Local News

လူအများရဲ့အမြင်မှာတော့ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်ပေမယ့် အိမ်မှာတော့ သားလေးရဲ့ အရုပ်တစ်ရုပ်ဖြစ်နေရကြောင်းပုံနှင့်တကွပြသလိုက်တတဲ့ ဇဏ်ခီ




Credit – Cele Zone
Photo – Zenn Kyi

မိဘတွေဟာ ကိုယ့်သား သမီးတွေရဲ့ပျော်ရွှင်မှုကိုအလေးထားပြီး ကလေးတွေရဲ့အပြုံးဟာ မိဘတွေအတွက် ခွန်အားတစ်ခုပါပဲ။ ဇဏ်ခီကလည်း သားလေးနိုဝါကိုသိပ်ချစ်ပြီး အမြဲအတူတူကစားကာ ကလေးပျော်အောင်ဖန်တီးပေးတဲ့ ဖခင်ကောင်းတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာလည်း နိုဝါတစ်ယောက် ဖေဖေ့ကိုတီဗီ လိုသဘောထားကာ ရီမုကိုနှိပ်ပြီး စိတ်ကြိုက်ကစားနေခဲ့တာပါ။

ဖေဖေကည်း သားလေးစိတ်တိုင်းကျပုံစံတွေပြောင်းပြီး ကလေးရယ်မောပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့ပါတယ်။ သားအဖ နှစ်ယောက်ကစားနေတဲ့ပုံလေးတစ်ခုကို ” ဘိုင်စကုတ်မင်းသားရဲ့ ဆေးစက်ကျရာဘဝ ” ဆိုပြီး ဖေဖေက ဝေမျှခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒီပုံလေးကို အရမ်းသဘောကျပြီး ချစ်ဖို့ကောင်းကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

အလုပ်တွေရှိနေပေမယ့်လည်း ကလေးကိုအချိန်သပ်သပ်ပေးပြီး ကလေးအတွက်လည်း ဂရုတစိုက်ရှိခဲ့ပါတယ်။ ရုပ်ရှင်တွေ ရိုက်နေခဲ့ တဲ့အချိန်တုန်းက နိုဝါလေးကို အချိန်သိပ်မပေး နိုင်ခဲ့ဘဲ ကလေးနေမကောင်းဖြစ်ခဲ့တာတောင်မှ မပြန်လာနိုင်ခဲ့ကြပါဘူး။ လက်ရှိ Stay Home ကာလမှာတော့ သားလေးနဲ့အတူ ရသမျှအချိန်တွေအကုန် အတူတူဖြတ်သန်းရင်း ပျော်စရာ မိသားစုဘဝလေး ကို ဇဏ်ခီက အပြည့်အဝရယူနေခဲ့ပါ တယ်။

Credit – Cele Zone
Photo – Zenn Kyi