Sports

တီကိုအသင်းရယ့် ညာနောက်ခံလူ ထရစ်ပီယာ ကို ခေါ်ယူဖို့စိတ်၀င်စားနေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ လာလီဂါ ကလပ် အက်သလက်တီကို အသင်းရယ့် ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ တရစ်ပီယာကို ခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ် ညာနောက်ခံလူတစ်ဦးဖြစ်တဲ့ ဘစ်ဆာကာ ကို ဖိအားပေးနိုင်ဖို့ ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ် ယူနိုက်တက်ရယ့်ညာနောက်ခံလူ ဖိုဆူမန်ဆက်ဟာ လေဗာကူဆင် အသင်းကိုပြောင်းရွေ့သွားပါတယ်။

ထို့အပြင် နောက်ခံလူ ဒါလော့ဒ်ဟာ အေစီမီလန် အ သင်းကို ရာသီကုန်အထိ အငှားချထားပါတယ် ထို့ ကြောင့် အသင်းအတွက်လိုအပ်နေတဲ့ ညာနောက်ခံနေရာကို အင်အား ဖြည့်တင်းနိုင်ဖို့ ထရစ်ပီယာက်ို အ လိုရှိနေတာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့အပြောင်းအရွေ့မှာ တဲလက်စ်က်ို ခေါ်ယူခဲ့တဲ့အတွက် ဘယ်နောက် ခံလူ လုခ်ရှောလည်း ခြေစွမ်းပ်ိုမိုပြသနိုင်ခဲ့ပါတယ်။

ထို့ကြောင့် ယူနိုက်တက်အတွက် ဘစ်ဆာကာကို ပိုမ်ိုဖိအားပေးပြီး အင်အားဖြည့်တင်းနိုင်ဖို့ ထရစ်ပီယာကို ခေါ်ယူနိုင်ဖို့ကြိုးစားလာတာလည်းဖြစ်ပါတယ် ယခုအချိန်မှာ ထရစ်ပီယာကတော့ Faရယ့် အပြစ်ပေးချက်ကြောင့် ပွဲပယ်ပြစ်ဒဏ်ကို ခံနေရတာဘဲဖြစ်ပါတယ် အသက် သုံးဆယ်ရှိပြီဖြစ်တဲ့ ထရစ်ပီယာ က တော့ အင်္ဂလန်သား တစ်ဦးဖြစ်တဲ့အပြင် မန်စီးတီးလူငယ်အကယ်မဒီထွက်ဖြစ်ပါတယ်။

စပါး ဘန်လေ စတဲ့ အသင်းတွေမှာ ကစားဖူးသူဖြစ်တဲ့အတွက် ပရီးမီးယားလိဒ်အတွေအကြုံ အပြည့်ရှိသူဘဲဖြစ်ပါတယ်။ ထရစ်ပီယာ တစ်ယောက် ယူနိုက်တက်ကို ရောက်ရှိလာမလားဆိုတာ စောင့်ကြည့်ရအုံးမှာဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER