Local News

သူမလိုချင်တာကိုချက်ချင်းဝယ်ပေးတဲ့ဖေဖေ့ကြောင့် မောင်လေးနဲ့ညီမလေးကို စိတ်မကောက်အောင်ချော့လိုက်တဲ့ နေခြည်ဦး




Source: Nay Chi Oo ‘s fb

ချစ်လှစွာသော ပရိသတ်တွေချစ်ကြတဲ့ နေခြည်ဦးကတော့ နိုင်ငံခြားကနေ ကျောင်းသွားတက်ပြီး မြန်မာပြည်ပြန်ရောက်လာချိန်မှာ Beauty Blogger တစ်ယောက်အဖြစ် သူမရဲ့ ဝါသနာကို အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး သွက်လက်ချက်ချာလွန်းတဲ့ နေခြည်ဦးက နှစ်အနည်းငယ်အတွင်းမှာတင် အောင်မြင်လာခဲ့ပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ကျော်ကြားလာခဲ့ပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးက အောင်မြင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်ပေမယ့် မိဘတွေဆီကနေ ဂရုစိုက်စောင့်ရှောက်ခြင်းကိုလည်း အမြဲတ်မးခံနေရသူလေး ဖြစ်ပါတယ်။

လတ်တလောမှာတော့ နေခြည်ဦးက သူမအတွက် လိုချင်တာဆို ချက်ချင်းဝယ်ပေးတဲ့ ဖေဖေ့ကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေခြည်ဦးက သူမလိုချင်တာဆို ချက်ချင်းဝယ်ပေးတဲ့ ဖေဖေနဲ့ ဗီဒီယိုလေးတစ်ခုကို ပြန် Share ပြီး “Awwwwnnn ဒီလို ဖြတ်တင်ထားတာလေး အခုမှ တွေ့တယ် Myo Myint Sein 🥰💋🥰💋 Sane Let နဲ့ Kevin ကိုမမ ကပြန်ဝယ်ပေးမယ် 😘😘” ဆိုပြီး မောင်လေး ကယ်ဗင်နဲ့ ညီမလေး စိမ်းလဲ့ကို ချော့မော့နေတာ တွေ့ရပါတယ်။

နေခြည်ဦးကတော့ မိသားစုရဲ့ သမီးကြီးပီသသလို မောင်လေး၊ ညီမလေးတွေအတွက်လည်း အစ်မကြီးပီသသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားလေးကို ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Nay Chi Oo ‘s fb
Credit – Cele Connections