လေဗာကူဆင်အသင်းကို ပေါင်နှစ်သန်းနဲ့ ပြောင်းရွေ့‌တော့မယ့် ယူနိုက်တက်ကစားသမား ဖိုဆူမန်ဆက်

ယူနိုက်တက်အသင်းရယ့် ကစားသမား ဖိုဆူမန်ဆက်ဟာ ဂျာမန်ကလပ် လေဗာကူဆင်အသင်းကို ပေါင် 2သန်းနဲ့ ပြောင်းရွေ့ဖို့ သဘောတူညီမှုရရှိခဲ့ပါတယ် ဖိုဆူမန်ဆက်ဟာ ယူနိုက်တက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ပါတယ် အသက်23နှစ်သာ ရှိသေးတဲ့ ဖိုဆူမန်ဆက်ဟာ ပွဲထွက်ကစားဖို့ အခွင့်အရေးနည်းပါးခဲ့ပြီး နောက်တန်းမှာ လင်ဒီလော့ ဘိုင်လီ မက်ဂွိုင်းယား တွမ်ဇမ်ဘီ ဘစ်ဆာကာ စတဲ့ ကစားသမားတွေရှိနေပါတယ်။

ဖိုဆူမန်ဆက်ဟာ ‌ဗဟိုနောက်တန်း၊ ညာနောက်တန်း၊ ကွင်းလယ် စတဲ့ နေရာ‌တွေမှာ ကစားနိုင်သူဖြစ်ပါတယ် ထိုကစားသမားဟာ 2014ခုနှစ်မှာ အေဂျက်အ သင်းကနေ ယူနိုက်တက်ရယ့်အသက်18နှစ် ‌အောက် အသင်း ကို ပြောင်းရွေ့ခဲ့ပါတယ် ဖူဟန်၊ ခရစ်စတယ်ပဲလေ့စ် စတဲ့ အသင်းတွေမှာ အငှားသွားရောက်ကစားခဲ့ပါတယ် နယ်သာလန်သားဖြစ်တဲ့ ဖိုဆူမန်ဆက်က တော့ ယူနိုက်တက် အသင်းကြီးနဲ့အတူ ပွဲ30အထိ ပါ၀င်ကစားထားသူဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေ ပွဲထွက်ခွင့်မရတာတွေ စတဲ့ ကိစ္စ တွေကြောင့် ယူနိုက်တက်ကနေ နှုတ်ဆက်ဖို့ ဖြစ်လာခဲ့ပါပြီ နည်းပြဆိုးရှားလ်ကတော့ ဖိုဆူမန်ဆက် ပြောင်းအရွေ့ကို အတည်ပြုခဲ့ပြီဘဲဖြစ်ပါတယ် ပွဲထွက်ခွင့်တွေနည်းပါးခဲ့‌ သော်လည်း အသင်းအတွက် အကျိုး ပြုခဲ့တဲ့ ထိုကစားသမားကို ယူနိုက်တကိပရိတ်သတ်တွေ သတိရနေမှာဘဲ ဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode




TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER