International News

ချစ်သူကောင်လေး နာမကျန်းဖြစ်နေလို့ သူ့အစား အလုပ်တွေလုပ်ပေးဖို့ ကြိုးစားခဲ့တဲ့ ကောင်မလေး

ေကာင္မေလးေတြက အခ်စ္ကိုေဖာ္ျပရာမွာ ေကာင္ေလးေတြထက္ ပိုကြၽမ္းတယ္လို႔ ဆိုပါတယ္။ အခုလည္း မေလးရွားမေလးတစ္ေယာက္ရဲ႕ လုပ္ရပ္ကို လူမႈကြန္ရက္ေပၚမွာ အမ်ားက ခ်ီးက်ဴးေနၾကပါတယ္။ အဆိုပါ ေကာင္မေလးက စားစရာေတြကို မွာယူထားသူေတြထံ ပါဆယ္လိုက္ပို႔ေပးဖို႔ ႀကိဳးစားခဲ့တာပါ။

တကယ္ေတာ့ အဲဒီ အစားအစာပါဆယ္ပို႔တဲ့အလုပ္က သူမရဲ႕ အလုပ္ေတာ့ မဟုတ္ပါဘူး။ သူမရဲ႕ခ်စ္သူေကာင္ေလး နာမက်န္းျဖစ္ေနတဲ့အတြက္ သူ႔အစား ေကာင္မေလးက ပါဆယ္ထုတ္ေတြကို လိုက္ပို႔ေပးဖို႔ ခိုးေၾကာင္ခိုးဝွက္ ႀကိဳးစားခဲ့တာပါ။ ဒါဟာ သာမန္အားျဖင့္ ႐ိုး႐ိုးေလးဆိုေသာ္လည္း၊ သူမရဲ႕အခ်စ္ဟာ ဘယ္ေလာက္အထိ မြန္ျမတ္တယ္ဆိုတာကို ျမင္ႏိုင္ပါတယ္။

ခ်စ္သူစုံတြဲေတြလို႔ ဆိုတဲ့စကားအတိုင္း တစ္ေယာက္ဒုကၡေရာက္ရင္ တစ္ေယာက္က ကူညီဖို႔ သင့္ပါတယ္။ ဒီအတြက္ တစ္စုံတစ္ေယာက္က မင္းခ်စ္သူေကာင္ေလး ေနမေကာင္းလို႔ မင္း သူလုပ္စရာေလးေတြ ကူညီလိုက္ပါလားလို႔ ခိုင္းစရာမလို၊ စိတ္ထဲကေန အလိုလိုသိတဲ့ ခံယူခ်က္နဲ႔ အခုလို ကူညီခဲ့တာမ်ိဳးဟာ တကယ္လည္း ခ်စ္စရာေကာင္းတဲ့ လုပ္ရပ္ျဖစ္ပါတယ္။

ေကာင္မေလးရဲ႕နာမည္ကေတာ့ Hsiang Yee လို႔ သိရပါတယ္။ သူမဟာ တစ္ေတာ့ပလက္ေဖာင္းဘက္မွာေတာ့ ဆယ္လီတစ္ဦးလို႔ ဆိုပါတယ္။ သူမရဲ႕ေကာင္ေလးဟာ ဒဏ္ရာရရွိထားတာေၾကာင့္ ေလာေလာဆယ္ အိပ္ရာထက္မွာ နားေနရပါတယ္။ ဒီအခါမွာေတာ့ Yee ဟာ ခ်စ္သူအမ်ိဳးသားဝတ္ဆင္တဲ့ Foodpanda ဝတ္စုံကိုဝတ္ဆင္ၿပီး၊

ေန႔လည္ခင္းပိုင္း ေကာင္ေလးအေနနဲ႔ ဆက္ၿပီးပို႔ဖို႔က်န္ေနေသးတဲ့ ပါဆယ္ေတြကို ကိုယ္စားပို႔ဖို႔ႀကိဳးစားခဲ့တာပါ။ ဗြီဒီယိုထဲမွာေတာ့ သူမဟာ ခ်စ္သူေကာင္ေလးရဲ႕ ယူနီေဖာင္းကို မေတာ္မတည့္ ဝတ္ထားလို႔ ေတာ္ေတာ္ေလးကို ပြေယာင္းေယာင္းႀကီး ျဖစ္ေနပါတယ္။ သူမဟာ ဒီလိုလုပ္ႏိုင္ဖို႔ ခ်စ္သူေကာင္ေလးရဲ႕ ဖုန္းကိုလည္း ပိတ္ထားရပါတယ္။

အဲဒီေနာက္ ျပင္ဆင္ေနစဥ္မွာပဲ ေကာင္ေလးက ဒဏ္ရာကေန သက္သာၿပီး ႏိုးလာခဲ့ၿပီး၊ သူပဲ ပို႔ရန္က်န္တာေတြ ဆက္ပို႔ဖို႔ ထြက္သြားပါသတဲ့။ ေဝဖန္သူတစ္ဦးကေတာ့ ဒါဟာ တစ္ေတာ့အေနနဲ႔ အေပ်ာ္႐ိုက္ထားတာ ျဖစ္ႏိုင္ေၾကာင္း၊ Foodpanda မွာတကယ္လုပ္ေနသူတစ္ဦးရဲ႕အဆိုအရ သူတို႔ လုပ္ရန္ရွိတဲ့ Shift (အလုပ္ခြဲတန္းေတြ)ကို တျခားအမည္မတူသူတစ္ဦးက ဝင္ေရာက္ကူညီေပးဖို႔ မျဖစ္ႏိုင္ဘူးလို႔ မွတ္ခ်က္ေရးခဲ့ပါတယ္။

လင္းေဇာ္ကို

Ref ; WorldOfBuzz

Uniocde

ချစ်သူကောင်လေး နာမကျန်းဖြစ်နေလို့ သူ့အစား အလုပ်တွေလုပ်ပေးဖို့ ကြိုးစားခဲ့တဲ့ ကောင်မလေး

ကောင်မလေးတွေက အချစ်ကိုဖော်ပြရာမှာ ကောင်လေးတွေထက် ပိုကျွမ်းတယ်လို့ ဆိုပါတယ်။ အခုလည်း မလေးရှားမလေးတစ်ယောက်ရဲ့ လုပ်ရပ်ကို လူမှုကွန်ရက်ပေါ်မှာ အများက ချီးကျူးနေကြပါတယ်။ အဆိုပါ ကောင်မလေးက စားစရာတွေကို မှာယူထားသူတွေထံ ပါဆယ်လိုက်ပို့ပေးဖို့ ကြိုးစားခဲ့တာပါ။

တကယ်တော့ အဲဒီ အစားအစာပါဆယ်ပို့တဲ့အလုပ်က သူမရဲ့ အလုပ်တော့ မဟုတ်ပါဘူး။ သူမရဲ့ချစ်သူကောင်လေး နာမကျန်းဖြစ်နေတဲ့အတွက် သူ့အစား ကောင်မလေးက ပါဆယ်ထုတ်တွေကို လိုက်ပို့ပေးဖို့ ခိုးကြောင်ခိုးဝှက် ကြိုးစားခဲ့တာပါ။ ဒါဟာ သာမန်အားဖြင့် ရိုးရိုးလေးဆိုသော်လည်း၊ သူမရဲ့အချစ်ဟာ ဘယ်လောက်အထိ မွန်မြတ်တယ်ဆိုတာကို မြင်နိုင်ပါတယ်။

ချစ်သူစုံတွဲတွေလို့ ဆိုတဲ့စကားအတိုင်း တစ်ယောက်ဒုက္ခရောက်ရင် တစ်ယောက်က ကူညီဖို့ သင့်ပါတယ်။ ဒီအတွက် တစ်စုံတစ်ယောက်က မင်းချစ်သူကောင်လေး နေမကောင်းလို့ မင်း သူလုပ်စရာလေးတွေ ကူညီလိုက်ပါလားလို့ ခိုင်းစရာမလို၊ စိတ်ထဲကနေ အလိုလိုသိတဲ့ ခံယူချက်နဲ့ အခုလို ကူညီခဲ့တာမျိုးဟာ တကယ်လည်း ချစ်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ကောင်မလေးရဲ့နာမည်ကတော့ Hsiang Yee လို့ သိရပါတယ်။ သူမဟာ တစ်တော့ပလက်ဖောင်းဘက်မှာတော့ ဆယ်လီတစ်ဦးလို့ ဆိုပါတယ်။ သူမရဲ့ကောင်လေးဟာ ဒဏ်ရာရရှိထားတာကြောင့် လောလောဆယ် အိပ်ရာထက်မှာ နားနေရပါတယ်။ ဒီအခါမှာတော့ Yee ဟာ ချစ်သူအမျိုးသားဝတ်ဆင်တဲ့ Foodpanda ဝတ်စုံကိုဝတ်ဆင်ပြီး၊

နေ့လည်ခင်းပိုင်း ကောင်လေးအနေနဲ့ ဆက်ပြီးပို့ဖို့ကျန်နေသေးတဲ့ ပါဆယ်တွေကို ကိုယ်စားပို့ဖို့ကြိုးစားခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ သူမဟာ ချစ်သူကောင်လေးရဲ့ ယူနီဖောင်းကို မတော်မတည့် ဝတ်ထားလို့ တော်တော်လေးကို ပွယောင်းယောင်းကြီး ဖြစ်နေပါတယ်။ သူမဟာ ဒီလိုလုပ်နိုင်ဖို့ ချစ်သူကောင်လေးရဲ့ ဖုန်းကိုလည်း ပိတ်ထားရပါတယ်။

အဲဒီနောက် ပြင်ဆင်နေစဉ်မှာပဲ ကောင်လေးက ဒဏ်ရာကနေ သက်သာပြီး နိုးလာခဲ့ပြီး၊ သူပဲ ပို့ရန်ကျန်တာတွေ ဆက်ပို့ဖို့ ထွက်သွားပါသတဲ့။ ဝေဖန်သူတစ်ဦးကတော့ ဒါဟာ တစ်တော့အနေနဲ့ အပျော်ရိုက်ထားတာ ဖြစ်နိုင်ကြောင်း၊ Foodpanda မှာတကယ်လုပ်နေသူတစ်ဦးရဲ့အဆိုအရ သူတို့ လုပ်ရန်ရှိတဲ့ Shift (အလုပ်ခွဲတန်းတွေ)ကို တခြားအမည်မတူသူတစ်ဦးက ဝင်ရောက်ကူညီပေးဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ရေးခဲ့ပါတယ်။

လင်းဇော်ကို

Ref ; WorldOfBuzz