International News

လွန်ခဲ့တဲ့ ၄ရက်ကပင်သင်္ဂြိုဟ်ခံခဲ့ရသောခင်ပွန်းဖြစ်သူ အိမ်ပြန်ရောက်လာလို့ ထိတ်လန့်ဝမ်းသာသွားရတဲ့ဇနီး

ဟြန္ဒူးရပ္စ္ႏုိင္ငံ၊ El Carmen မွာထူးဆန္းတဲ့ ေသရြာျပန္မႈတစ္ခုျဖစ္ေတာင့္ျဖစ္ခဲ ႀကဳံခဲ့ရပါတယ္။ အခင္းျဖစ္စဥ္ကေတာ့ ၿပီးခဲ့တဲ့(၄)ရက္ကကြယ္လြန္ၿပီဆုိၿပီးစ်ာပနက်င္းပျခင္းခံခဲ့ရတဲ့လူတစ္ေယာက္ဟာ ေနအိမ္ကိုဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ ျပန္ေရာက္လာခဲ့တဲ့ျဖစ္စဥ္ပါ။ ေသရြာျပန္အဖုိးအုိရဲ႕

အမည္ကေတာ့ Julio ျဖစ္ပါတယ္။ သူရဲ႕ဇနီး Victoria Sarmiento ကေတာ့ခင္ပြန္းမရွိေတာ့လုိ႔ လြမ္းဆြတ္ပူေဆြးတဲ့မ်က္ရည္ေတြမွမေျခာက္ေသးခင္၊ (၄)ရက္အၾကာမွာ ခင္ပြန္းကိုအိမ္ေရွ႕မွာဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ ေတြ႔ခဲ့ရတာပါ။ ဆုိရရင္မကၽြတ္မလြတ္ဘဲအစြဲႀကီးၿပီးသရဲၿပိတၱာဘဝနဲ

႔ျပန္ေရာက္လာေလသလားခ်က္ခ်င္းအေတြးဝင္ကာထိတ္လန္႔သြားတယ္လုိ႔ ဆုိပါတယ္။ အသက္(၆၅)ႏွစ္အရြယ္ Julio ဟာ El Carmen ျပင္ပကြင္းျပင္တစ္ခုမွာ ၿပီးခဲ့တဲ့တစ္ပတ္ေလာက္ကေပ်ာက္ဆုံးသြားခဲ့တာပါ။ ဇနီးျဖစ္တဲ့ Victoria ဟာအိမ္နီးနားခ်င္းေတြ၊ ကယ္ဆယ္ေရးအဖြဲ႔ေတြနဲ႔အတူ

ရွာေဖြခဲ့ေပမယ့္ ျပန္မေတြ႕ခဲ့ပါဘူး။ ဒီဇင္ဘာ (၃၀) ရက္မွာ ခင္ပြန္းရဲ႕မွတ္ပုံတင္ေတြ၊ ဓာတ္ပုံေတြယူၿပီးရဲစခန္းမွာလူေပ်ာက္တုိုင္ပါတယ္။ အဲဒီေနာက္ရဲစခန္းကမုိင္(၃၀)ေဝးတဲ့ Hospital de Occidente ေဆး႐ုံမွာအမည္မသိအမ်ိဳးသားတစ္ဦးရဲ႕အေလာင္းေရာက္ေနေၾကာင္း၊ အသက္အရြယ္

အားျဖင့္ေတာ့ Julio ရဲ႕အရြယ္ေလာက္ျဖစ္ၿပီး၊ Julio လုိ႔ယူဆရေၾကာင္းဆုိပါတယ္။ ဒါေၾကာင့္ Victoria ကစ်ာပနဝန္ေဆာင္မႈအဖြဲ႔နဲ႔ေဘာ္ဒီကိုရြာအထိခက္ခက္ခဲခဲသယ္ယူခဲ့ပါတယ္။ သူမဟာစ်ာပနအတြက္ေပါင္ (၃၂၀)နဲ႔ညီမွ်တဲ့လမ္ပီရက္စ္ေငြ (၁၀၅၀၀)အထိကုန္က်ခဲ့ၿပီး၊ ေနာက္တစ္ရက္မွာ

ေကာင္းမြန္စြာသၿဂိဳဟ္ခဲ့ပါတယ္။ သုိ႔ေသာ္လည္းေနာက္ထပ္ (၄)ရက္အၾကာမွာခင္ပြန္းက ျပန္ေရာက္လာခဲ့တာပါ။ ဆုိရရင္အေလာင္းခ်င္းမွား၊ အမွတ္လြဲၿပီးတျခားအေလာင္းတစ္ခုကုိ သၿဂိဳဟ္မိခဲ့တာျဖစ္ပါတယ္။ Julio ဟာထရီနီဒက္နယ္စပ္ အနီးကကြင္းျပင္မွာနာမက်န္းအေနအထားနဲ႔

လဲက်ေနတာကုိေဒသခံေတြကေတြ႔ခဲ့တာျဖစ္ပါတယ္။ သူရဲ႕အဆုိအရသူဟာ လမ္းေလွ်ာက္ထြက္စဥ္အေမာေဖာက္ၿပီးလဲက်ခဲ့ေၾကာင္း၊ အဲဒီမွာေျခေထာက္ေတြက ဒဏ္ရာရသြားလုိ႔ ျပန္မထႏုိင္ခဲ့ေၾကာင္း၊ အခင္းျဖစ္ေနရာမွာပင္ အစာေရစာမရွိဘဲ (၃)ရက္ၾကာလဲေလွ်ာင္းေနခဲ့ရတယ္လုိ႔

ဆုိပါတယ္။ အဲဒီေတာ့မွ Hospital de Occidente ကလည္းသူတို႔ေပးအပ္လုိက္တဲ့ ေဘာ္ဒီဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာ(၂၇)ကဆုံးပါးခဲ့တဲ့ကုိဗစ္ေဝဒနာရွင္ တစ္ဦးလုိ႔ေျပာခဲ့တာပါ။ ေဆး႐ုံေသစာရင္းမွာလည္း Julio ရဲ႕အခ်က္အလက္ေတြကိုထည့္သြင္းထားတာကိုအံ့ၾသဖြယ္ေတြ႔ရပါတယ္။

ဝန္ထမ္းေတြကလည္းေသသူအား Julio ရဲ႕ဓာတ္ပုံေတြနဲ႔တုိက္ဆုိင္ၾကည့္ေတာ့တူညီေနလုိ႔ အမွတ္မွားခဲ့တာလုိ႔လည္း ရွင္းျပပါတယ္။ ဘာပဲျဖစ္ျဖစ္ Victoria ကေတာ့ခင္ပြန္းကိုျပန္ရလုိ႔ဝမ္းသာေနပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဟွန်ဒူးရပ်စ်နိုင်ငံ၊ El Carmen မှာထူးဆန်းတဲ့ သေရွာပြန်မှုတစ်ခုဖြစ်တောင့်ဖြစ်ခဲ ကြုံခဲ့ရပါတယ်။ အခင်းဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့(၄)ရက်ကကွယ်လွန်ပြီဆိုပြီးဈာပနကျင်းပခြင်းခံခဲ့ရတဲ့လူတစ်ယောက်ဟာ နေအိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာခဲ့တဲ့ဖြစ်စဉ်ပါ။ သေရွာပြန်အဖိုးအိုရဲ့

အမည်ကတော့ Julio ဖြစ်ပါတယ်။ သူရဲ့ဇနီး Victoria Sarmiento ကတော့ခင်ပွန်းမရှိတော့လို့ လွမ်းဆွတ်ပူဆွေးတဲ့မျက်ရည်တွေမှမခြောက်သေးခင်၊ (၄)ရက်အကြာမှာ ခင်ပွန်းကိုအိမ်ရှေ့မှာဆိုက်ဆိုက်မြိုက်မြိုက် တွေ့ခဲ့ရတာပါ။ ဆိုရရင်မကျွတ်မလွတ်ဘဲအစွဲကြီးပြီးသရဲပြိတ္တာဘဝနဲ

့ပြန်ရောက်လာလေသလားချက်ချင်းအတွေးဝင်ကာထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။ အသက်(၆၅)နှစ်အရွယ် Julio ဟာ El Carmen ပြင်ပကွင်းပြင်တစ်ခုမှာ ပြီးခဲ့တဲ့တစ်ပတ်လောက်ကပျောက်ဆုံးသွားခဲ့တာပါ။ ဇနီးဖြစ်တဲ့ Victoria ဟာအိမ်နီးနားချင်းတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ

ရှာဖွေခဲ့ပေမယ့် ပြန်မတွေ့ခဲ့ပါဘူး။ ဒီဇင်ဘာ (၃၀) ရက်မှာ ခင်ပွန်းရဲ့မှတ်ပုံတင်တွေ၊ ဓာတ်ပုံတွေယူပြီးရဲစခန်းမှာလူပျောက်တိုင်ပါတယ်။ အဲဒီနောက်ရဲစခန်းကမိုင်(၃၀)ဝေးတဲ့ Hospital de Occidente ဆေးရုံမှာအမည်မသိအမျိုးသားတစ်ဦးရဲ့အလောင်းရောက်နေကြောင်း၊ အသက်အရွယ်

အားဖြင့်တော့ Julio ရဲ့အရွယ်လောက်ဖြစ်ပြီး၊ Julio လို့ယူဆရကြောင်းဆိုပါတယ်။ ဒါကြောင့် Victoria ကဈာပနဝန်ဆောင်မှုအဖွဲ့နဲ့ဘော်ဒီကိုရွာအထိခက်ခက်ခဲခဲသယ်ယူခဲ့ပါတယ်။ သူမဟာဈာပနအတွက်ပေါင် (၃၂၀)နဲ့ညီမျှတဲ့လမ်ပီရက်စ်ငွေ (၁၀၅၀၀)အထိကုန်ကျခဲ့ပြီး၊ နောက်တစ်ရက်မှာ

ကောင်းမွန်စွာသဂြိုဟ်ခဲ့ပါတယ်။ သို့သော်လည်းနောက်ထပ် (၄)ရက်အကြာမှာခင်ပွန်းက ပြန်ရောက်လာခဲ့တာပါ။ ဆိုရရင်အလောင်းချင်းမှား၊ အမှတ်လွဲပြီးတခြားအလောင်းတစ်ခုကို သဂြိုဟ်မိခဲ့တာဖြစ်ပါတယ်။ Julio ဟာထရီနီဒက်နယ်စပ် အနီးကကွင်းပြင်မှာနာမကျန်းအနေအထားနဲ့

လဲကျနေတာကိုဒေသခံတွေကတွေ့ခဲ့တာဖြစ်ပါတယ်။ သူရဲ့အဆိုအရသူဟာ လမ်းလျှောက်ထွက်စဉ်အမောဖောက်ပြီးလဲကျခဲ့ကြောင်း၊ အဲဒီမှာခြေထောက်တွေက ဒဏ်ရာရသွားလို့ ပြန်မထနိုင်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှာပင် အစာရေစာမရှိဘဲ (၃)ရက်ကြာလဲလျှောင်းနေခဲ့ရတယ်လို့

ဆိုပါတယ်။ အဲဒီတော့မှ Hospital de Occidente ကလည်းသူတို့ပေးအပ်လိုက်တဲ့ ဘော်ဒီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ(၂၇)ကဆုံးပါးခဲ့တဲ့ကိုဗစ်ဝေဒနာရှင် တစ်ဦးလို့ပြောခဲ့တာပါ။ ဆေးရုံသေစာရင်းမှာလည်း Julio ရဲ့အချက်အလက်တွေကိုထည့်သွင်းထားတာကိုအံ့သြဖွယ်တွေ့ရပါတယ်။

ဝန်ထမ်းတွေကလည်းသေသူအား Julio ရဲ့ဓာတ်ပုံတွေနဲ့တိုက်ဆိုင်ကြည့်တော့တူညီနေလို့ အမှတ်မှားခဲ့တာလို့လည်း ရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် Victoria ကတော့ခင်ပွန်းကိုပြန်ရလို့ဝမ်းသာနေပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်