Local News

အဖေနဲ့အမေ ကုသိုလ်ရေးလုပ်ဖို့ လစဥ်ထောက်ပံ့ ကန်တော့ခဲ့တဲ့ ပိုင်တံခွန်

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အားေပးမႈေတြကို တစ္ခဲနက္ ရရွိထားၿပီး ျမန္မာႏိုင္ငံတြင္သာမက ျပည္ပႏိုင္ငံမ်ားမွာပါ ေအာင္ျမင္မႈေတြ ရရွိေနသူကေတာ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာေလး ပိုင္တံခြန္ပဲ ျဖစ္ပါတယ္။ အႏုပညာေလာကထဲကို ဝင္ေရာက္လာတာ မၾကာေသးေပမယ့္လည္း ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႔မာန္မာနကင္းစင္ကာ ဘာလုပ္လုပ္ ေစတနာပါပါ လုပ္ကိုင္တတ္တာေၾကာင့္လည္း ပရိသတ္ေတြရဲ႕ အသိမွတ္ျပဳျခင္းကို အခ်ိန္တိုအတြင္း ရရွိလာတာပါ ။

ပိုင္တံခြန္က ေမာ္ဒယ္လ္အျဖစ္ေရာ သ႐ုပ္ေဆာင္အျဖစ္ပါ ေအာင္ျမင္စြာရပ္တည္ၿပီး အႏုပညာလႈပ္ရွားမႈေတြကို လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ တစ္ေန႔ထက္တစ္ေန႔ ပိုမိုေအာင္ျမင္လာတဲ့ ပိုင္တံခြန္က လတ္တေလာမွာဆိုရင္ သီခ်င္းဗီဒီယိုနဲ႔ ေၾကာ္ျငာေလးေတြအျပင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြပါ လက္ခံ႐ိုက္ကူးေနရတာ ျဖစ္ပါတယ္။

အလုပ္ေတြႀကိဳးစားလုပ္ကိုင္သလို မိဘႏွစ္ပါးအေပၚမွာလည္း အရမ္းသိတတ္လိမၼာၿပီးလုပ္ေကြၽးျပဳစုေနသူတစ္ေယာက္ပါ ။ အခုလည္း မိဘႏွစ္ပါး အလႉအတန္းေတြ ကိုယ္တိုင္စိတ္ႀကိဳက္ျပဳလုပ္ႏိုင္ေစရန္ ေငြသားအထုပ္လိုက္ေပးကာ လက္ဆယ္ျဖာမိုးကန္ေတာ့ခဲ့တာလည္းျဖစ္ပါတယ္။

ပုံေလးေတြနဲ႔အတူ ” က်ေနာ္က နဲနဲေတာ့ ေလာဘႀကီးတယ္ မိဘေတြကိုဒီဘဝမွာလည္းျပည့္စုံေစခ်င္တယ္ သံသရာမွာလည္းျပည့္စုံေစခ်င္တယ္ ဒါက အေဖ နဲ႔ အေမ ရဲ႕ သံသရာ မွာပါမဲ့ ကုသိုလ္ေရးေတြလုပ္ဖို႔အတြက္  က်ေနာ့္ရဲ႕ လစဥ္ေထာက္ပံ့ေၾကးေငြပါ မိဘေတြ သက္ရွိထင္ရွားရွိေနတဲ့ခ်ိန္မွာ သူတို႔လက္နဲ႔ သူတို႔ကိုယ္တိုင္လႉဒါန္းလို႔ရေအာင္ပါ” စာေလးကိုေဖာ္ျပခဲ့ရာ ပရိသတ္ႀကီးလည္း သာဓုေခၚႏိုင္ေစရန္ မွ်ေဝေပးလိုက္ပါတယ္။

Crd – Cele Zone
Photo – Paing Takhon 

Unicode

နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားပြီး မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများမှာပါ အောင်မြင်မှုတွေ ရရှိနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ အနုပညာလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့်လည်း ဖော်ဖော်ရွေရွေနဲ့မာန်မာနကင်းစင်ကာ ဘာလုပ်လုပ် စေတနာပါပါ လုပ်ကိုင်တတ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အသိမှတ်ပြုခြင်းကို အချိန်တိုအတွင်း ရရှိလာတာပါ ။

ပိုင်တံခွန်က မော်ဒယ်လ်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်စွာရပ်တည်ပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ပိုင်တံခွန်က လတ်တလောမှာဆိုရင် သီချင်းဗီဒီယိုနဲ့ ကြော်ငြာလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အလုပ်တွေကြိုးစားလုပ်ကိုင်သလို မိဘနှစ်ပါးအပေါ်မှာလည်း အရမ်းသိတတ်လိမ္မာပြီးလုပ်ကျွေးပြုစုနေသူတစ်ယောက်ပါ ။ အခုလည်း မိဘနှစ်ပါး အလှူအတန်းတွေ ကိုယ်တိုင်စိတ်ကြိုက်ပြုလုပ်နိုင်စေရန် ငွေသားအထုပ်လိုက်ပေးကာ လက်ဆယ်ဖြာမိုးကန်တော့ခဲ့တာလည်းဖြစ်ပါတယ်။

ပုံလေးတွေနဲ့အတူ ” ကျနော်က နဲနဲတော့ လောဘကြီးတယ် မိဘတွေကိုဒီဘဝမှာလည်းပြည့်စုံစေချင်တယ် သံသရာမှာလည်းပြည့်စုံစေချင်တယ် ဒါက အဖေ နဲ့ အမေ ရဲ့ သံသရာ မှာပါမဲ့ ကုသိုလ်ရေးတွေလုပ်ဖို့အတွက်  ကျနော့်ရဲ့ လစဉ်ထောက်ပံ့ကြေးငွေပါ မိဘတွေ သက်ရှိထင်ရှားရှိနေတဲ့ချိန်မှာ သူတို့လက်နဲ့ သူတို့ကိုယ်တိုင်လှူဒါန်းလို့ရအောင်ပါ” စာလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Crd – Cele Zone
Photo – Paing Takhon