Local News

ပရိသတ်တွေလုံးဝမမြင်ဖူးသေးတဲ့ ချစ်စရာ ငယ်ဘဝပုံရိပ်လေးကိုချပြပြီး အမှတ်တရတွေပြောပြလာတဲ့ ပွင့်

ျပည္သူခ်စ္ အနုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ပြင့္ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုနွစ္ကတည္းကေန ဒီေန့ဒီအခ်ိန္ထိ ေအာင္ျမင္ေနဆဲ အနုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပြင့္ကေတာ့ သူမရဲ့ ခႏၶာကိုယ္အခ်ိဳးအစားနဲ့ ပက္သတ္ျပီး စိတ္ပ်က္သိမ္ငယ္ျခင္းမရိွသူတစ္ေယာက္ျဖစ္ျပီး ပရိသတ္ေတြကလည္း သူမရဲ့ ဝဝဖြံ့ဖြံ့ ခႏၶာကိုယ္ေလးကိုပဲ ခ်စ္ေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ပြင့္က ကရင္နွစ္သစ္ကူးေန့အတြက္ နႈတ္ဆက္ရင္း သူမရဲ့ ရွားရွားပါးပါး ငယ္ဘဝပံုရိပ္ေလးကို ခ်ျပလာတာေတြ့ရပါတယ္။

“ေပ်ာ္႐ႊင္စရာကရင္ႏွစ္သစ္ကူးေန႔ေလးျဖစ္ပါေစေနာ္.. ေဘဘီပြင့္ေလး ငယ္ငယ္တုန္းကမူႀကိဳမွာ ကရင္ဒုံးယိမ္း ကခဲ့တုန္းကေပါ့ေမာင္ ညီမေလး​တို႔ေရ။ ဒီကေလးမေလးက တေန႔က်ရင္ယူတို႔အခ်စ္ေတာ္ေဘဘီပြင့္ေလးျဖစ္လာလိမ့္မယ္လို႔ ထင္ခဲ့ပါ့မလားရွင့္😁 ငယ္ငယ္ကနဲ႔ အခုနဲ႔တူလား ဘယ္အ႐ြယ္ေလးကိုပိုခ်စ္လဲ မွန္မွန္ေျပာ😁😁” ဆိုျပီး သူမရဲ့ ရွားရွားပါးပါး ငယ္ဘဝပံုရိပ္ေလးတစ္ခုကို ျပသလာခဲ့ပါတယ္။

ပြင့္ကေတာ့ သူမရဲ့ ငယ္ဘဝပံုရိပ္ေလးက ျဖဴျဖဴေဖြးေဖြးေလးနဲ့ အရမ္းခ်စ္စရာေကာင္းတာပဲေနာ္။ ပရိသတ္ၾကီးလည္း ပြင့္ေမးသလို ငယ္ငယ္ကနဲ့ အခု ဘယ္အရြယ္ေလးကို ပိုခ်စ္လဲ ေျပာျပခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Pwint – ပြင့္’s fb
Crd – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေလုံးဝမမြင်ဖူးသေးတဲ့ ချစ်စရာ ငယ်ဘဝပုံရိပ်လေးကိုချပြပြီး အမှတ်တရတွေပြောပြလာတဲ့ ပွင့်

ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပွင့်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပွင့်ကတော့ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပက်သတ်ပြီး စိတ်ပျက်သိမ်ငယ်ခြင်းမရှိသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ ဝဝဖွံ့ဖွံ့ ခန္ဓာကိုယ်လေးကိုပဲ ချစ်နေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပွင့်က ကရင်နှစ်သစ်ကူးနေ့အတွက် နှုတ်ဆက်ရင်း သူမရဲ့ ရှားရှားပါးပါး ငယ်ဘဝပုံရိပ်လေးကို ချပြလာတာတွေ့ရပါတယ်။

“ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေနော်.. ဘေဘီပွင့်လေး ငယ်ငယ်တုန်းကမူကြိုမှာ ကရင်ဒုံးယိမ်း ကခဲ့တုန်းကပေါ့မောင် ညီမလေးတို့ရေ။ ဒီကလေးမလေးက တနေ့ကျရင်ယူတို့အချစ်တော်ဘေဘီပွင့်လေးဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ပါ့မလားရှင့်😁 ငယ်ငယ်ကနဲ့ အခုနဲ့တူလား ဘယ်အရွယ်လေးကိုပိုချစ်လဲ မှန်မှန်ပြော😁😁” ဆိုပြီး သူမရဲ့ ရှားရှားပါးပါး ငယ်ဘဝပုံရိပ်လေးတစ်ခုကို ပြသလာခဲ့ပါတယ်။

ပွင့်ကတော့ သူမရဲ့ ငယ်ဘဝပုံရိပ်လေးက ဖြူဖြူဖွေးဖွေးလေးနဲ့ အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ပွင့်မေးသလို ငယ်ငယ်ကနဲ့ အခု ဘယ်အရွယ်လေးကို ပိုချစ်လဲ ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Pwint – ပွင့်’s fb
Crd – Cele Connections