ကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေရရှိရေးလက်ဝှေ့ပွဲမှာ မိုးအောင်ရင် နှင့် J Fire ယှဥ်ပြိုင် ထိုးသတ်မည်

ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရရှိနိုင်ရန်အတွက် အစိုးရနှင့် ပြည်သူတစ်ရပ်လုံး

အင်တိုက်အားတိုက် ကြိုးစားနေကြတဲ့အချိန် မှာ


အနုပညာရှင်များ အားလုံးကလည်း တတ်နိုင်တဲ့

ဘက်ကနေ ထောက်ပံ့ကူညီနေကြတာ တွေ့ရပါတယ်။


မြန်မာပြည်မှာ မည်သည့်ကပ်ဘေးတွင်မဆို

ရန်ပုံငွေ များဖြင့် ထောက်ပံ့ပေးနေကြတဲ့ အနုပညာရှင်များ

ဟာဆိုရင်ဖြင့် ခုခါမှာလည်း ကိုဗစ်ကာကွယ်ဆေး အမြန်ဆုံး

ဝယ်ယူရရှိနိုင်ရန် တတ်နိုင်တဲ့ဘက်ကနေ ရန်ပုံငွေရှာဖွေနေကြပါပြီ။


သရုပ်ဆောင် မိုးအောင်ရင်ကတော့ သရုပ်ပြတယ်ဆိုပေမယ့်

လက်သီးတွေက တကယ်ထိုးရတာကြောင့်

မတော်လို့ ထိမိတာမျိုးတွေ ရှိမယ်။


သူငယ်ချင်းတွေက ရေရေလည်လည် ဖြုတ်ဖို့ အခုကတည်းက

အားပေးတာတွေတောင် ရှိလာတယ်။ မိဘ နှစ်ပါးကတော့ စိတ်ပူနေကြတယ်လို့

ကိုဗစ်ကာကွယ်ဆေး ရန်ပုံငွေ ရရှိရေး လက်ဝှေ့မှာ အဆိုတော် J Fire နဲ့


ယှဥ်ပြိုင် ထိုးသတ်မယ့် အကြောင်း ပြောပြလာတဲ့

သရုပ်ဆောင် မိုးအောင်ရင်
#crd