Local News

သားအမိလား ညီအစ်မတွေလား မသဲကွဲဘူး ချစ်ဖို့ကောင်းလိုက်တာ




Credit – Cele Zone

Photo – Khine Thin Kyi

မြန်မာ့ရုပ် ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ စွယ်စုံရ အနုပညာရှင် တစ်ယောက်ပါ။ ခိုင်သင်းကြည်က လက်ရှိမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့သာလုပ် ကိုင်နေတာတွေ့ရပါတယ်။

အလှအပနဲ့ပတ်သက်လာရင်လည်း ယနေ့အချိန်ထိ ခိုင်သင်းကြည်က ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး လှပချောမောနေတုန်းပါ။ ဒါ့အပြင် မခိုင်လေးရဲ့သမီးလေး စံထိပ်ထားဦးကလည်း အရွယ်ရောက်ကာ လှသွေးကြွယ်လာပြီး ချစ်စရာကောင်းတာမို့ ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြပါသေး တယ်နော်။

မကြာခဏဆိုသလို သားအမိနှစ်ယောက်ရဲ့ ချစ်စရာပုံလေးတွေပါမက အပျော်ဆော့ထားတဲ့ tik tok ဗီဒီယိုလေးတွေကိုလည်းဖော်ပြလေ့ရှိရာ ပရိသတ်တွေကလည်းချစ်လို့အမြဲစောင့်ကြည့်အားပေးနေကြတာပါ။ အခုလည်း ချစ်စရာအရမ်း​ကောင်းတဲ့ ဝတ်စုံလေးကိုဆင်တူဝတ်ကာ ခေတ်စားနေတဲ့ tik tok လေးကို အမိုက်စားပြန်လည်ဆော့ပြထားရာ အခါခါပြန်ကြည့်ချင်ရလောက်အောင် ချစ်စရာကောင်းနေတာကြောင့် ကြည့်ရှုသူများပြားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း မခိုင်လေးတို့ သားအမိရဲ့ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေး လိုက်ပါရစေ။

Credit – Cele Zone

Photo – Khine Thin Kyi