Sports

ဆိုးရှားလ်အနေနဲ့ လက်စတာနောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ အကြံပေးခဲ့တဲ့ ပေါစခိုးလ်

ယူနိုက်တက်အသင်းရယ့် ကစားသမား‌ဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်ကတော့ နည်းပြဆိုးရှား‌အနေနဲ့ ယခု ဇန်နဝါရီလအပြောင်းအရွေ့မှာ လက်စတာစီးတီးအသင်းရယ့် နောက်ခံလူ တစ်ဦးဖြစ်တဲ့ ၀က်စလေ ဖော့ဖနာ့ ကို ခေါ်ယူဖို့ အကြံပေးပြောဆိုခဲ့ပါတယ် မက်ဂွိုင်းယားနဲ့ ဘိုင်ယီဆို့ဟာ လင်ဒီလော့ဒ် ဒဏ်ယာရနေတဲ့အခြေအနေမှာ တွဲဖက်ကစားနေခဲ့ပါတယ်။

ပေါလ်စခိုးကတော့ ဆိုးရှားလ်အနေနဲ့ ဘိုင်ယီဟာ ဒဏ်ယာအခြေအနေကို စိုးရိမ်ရပြီး လင်ဒီလော့ဒ်ကို အပြည့်အ၀ ယုံကြည်လို့မ‌ရသေးဘူးဆိုပြီး ပြောဆိုခဲ့ပါသေးတယ် ဆိုးရှားလ်အနေနဲ့ လက်စတာနောက်ခံလူ ၀က်စလေကို ခေါ်ယူပြီး နောက်တန်း အင်အားဖြည့်ဖို့ အကြံပေးခဲ့တာပါ ပေါလ်စခိုးက ယူနိုက်တက်ရယ့် နောက်တန်းမှာ ဆိုးရှားလ်အနေနဲ့ မက်ဂွိုင်းယားရယ့် တွဲကစားဖို့ အကောင်းဆုံးသူက ဘိုင်ယီဆိုတာ သိခဲ့ပြီလို့ထင်ပါတယ်။

ဒါပေမယ့် ဘိုင်ယီက ဒဏ်ရာအခြေအနေက စိတ်မချရပါဘူး ဆိုးရှားအနေနဲ့ လင်ဒီလော့ဒ်ဟာလည်း အ ကောင်းဆုံးအခြေအနေမှာ ရှိတယ်လို့ ထင်လောက်ပါတယ် လင်ဒီလော့ဒ်က အပြည့်အ၀ စိတ်မချရပါဘူး ဒါကြောင့် ဆိုးရှားလ်အနေနဲ့ လက်စတာနောက်တန်းကစားသမား ၀က်စလေကို ခေါ်ယူသင့်တယ်လို့ ထင်ပါတယ် သူက အသက်နှစ်ဆယ်သာရှိသေးပေမယ့် စိတ်ချရမယ်လို့ ထင်ပါတယ် ဆိုပြီးပြောခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode




TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER