International News

နွားမရဲ့ဆီးရည်ကို သောက်သုံးခြင်းက Coronavirus မှ ကာကွယ်ပေးတယ်လို့ဆိုတဲ့ လူအုပ်စုတစ်စု




1

2

3

4

Mia (Mckzone Daily)

Source : elitereaders

Unicode

Coronavirus ကူးစက်ရောဂါက ကမ္ဘာ့အနှံ့ပြန့်နှံ့နေတဲ့အကြားမှ ဟိန္ဒူတက်ကြွလှုပ်ရှားသူတွေဟာ အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ပါတီတစ်ခုမှာ တစုတရုံးလုပ်နေခဲ့ကြပါတယ်။အစီရင်ခံစာများအရ အိန္ဒိယဟိန္ဒူလူစုတစ်စုဟာ ကြောက်မက်စရာကောင်းတဲ့ရောဂါကို ကာကွယ်နိုင်ဖို့ နွားမရဲ့ဆီးရည်ကို သောက်သုံးရန် လူစုရုံးခဲ့ကြပါတယ်။အဆိုပါလူတစ်စုဟာ “gaumatra party” သို့မဟုတ် “နွားဥပါတီ” လို့ခေါ်တဲ့အရည်တွေကိုသောက်သုံးခြင်းက COVID-19 ကို တိုက်ဖျက်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။၎င်းတို့က ဒီထူးဆန်းတဲ့အဖျော်ယမကာက ဘယ်လိုဘက်တီးရီးယားကိုမဆို ထိရောက်စွာ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ လူထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတဲ့ဗိုင်းရပ်စ်ပိုးကို မကုသနိုင်သေးကြောင်းကို ကျန်းမာရေးကျွမ်းကျင်သူများက ပြောကြားခဲ့တာ အမှန်ဘဲဆိုပေမဲ့ ဒီလူတစ်စုကတော့ မယုံကြည်ကြပုံရပါတယ်။မီဒီယာတစ်ခုရဲ့အင်တာဗျူးအရ ပွဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ Hari Shankar Kumar က “ နွားမရဲ့ဆီးကို သောက်သူတိုင်းက ကုသပြီးသားနဲ့ ကာကွယ်ပြီးသားဖြစ်နေလိမ့်မယ်” လို့ဆိုခဲ့ပါတယ်။တစ်ချိန်တည်းမှာဘဲ ခေါင်းဆောင် Chakrapani Maharaj က ၎င်းစုရုံးမှုက ငြိမ်းချမ်းရေးအတွက် ဆုတောင်းရန်နှင့် ကူးစက်ရောဂါကို ငြိမ်းအေးသွားစေအောင် ပြုလုပ်ရန်လည်း ဖြစ်ကြောင်း ဆိုခဲ့ပါသေးတယ်။

အဆိုပါအဖြစ်အပျက်ရဲ့ဓာတ်ပုံတွေက social media ပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက် netizen တွေက ၎င်းတို့ကို အရူး လို့ ဆိုခဲ့ကြသလို အဲ့လောက်လူစုချင်ရင်လည်း social distancing ကိုတောင် ကောင်းကောင်းမလုပ်တတ်ရကြောင်းလို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ရောဂါက ယခုလက်ရှိအချိန်ထိ မဖြေရှင်းနိုင်သေးသလို လူနာတွေကဆက်ပြီးဘဲ တိုးလာနေတာပါ။လူစုပြီး ရောဂါလုံးဝပျေက်သွားမယ့် ဆေးကို သောက်တာလည်းမဟုတ် နွားမရဲ့ဆီးကို သောက်တာရတယ်ဆိုပါလားဗျာ။

Mia (Mckzone Daily)