Sports

ဒီဇင်ဘာလရယ့် အကောင်းဆုံးကစားသမားဆုကိုရရှိပြီး စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်

ယနေ့မှာတော့ ဒီဇင်ဘာလရယ့် ပရီးမီးယားလိဒ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖါနန်ဒက်စ်က ဖြင့် ရရှိခဲ့ပါတယ် ဒီဇင်ဘာလ အကောင်းဆုံးဆုရှင် ဘရူနိုဖာနန်ဒက်စ်က  ၃ ဂိုးသွင်းယူပြီး ၄ ဂိုးဖန်တီးပေးနိုင်ခဲ့တာဟာ ကျနော့်အတွက်တော့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ လ တစ်လ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ပရော်ဖက်ရှင်နယ် အရကြည့်ရင်တော့ အကောင်းဆုံးနှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ် ကျနော်ပြောခဲ့ဖူးသလိုပဲ ကျနော်က ယူနိုက်တက် အသင်း နှင့်အတူ အခြား ဆုဖလားတွေ ၊ ဆုတံဆိပ်တွေကို ရယူချင်ပါသေးတယ် ဒါပေမယ့်လည်း အခု လိုမျိုး ပရီးမီးယားလိဂ် သမိုင်း ကြောင်းမှာ ပထမဆုံးအနေနဲ့ ပရီးမီးယားလိဂ်

အကောင်းဆုံး ကစားသမားဆုကို တစ်နှစ်အတွင်း ၄ ကြိမ်တိတိ ရရှိခဲ့တာကို အရမ်းပျော်ရွှင်ဝမ်းသာမိပါတယ်  လို့ ပြောကြားသွားပါတယ် ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုများကိုတော့ ဖေဖော်ဝါရီလ ၊ ဇွန်လ ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အစရှိတဲ့ ၂၀၂၀ ခုနှစ်အတွင်း ၄ ကြိမ်တိတိ ရရှိခဲ့တာဖြစ်ပါတယ်။

ဟင်နရီ၊ ရော်နယ်ဒိုတို့ ပရီးမီးယားလိဒ်ကစားသမား ဘ၀မှာ ရရှိဖူးတဲ့ လေး ကြိမ်ကို တစ်နှစ်ထဲနဲ့ အမှီလိုက်နိုင်ခဲ့ပြီးဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER