်းအေးတစ်ယောက် သူမွေးထားတဲ့ ဝက်ကလေးပျောက်လို့ တစ်ရွာလုံးကို ပတ်သောင်းကျန်းပြီး လိုက်ရှာနေလိုက်တာ ဒေါင်းတောက်နေတာပဲ ။

ရှာလည်းရှာရင်းပြောလည်းပြောရင်း ရှိုက်ကြီးတငင်ငိုနေရှာတယ်

“ အမလေး.. ကျုပ်သမီးလေး ကိုယ်ကျိုးနည်းပြီထင်ပါရဲ့ ၊ ဝက်ကလေးတွေပေါက်လာကတည်းက သူတစ်ကောင်ပဲအသက်ရှင်တာနဲ့ သားသမီးမရှိတဲ့ကျုပ်မှာလေ.. ဒီဝက်ကလေးကို ကလေးတစ်ယောက်လို ကျုပ်နို့တိုက်ပြီး မွေးလာတာပါတော် ၊

ခါတိုင်းဆို သမီးလေး အချိန်တန်ရင် အိမ်ပြန်လာနေကျပါ မနေ့က တစ်နေကုန်ပျောက်နေတာ ဒီမနက်အထိပြန်မလာဘူး.. သေချာနေပါပြီ ကျုပ်သမီးလေးတစ်ခုခုဖြစ်ပြီထင်တယ် အဟီး.. ”

တဖြည်းဖြည်း တစ်ရွာလုံးလည်းအနှံ့မေးပြီးရော.. သူ့ဝက်ကလေးရွာထဲမှာ မရှိတော့တာသေချာပြီဆိုတာသိလိုက်တဲ့အတွက် မသန်းအေး ဒေါသပိုထွက်သွားမိတယ် ။

မသန်းအေး ဆိုတာ ရွာထဲမှာ ဆယ်နှစ်ကြိုးလို့တောင် အများက သတ်မှတ်ထားကြတဲ့သူတစ်ယောက် မသန်းအေး နဲ့ ပတ်သတ်တဲ့အရာမှန်သမျှ တစ်ရွာလုံးကရှောင်ကြတယ် ၊ ကြောက်ကြတယ် ၊

အခု တစ်ရွာသားတွေက မသန်းအေးရဲ့ ဝက်ကလေးကို ခိုးသွားတဲ့ကိစ္စဖြစ်ခဲ့ပြီ ၊ လမိုင်းရွာတစ်ရွာလုံးကလည်း ဒီတစ်ခါ ပွဲကြီးပွဲကောင်းပဲဆိုပြီး မသန်းအေး ဘယ်လိုတုန့်ပြန်မယ်ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေမိကြတယ် ။

ရက်ပိုင်းလောက်တော့ မသန်းအေး ဘာမှလှုပ်ရှားတာမတွေကရဘူး..ပတ်ဝန်းကျင်ကပြန်သိထားကြတာတော့ မသန်းအေး က စိတ်နာဒေါသကြီးလွန်းလို့ ကိုယ်တိုင်လုပ်ရင် ခံရတဲ့သူ သိပ်မခံရမှာစိုးလို့ဆိုပြီး သူကဆရာကိုပင့်ထားတယ်လို့ပြောကြတယ် ။

ဒီသတင်းတွေကလည်း အမှန်ပါပဲ ရက်ပိုင်းလောက်အကြာမှာ မသန်းအေးရဲ့ ဆရာဆိုတဲ့သူ မသန်းအေးဆီကို ရောက်လာခဲ့တယ် ၊ မသန်းအေးရဲ့ဆရာ ရုပ်နဲ့တင်အတော်ကြောက်စရာကောင်းလှနေပြီ ညဘက်များမြင်လိုက်လို့ကတော့ လူလို့ကို ထင်ရက်စရာမရှိဘူး..။

အတော်လေး ဝေးဝေးတစ်နေရာကနေ ကြွလာတယ်လို့ပြောတဲ့ မသန်းအေးရဲ့ဆရာက “ ဟဲ့ သမီး.. အချိန်အခါလည်းသင့်ပြီ…ညနေစောင်းနေဝင်ရီတရောအချိန်ကွဲ့ သမီး ဝက်ကလေးကို အဆာကျွေးနေကျ အစာခွက်ကလေး အဘကိုပေးစမ်း ” ဆိုပြီး တောင်းလိုက်တော့ မသန်းအေး က ကမ်းပေးလိုက်တယ် ။

ဆက်ပြီးတော့ ဆရာက သူ့လက်ထဲက ဝက်အစာခွက်ကလေးကိုကိုင်ပြီး ဂါထာတွေကိုဆက်တိုက်ရွတ်နေရင်းလက်ထဲကနေ ခွက်ကို လွှတ်ချလိုက်တယ်.. ၊

ထူးခြားတာက ခွက်က လက်ထဲက လွှတ်ချလိုက်ပေမယ့် မြေကြီးပေါ်ပြုတ်ကျမသွားဘဲ လေပေါ်ကိုတက်သွားပြီးတော့ ပျံတတ်သွားတယ်..

ဘယ်လောက်ဝေးဝေးသွားတယ်မသိဘူး.. တစ်ဖက်ရွာဖြစ်တဲ့ ကျွဲတွင်း ရွာ မှာရှိတဲ့ ဝက်သားစားမိတဲ့သူတွေရဲ့ အိမ်ရှေ့တွေမှာ ခုန်ဆွ ခုန်ဆွနဲ့ တစ်အိမ်ပြီးတစ်အိမ် အဲ့ဒီ့ခွက်က အိမ်ရှေ့တည့်တည့်မှာ ကျလာပါလေရော..၊

ကျွဲတွင်းရွာသားတွေလည်းအကုန် အံ့သြနေမိကြတယ် ၊

မကြာပါဘူး…ခွက်ကလေး ကျကျသွားခဲ့တဲ့ အိမ်တွေထဲက အိမ်သားတွေထဲမှာမှ မသန်းအေးရဲ့ ဝက်ကလေးအသားကို သိသိမသိသိ စားခဲ့တဲ့သူတွေ အကုန် ချက်ချင်း ဝမ်းတွေပြိုင် လျောပြီး ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့အပါအဝင် တစ်ယောက်ပြီးတစ်ယောက် နေ့မကူးခင်မှာပဲ သေကုန်ကြတယ်၊

အလောင်းတွေဆိုတာ ကျွဲတွင်းရွာမှာ တန်းစီနေတာပဲမြင်မကောင်းရှုမကောင်းအောင်ဖြစ်လို့ ၊ မြန်မာတွေအကျင့်ကလည်း ကိုယ်စားရရင် ကိုယ့်မိသားစိုကိုပါကျွေးချင်ကြတယ်လေ….

အခုတော့ အကျွေးကောင်းလို့ အလောင်းတွေ ပုံနေတဲ့အထိပါပဲ ၊ စားကောင်းမှန်းမသိ ၊ မစားကောင်းမှန်းမသိ ၊ အလကားရတာလေးမို့ စားမိတဲ့သူတွေလည်း ဘုမသိဘမသိနဲ့ ကိစ္စချောကုန်လိုက်တာ..

ကျွဲတွင်းတစ်ရွာလုံး တစ်ရက်တည်းနဲ့ လုံးပါးပါးကုန်တော့တာပဲ ။

ဝက်ကိုဦးဆောင်ပြီး သတ်ခဲ့ကြတဲ့ ဖိုးတေ ၊ ညိုစိုး ၊ မြင့်သိန်းတို့တွေလည်း မိသားစုလိုက် သေကုန်ကြတယ်

ထူးခြားတာက သူတို့ထဲက ညိုစိုးရဲ့ လူမမယ်အရွယ် လေးနှစ်သားကလေးလေး တစ်ယောက်ပဲ အသက်ရှင်တယ် ကလေးက ဝက်သားမစားလိုက်လို့ထင်ပါတယ် ၊

ကျွဲတွင်းရွာသူကြီးကတော့ ဝမ်းရောဂါဖြစ်တယ်ထင်ပြီးကြောက်ကြောက်လန့်လန့်နဲ့ ရွာပြောင်းပြေးဖို့စီစဉ်နေပြန်တယ် ၊

အဲ့ဒီ့အချိန်မှာပဲ ဝက်ပိုင်ရှင် မသန်းအေး ကျွဲတွင်းရွာသတင်းကိုကြားပြီးရောက်လာခဲ့တယ်.. မသန်းအေး ရွာကိုရောက်တော့ တစ်ရွာလုံးဖြစ်ပျက်နေတာတွေကိုကြည့်ရင်း အားရပါးရရယ်မောလိုက်ရင်း.

“ဟား..ဟား.. ဟား.. မှတ်ထား အဲ့ဒါ ငါ့သမီးလေးကို ငါမသိတုန်းခိုးသွားပြီး သတ်စားလို့ မကျေနပ်လို့ လုပ်တာ ….

ငါလုပ်တာကို မကျေနပ်တဲ့ကောင်ရှိရင် ငါနဲ့အခုလာရှင်းလို့ရတယ် ဟား.. ” ဆိုပြီးပြောလာတယ်… ၊

မသန်းအေး စိန်ခေါ်သွားပေမယ့် ကျွဲတွင်းရွာကလူတွေကတော့ တစ်ယောက်မှ အသံမထွက်ရဲကြဘူး ၊ဖြစ်စဉ်အရဆို မသန်းအေးက မှန်နေတာကို…. ။

ရွာကတော့ နာရေးကိစ္စတွေနဲ့ တော်တော်လေး အလုပ်ရှုပ်သွားကြတယ်.. ၊ ရွာတစ်ဝက်နီးပါးလောက်လည်း လျော့သွားကြတယ် ။

နှစ်ပေါင်းတွေအလီလီကြာတော့ ဒီဇာတ်လမ်းလေးက ပုံပြင်လိုလို ဇာတ်လမ်းလိုလိုနဲ့ ပြောစမှတ်တွင်ကျန်နေရစ်ခဲ့တယ်.. ၊

ကျွဲတွင်းရွာမှာလည်း ကလေးတိုင်းချစ်တဲ့ ပုံပြင်တွေ ပြောပြတတ်တဲ့ အဘိုးကြီးတစ်ယောက်ရှိသေးတယ်

အဲ့ဒီအဘိုးကြီကလည်း ဒီပုံပြင်ဇာတ်လမ်းလေးကို ခဏခဏပြောပြောနေတတ်တယ် ၊

သူပြောတဲ့အကြိမ်ရေ ဘယ်လောက်များပါစေ ကလေးတွေကလည်း လမိုင်းရွာအကြောင်း ပညာသည်တွေရဲ့ ကလဲ့စားချေတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုရင် မျက်တောင်မခတ်တမ်းကို နားထောင်နေတတ်ကြတယ်လေ ၊

အဲ့ဒီအဘိုးကြီးကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ တစ်ချိန်က အသက်ရှင်ကျန်ခဲ့သူ ဦးညိုစိုး ရဲ့ လေးနှစ်သားအရွယ် ကလေးလေးဆိုတာကို ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို နားထောင်နေကြတဲ့သူတွေ သိပါရဲ့သလား..။

မိုးစွေ