Sports

ယူနိုက်တက်နှင့်အတူ ဆုဖလားတွေ ရယူဖို့က ကျွန်တော့်အိပ်မက်ပါ ဆိုတဲ့ ဒီယာလို

ယူနိုက်တက်ကို အတ္တလန်တာအသင်းကနေ အမက်ဒီယာလို ကတော့ သူ့အိပ်မက်ဟာ ယူနိုက်တက်နှင့်အတူ ဆုဖလားတွေရယူဖို့ပါဆိုပြီး ပြောခဲ့ပါတယ် ထို့အပြင် ယူနိုက်တက်ကို ရောက်ရှိတဲ့ အတွက်ပျော်ရွင်နေတဲ့အကြောင်းကိုလည်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ် ဒီယာလိုက ဒီကိုရောက်လာပြီမလို့ ကျွန်တော်အလွန်အူ မြူးနေပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားဘဝကို အစ ပြုရတော့မှာကြောင့် အလွန်စိတ်လှုပ်ရှားနေပါတယ် ဒါကျွန်တော့်အိပ်မက်တွေတကယ်ဖြစ်လာတာပါဘဲ အသင်းဖော်တွေနဲ့တွဲကစားဖို့ ကျွန်တော်မစောင့်နိုင်တော့ဘူးဗျာ ပြီးခဲ့တဲ့လပိုင်းတွေက ကျွန်တော့် အ တွက်ထူးထူးဆန်းဆန်းကြီးခံစားရတဲ့ကာလတွေပါဘဲ။

အတ္တလန်တာမှာနည်းနည်းပိုကစားခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် အဲ့ဒါကမဖြစ်နိုင်ခဲ့ပါဘူး အခုတော့ကျွန်တော်ဒီရောက်လာပါပြီ၊ရောက်လာလို့လည်း တအားပျော်နေပါတယ် ယူနိုက်တက်မှာကြုံလာမယ့်အတွေ့ အကြုံတွေကိုကျွန်တော်အရမ်းမျှော်လင့်ထားပါတယ် ပွဲထွက်ခွင့်ရလာဖို့ကိုလည်း ကျွန်တော်မျှော်လင့်ထားပါတယ်” ထို့အပြင် ဒီယာလိုက ” ကျွန်တော်က ရည် မှန်းချက်ကြီးမားတဲ့ကစားသမား တစ်ဦးပါ။

အသင်းအတွက် စတင်ကစားပေးတာနဲ့ ကျွန်တော့်ဘက်က အစွမ်းကုန်ပေးဆပ်ကစားသွားပါမယ် ဒါပေမယ့် ကျွန်တော့်အိမ်မက်က ယူနိုက်တက်နဲ့အတူ ပရီးမီး ယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလားတွေဆုခူးနေဖို့ပါ ဒီ အရာက ကျွန်တော့်အတွက် ရည်မှန်းချက် နဲ့ ပန်တိုင်းဖြစ် ပါတယ် ဆိုပြီးပြောခဲ့ပါတယ် ဒီလို ယူနိုက်တက် DNAအပြည့်ရှိတဲ့ ဒီယာလိုတစ်ယောက် ခြေစွမ်းပြနိုင်ပြီး ပွဲထွက်ခွင့်ရရှိနိုင်ပါစေ ဆုတောင်းရင်း

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER