Local News

ရဲတပ်ဖွဲ့အားကိုအောင်ကြီးမှ တရားစွဲထားသည့်အမှုကို အပြီးစစ်ဆေးမည့်ရက် ကြေညာလိုက်ပါပြီဗျာ

ဗစ္တိုးရီးယားအမႈႏွင့္ပတ္သက္ၿပီး တရားခံဟု ယူဆခံခဲ့ရသည့္ယာဥ္ေမာင္းေအာင္ႀကီးမွ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႔မွ မမွန္မကန္တရားစြဲဆိုခံရသည့္အတြက္နစ္နာေၾကးေငြက်ပ္သိန္း ၅ ေထာင္ ရလိုမႈျဖင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔ကိုတရားစြဲဆိုရန္ ဒကၡိဏသီရိခရိုင္ တရား႐ုံးသို႔အဆိုျပဳလႊာ

တင္သြင္းခဲ့ရာ႐ုံးေတာ္မွဒီဇင္ဘာလ ၁၈ ရက္ေန႔ကလက္ခံခဲ့ပါတယ္။ ထိုသို႔႐ုံးေတာ္မွလက္ခံခဲ့သည့္အတြက္ ဇန္နဝါရီလ ၁၅ ရက္ ေန႔တြင္ရဲတပ္ဖြဲ႔မွ ျငင္းခ်က္သမၼန္စာကိုဒုတိယရဲမႉးႀကီးဝင္းျမင့္မွ လာေရာက္ခဲ့ေၾကာင္းေအာင္ႀကီးဘက္မွအမႈလိုက္ပါေဆာင္႐ြက္ေပးသူတရားလႊတ္ေတာ္ေရွ႕ေန

ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။ “အဲဒီေတာ့ သူက တရားသူႀကီးေရွ႕မွာစၿပီးေတာ့အမႈရဲ႕သေဘာသဘာဝေျပာတယ္။ ေျပာၿပီးေတာ့႐ုံးခ်ိန္းကေတာ့ ေလးပတ္ စၿပီးေတာ့ခြာလိုက္ပါတယ္။ ဒီအမႈရဲ႕အမ်ိဳးအစားကို သတ္မွတ္တဲ့အခါမွာေတာ့ရက္ေပါင္း ၅၄၀ တြင္းအၿပီးစစ္ရမယ့္အမႈလို႔

သတ္မွတ္ပါတယ္” ဟု ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။ ရက္ေပါင္း ၅၄၀ အတြင္းအၿပီးစစ္ေဆးမည္ဆိုေသာ္လည္း ျပႆနာတစ္စုံတစ္ခု ေပၚေပါက္ပါကတရားလႊတ္ေတာ္ခ်ဳပ္႐ုံးထိတက္ရပါကရက္ေပါင္း ၅၄၀ ေက်ာ္နိုင္ေၾကာင္း သိရပါတယ္။ “တခါတခါမွာမူလ႐ုံးကေနစစ္လိုက္တဲ့

စာ႐ြက္စာတန္းတခုတင္သြင္းသင့္မသြင္းသင့္စသျဖင့္ ျပႆနာတခုခုေပၚလာရင္အဲတာေတြကိုအေပၚ႐ုံးေတြအဆင့္ဆင့္တက္လို႔တရားလႊတ္ေတာ္ခ်ဳပ္အထိတက္ရတယ္ဆိုရင္ ၅၄၀ ကလည္းေက်ာ္သြားတတ္တယ္” ဟုဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။ ယင္းအမႈႏွင့္ပတ္သက္ၿပီးတရားလို

ေအာင္ႀကီးအေနျဖင့္ညွိႏွိုင္းလိုျခင္းမရွိပဲအဆုံးထိသာလုပ္ေဆာင္လိုေၾကာင္းေျပာပါတယ္။ “ကြၽန္ေတာ္ဘက္က ဘာမွသိပ္ေထြေထြထူးထူးေျပာစရာမရွိပါဘူး။ အေစာကအဘေျပာသြားသလို ေစ့စပ္ညွိႏွိုင္းရမယ္တဲ့။ ကြၽန္ေတာ့ဘက္ကေန ဒီကိစၥနဲ႔ပတ္သက္ၿပီးညွိႏွိုင္းမလားတဲ့။ ကြၽန္ေတာ္က

မညွိႏွိုင္းဘူးလို႔ေျပာတယ္။ သူတို႔ကလည္းမညွိႏွိုင္းဘူးလို႔ေျပာပါတယ္။ ဒါကေတာ့မညွိႏွိုင္းခ်င္ဘူးဆိုတာကအဆုံးထိပဲသြားခ်င္တာေပါ့ေနာ့” ဟု ေအာင္ႀကီးကေျပာပါတယ္။လာမည့္႐ုံးခ်ိန္းကိုေတာ့ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ကိုျပန္လည္ခ်ိန္းဆိုထားၿပီးအဆိုပါေန႔တြင္ကိုယ္စားလွယ္စာမ်ား

တင္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္မတ္လကေနျပည္ေတာ္ ေကာင္စီနယ္ေျမသေျပကုန္းတြင္ဖြင့္လွစ္ထားသည့္ Wisdom Hill မူႀကိဳေက်ာင္းတြင္ကေလးငယ္ေလးတစ္ဦးအားမဖြယ္မရာျပဳလုပ္သည့္အတြက္မိခင္ကိုယ္တိုင္မွ ရဲစခန္းသို႔အမႈဖြင့္တိုင္ၾကားခဲ့ရာ

ေက်ာင္းႀကီးၾကပ္ေရးမႈး၏ ကားေမာင္းသူယာဥ္ေမာင္းေအာင္ႀကီးကို သံသယတရားခံအျဖစ္ ဖမ္းဆီးခဲ့ျခင္း ျဖစ္ပါတယ္။ ထိုသို႔ဖမ္းဆီးၿပီးအမႈေပၚေပါက္ျခင္းမရွိသည့္အတြက္ ၂၀၁၉ ခုႏွစ္ဒီဇင္ဘာလ ၁၈ ရက္ေန႔ကယာဥ္ေမာင္းေအာင္ႀကီးကို

ဒကၡိဏသီရိခရိုင္တရား႐ုံးမွတရားရွင္ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး တရားခံဟု ယူဆခံခဲ့ရသည့်ယာဉ်မောင်းအောင်ကြီးမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မမှန်မကန်တရားစွဲဆိုခံရသည့်အတွက်နစ်နာကြေးငွေကျပ်သိန်း ၅ ထောင် ရလိုမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုတရားစွဲဆိုရန် ဒက္ခိဏသီရိခရိုင် တရားရုံးသို့အဆိုပြုလွှာ

တင်သွင်းခဲ့ရာရုံးတော်မှဒီဇင်ဘာလ ၁၈ ရက်နေ့ကလက်ခံခဲ့ပါတယ်။ ထိုသို့ရုံးတော်မှလက်ခံခဲ့သည့်အတွက် ဇန်နဝါရီလ ၁၅ ရက် နေ့တွင်ရဲတပ်ဖွဲ့မှ ငြင်းချက်သမ္မန်စာကိုဒုတိယရဲမှူးကြီးဝင်းမြင့်မှ လာရောက်ခဲ့ကြောင်းအောင်ကြီးဘက်မှအမှုလိုက်ပါဆောင်ရွက်ပေးသူတရားလွှတ်တော်ရှေ့နေ

ဦးခင်မောင်ဇော်ကပြောပါတယ်။ “အဲဒီတော့ သူက တရားသူကြီးရှေ့မှာစပြီးတော့အမှုရဲ့သဘောသဘာဝပြောတယ်။ ပြောပြီးတော့ရုံးချိန်းကတော့ လေးပတ် စပြီးတော့ခွာလိုက်ပါတယ်။ ဒီအမှုရဲ့အမျိုးအစားကို သတ်မှတ်တဲ့အခါမှာတော့ရက်ပေါင်း ၅၄၀ တွင်းအပြီးစစ်ရမယ့်အမှုလို့

သတ်မှတ်ပါတယ်” ဟု ဦးခင်မောင်ဇော်ကပြောပါတယ်။ ရက်ပေါင်း ၅၄၀ အတွင်းအပြီးစစ်ဆေးမည်ဆိုသော်လည်း ပြဿနာတစ်စုံတစ်ခု ပေါ်ပေါက်ပါကတရားလွှတ်တော်ချုပ်ရုံးထိတက်ရပါကရက်ပေါင်း ၅၄၀ ကျော်နိုင်ကြောင်း သိရပါတယ်။ “တခါတခါမှာမူလရုံးကနေစစ်လိုက်တဲ့

စာရွက်စာတန်းတခုတင်သွင်းသင့်မသွင်းသင့်စသဖြင့် ပြဿနာတခုခုပေါ်လာရင်အဲတာတွေကိုအပေါ်ရုံးတွေအဆင့်ဆင့်တက်လို့တရားလွှတ်တော်ချုပ်အထိတက်ရတယ်ဆိုရင် ၅၄၀ ကလည်းကျော်သွားတတ်တယ်” ဟုဦးခင်မောင်ဇော်ကပြောပါတယ်။ ယင်းအမှုနှင့်ပတ်သက်ပြီးတရားလို

အောင်ကြီးအနေဖြင့်ညှိနှိုင်းလိုခြင်းမရှိပဲအဆုံးထိသာလုပ်ဆောင်လိုကြောင်းပြောပါတယ်။ “ကျွန်တော်ဘက်က ဘာမှသိပ်ထွေထွေထူးထူးပြောစရာမရှိပါဘူး။ အစောကအဘပြောသွားသလို စေ့စပ်ညှိနှိုင်းရမယ်တဲ့။ ကျွန်တော့ဘက်ကနေ ဒီကိစ္စနဲ့ပတ်သက်ပြီးညှိနှိုင်းမလားတဲ့။ ကျွန်တော်က

မညှိနှိုင်းဘူးလို့ပြောတယ်။ သူတို့ကလည်းမညှိနှိုင်းဘူးလို့ပြောပါတယ်။ ဒါကတော့မညှိနှိုင်းချင်ဘူးဆိုတာကအဆုံးထိပဲသွားချင်တာပေါ့နော့” ဟု အောင်ကြီးကပြောပါတယ်။လာမည့်ရုံးချိန်းကိုတော့ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကိုပြန်လည်ချိန်းဆိုထားပြီးအဆိုပါနေ့တွင်ကိုယ်စားလှယ်စာများ

တင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မတ်လကနေပြည်တော် ကောင်စီနယ်မြေသပြေကုန်းတွင်ဖွင့်လှစ်ထားသည့် Wisdom Hill မူကြိုကျောင်းတွင်ကလေးငယ်လေးတစ်ဦးအားမဖွယ်မရာပြုလုပ်သည့်အတွက်မိခင်ကိုယ်တိုင်မှ ရဲစခန်းသို့အမှုဖွင့်တိုင်ကြားခဲ့ရာ

ကျောင်းကြီးကြပ်ရေးမှုး၏ ကားမောင်းသူယာဉ်မောင်းအောင်ကြီးကို သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ဖမ်းဆီးပြီးအမှုပေါ်ပေါက်ခြင်းမရှိသည့်အတွက် ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ ၁၈ ရက်နေ့ကယာဉ်မောင်းအောင်ကြီးကို

ဒက္ခိဏသီရိခရိုင်တရားရုံးမှတရားရှင်ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်