Knowledge Local News

မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး အဘိဓမ္မာမဟာဘွဲ့ရ ၁၅ နှစ်သားလေး မောင်ဟန်ထွန်းအောင်အကြောင်းလေးပါဗျာ

ဓမၼရသေနာက္တစ္ေကာက္ေကာက္ လိုက္ခဲ့သူ (သို႔မဟုတ္) အသက္ငယ္ဆုံးအဘိဓမၼာ မဟာ ဘြဲ႔ရ ၁၅ႏွစ္သားသူလိုလူ (၅၂) ႀကိမ္ေျမာက္ အ ဘိဓမၼာစာေတာ္ျပန္ပြဲရဲ႕ထူးျခားခ်က္ထဲမွာ ၁၅ ႏွစ္သားတစ္ဦးရဲ႕မဟာဘြဲ႔ရရွိမႈဟာဘယ္လိုမွခ်န္လွပ္ခဲ့လို႔မရႏိုင္ပါဘူး။ လူပုဂၢိဳလ္မ်ားအတြက္

သတ္မွတ္ျပဌာန္းထားတဲ့က်မ္းအစိတ္အပိုင္း ၁၅ ပိုင္းကို ေမာင္ဟန္ထြန္းေအာင္ဟာဒီကႏွစ္မွာေရးေျဖ ဘာသာစုံဂုဏ္ထူးနဲ႔အတူ လွလွပပအဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ၁၅ က်မ္းကို ၄ ႏွစ္အတြင္းထူးခြၽန္စြာ ေျဖဆိုေအာင္ျမင္ခဲ့တာမို႔ၾကားသိရသူတိုင္း အံ့ၾသ ဝမ္းသာၾကမယ္လို႔ထင္ပါတယ္။

တစ္ကယ္ေတာ့ေမာင္ဟန္ထြန္းေအာင္ဟာ အသက္ ၁၁ႏွစ္ အ႐ြယ္ကတည္းကအစိုးရအဘိဓမၼာ ၃ ဆင့္လုံးကို ေအာင္ျမင္ကာအဘိဓမၼာဥယ်ာဥ္ၾကီးထဲကိုစတင္ ေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။ ဓမၼရသကိုသိရွိခံစားဖူးတဲ့ပ်ားပိတုန္းေလးတစ္ေကာင္အဖို႔ ဒီဥယ်ာဥ္ၾကီးထဲကေနၿပီး

ျပန္မထြက္ႏိုင္ေတာ့တာသိပ္ေတာ့လဲမဆန္းလွပါဘူး။ အဲဒီႏွစ္မွာပဲဓမၼသာကစာၦ အဘိဓမၼာ၃ဆင့္လုံးကိုလည္းေအာင္ျမင္ခဲ့တယ္။ ၁၂ႏွစ္အ႐ြယ္ ၇တန္းႏွစ္မွာအစိုးရဝိသုဒၶိမဂ္ ၃ဆင့္နဲ႔ဓမၼသာကစာၦဝိသုဒၶိမဂ္ ၃ ဆင့္လုံးကိုႏွစ္ခ်င္းေပါက္အံ့ဖြယ္ေအာင္ျမင္ခဲ့သလိုအဘိဓမၼာစာေတာ္ျပန္ပြဲကိုလည္း

စတင္ဝင္ေရာက္ပူေဇာ္ခဲ့ပါတယ္။ ၁၃ ႏွစ္႐ြယ္ ၈ တန္းမွာပထမျပန္စာေမးပြဲအေျချပဳ မူလတန္းကိုေအာင္ျမင္ခဲ့ၿပီးအဘိဓမၼာ ျပန႔္ပြားေရး အသင္းႀကီးရဲ႕ (စူဠ အာဘိဓမၼိက ဝိသိ႒ ကလ်ာဏဉာဏဓဇ) ဘြဲ႔ကိုရရွိခဲ့ပါတယ္။၁၄ ႏွစ္အ႐ြယ္နဝမတန္းမွာအစိုးရအဘိဓမၼာဂုဏ္ထူးေဆာင္ (ဋီကာေက်ာ္)

၃ဆင့္ကိုေအာင္ျမင္ကာ (မဇၩိမ အာဘိဓမၼိက ကလ်ာဏဉာဏဓဇ) ဘြဲ႔ကိုထပ္မံရရွိျပန္ပါတယ္။ တကၠသိုလ္ဝင္တန္းေျဖဆိုရမဲ့အခုႏွစ္မွာလည္း လုံးဝရပ္နားျခင္းမျပဳဘဲဆက္လက္ၾကိဳးစားပူေဇာ္ခဲ့တဲ့အတြက္ (မဟာ အာဘိဓမၼိက ဥကၠ႒ ကလ်ာဏဉာဏဓဇ) ဘြဲ႔ကိုအၿပီးသတ္ခ်ီးျမႇင့္ခံခဲ့ရတာ

ျဖစ္ပါတယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ က်မ္းေတြဆိုတာတစ္က်မ္းတစ္က်မ္းကိုပဲေအာင္ျမင္ေအာင္မနည္းေလ့လာပူေဇာ္ရေၾကာင္းပူေဇာ္ဖူးသူတိုင္းေကာင္းစြာသိရွိၾကပါတယ္။ ဒီ၅ႏွစ္တြင္းမွာ အဘိဓမၼာ(႐ိုး႐ိုး) ၃ဆင့္အဘိဓမၼာ(ဂုဏ္ ထူးေဆာင္) ၃ဆင့္၊ ဝိသုဒၶိမဂ္ ၃ဆင့္၊ အေျချပဳမူလတန္းနဲ႔

စာေတာ္ျပန္ပြဲ၁၅က်မ္းတို႔ကိုေျဖဆိုေအာင္ျမင္ကာ (စူဠ အာဘိဓမၼိက ကလ်ာဏဉာဏဓဇ) (မဇၩိမ အာဘိဓမၼိက ဝိသိ႒ ကလ်ာဏဉာဏဓဇ)၊ (မဟာ အာဘိဓမၼိက ဥကၠဌ ကလ်ာဏဉာဏဓဇ) ဘြဲ႕ႀကီး ၃ဘြဲ႕ကို ခ်ီးျမႇင့္ျခင္းခံရတဲ့သမိုင္းတေလ်ာက္ အသက္အငယ္ဆုံးစာျပန္ပုဂၢိဳလ္ျဖစ္လာခဲ့ပါၿပီ။

ဒါမို႔ ဒီအ႐ြယ္နဲ႔ဒီေလာက္လုပ္ႏိုင္တာကိုအေတာ္ပဲ လက္ဖ်ားခါမိပါတယ္။ ဒါမို႔ကြၽန္ေတာ့္အေနနဲ႔ကေတာ့ေမာင္ဟန္ထြန္းေအာင္ကိုဓမၼရသေနာက္ တစ္ေကာက္ေကာက္လိုက္ခဲ့သူ၊ ဆင္ေျခဆင္လက္ ေတြကိုမထီမဲ့ျမင္ျပဳႏိုင္တဲ့သူ အခက္ခဲေတြကိုအခြင့္အေရးအျဖစ္ေျပာင္းလဲႏိုင္သူ၊ အားက်ၿပီး

အတုယူသင့္သူဂုဏ္ျပဳခ်ီးက်ဴးမႈေတြနဲ႔အထူးကို ထိုက္တန္တဲ့သူအျဖစ္ႏွစ္ဆန္းအမွတ္တရ ဝိေသသျပဳ မွတ္တမ္းတင္ဂုဏ္ျပဳလိုက္ရပါေတာ့တယ္။ သာဓု သာဓု သာဓု၊ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဓမ္မရသနောက်တစ်ကောက်ကောက် လိုက်ခဲ့သူ (သို့မဟုတ်) အသက်ငယ်ဆုံးအဘိဓမ္မာ မဟာ ဘွဲ့ရ ၁၅နှစ်သားသူလိုလူ (၅၂) ကြိမ်မြောက် အ ဘိဓမ္မာစာတော်ပြန်ပွဲရဲ့ထူးခြားချက်ထဲမှာ ၁၅ နှစ်သားတစ်ဦးရဲ့မဟာဘွဲ့ရရှိမှုဟာဘယ်လိုမှချန်လှပ်ခဲ့လို့မရနိုင်ပါဘူး။ လူပုဂ္ဂိုလ်များအတွက်

သတ်မှတ်ပြဌာန်းထားတဲ့ကျမ်းအစိတ်အပိုင်း ၁၅ ပိုင်းကို မောင်ဟန်ထွန်းအောင်ဟာဒီကနှစ်မှာရေးဖြေ ဘာသာစုံဂုဏ်ထူးနဲ့အတူ လှလှပပအဆုံးသတ်နိုင်ခဲ့ပါတယ်။ ၁၅ ကျမ်းကို ၄ နှစ်အတွင်းထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့တာမို့ကြားသိရသူတိုင်း အံ့သြ ဝမ်းသာကြမယ်လို့ထင်ပါတယ်။

တစ်ကယ်တော့မောင်ဟန်ထွန်းအောင်ဟာ အသက် ၁၁နှစ် အရွယ်ကတည်းကအစိုးရအဘိဓမ္မာ ၃ ဆင့်လုံးကို အောင်မြင်ကာအဘိဓမ္မာဥယျာဉ်ကြီးထဲကိုစတင် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဓမ္မရသကိုသိရှိခံစားဖူးတဲ့ပျားပိတုန်းလေးတစ်ကောင်အဖို့ ဒီဥယျာဉ်ကြီးထဲကနေပြီး

ပြန်မထွက်နိုင်တော့တာသိပ်တော့လဲမဆန်းလှပါဘူး။ အဲဒီနှစ်မှာပဲဓမ္မသာကစ္ဆာ အဘိဓမ္မာ၃ဆင့်လုံးကိုလည်းအောင်မြင်ခဲ့တယ်။ ၁၂နှစ်အရွယ် ၇တန်းနှစ်မှာအစိုးရဝိသုဒ္ဓိမဂ် ၃ဆင့်နဲ့ဓမ္မသာကစ္ဆာဝိသုဒ္ဓိမဂ် ၃ ဆင့်လုံးကိုနှစ်ချင်းပေါက်အံ့ဖွယ်အောင်မြင်ခဲ့သလိုအဘိဓမ္မာစာတော်ပြန်ပွဲကိုလည်း

စတင်ဝင်ရောက်ပူဇော်ခဲ့ပါတယ်။ ၁၃ နှစ်ရွယ် ၈ တန်းမှာပထမပြန်စာမေးပွဲအခြေပြု မူလတန်းကိုအောင်မြင်ခဲ့ပြီးအဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးရဲ့ (စူဠ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ) ဘွဲ့ကိုရရှိခဲ့ပါတယ်။၁၄ နှစ်အရွယ်နဝမတန်းမှာအစိုးရအဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)

၃ဆင့်ကိုအောင်မြင်ကာ (မဇ္ဈိမ အာဘိဓမ္မိက ကလျာဏဉာဏဓဇ) ဘွဲ့ကိုထပ်မံရရှိပြန်ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုရမဲ့အခုနှစ်မှာလည်း လုံးဝရပ်နားခြင်းမပြုဘဲဆက်လက်ကြိုးစားပူဇော်ခဲ့တဲ့အတွက် (မဟာ အာဘိဓမ္မိက ဥက္ကဋ္ဌ ကလျာဏဉာဏဓဇ) ဘွဲ့ကိုအပြီးသတ်ချီးမြှင့်ခံခဲ့ရတာ

ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းတွေဆိုတာတစ်ကျမ်းတစ်ကျမ်းကိုပဲအောင်မြင်အောင်မနည်းလေ့လာပူဇော်ရကြောင်းပူဇော်ဖူးသူတိုင်းကောင်းစွာသိရှိကြပါတယ်။ ဒီ၅နှစ်တွင်းမှာ အဘိဓမ္မာ(ရိုးရိုး) ၃ဆင့်အဘိဓမ္မာ(ဂုဏ် ထူးဆောင်) ၃ဆင့်၊ ဝိသုဒ္ဓိမဂ် ၃ဆင့်၊ အခြေပြုမူလတန်းနဲ့

စာတော်ပြန်ပွဲ၁၅ကျမ်းတို့ကိုဖြေဆိုအောင်မြင်ကာ (စူဠ အာဘိဓမ္မိက ကလျာဏဉာဏဓဇ) (မဇ္ဈိမ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ)၊ (မဟာ အာဘိဓမ္မိက ဥက္ကဌ ကလျာဏဉာဏဓဇ) ဘွဲ့ကြီး ၃ဘွဲ့ကို ချီးမြှင့်ခြင်းခံရတဲ့သမိုင်းတလျောက် အသက်အငယ်ဆုံးစာပြန်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။

ဒါမို့ ဒီအရွယ်နဲ့ဒီလောက်လုပ်နိုင်တာကိုအတော်ပဲ လက်ဖျားခါမိပါတယ်။ ဒါမို့ကျွန်တော့်အနေနဲ့ကတော့မောင်ဟန်ထွန်းအောင်ကိုဓမ္မရသနောက် တစ်ကောက်ကောက်လိုက်ခဲ့သူ၊ ဆင်ခြေဆင်လက် တွေကိုမထီမဲ့မြင်ပြုနိုင်တဲ့သူ အခက်ခဲတွေကိုအခွင့်အရေးအဖြစ်ပြောင်းလဲနိုင်သူ၊ အားကျပြီး

အတုယူသင့်သူဂုဏ်ပြုချီးကျူးမှုတွေနဲ့အထူးကို ထိုက်တန်တဲ့သူအဖြစ်နှစ်ဆန်းအမှတ်တရ ဝိသေသပြု မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတော့တယ်။ သာဓု သာဓု သာဓု၊ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်