Sports

ကြိုးကြာနီတွေနဲ့ သရဲနီတို့ရယ့် ဇယားထိပ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်‌အုံးမယ့် တိုက်ပွဲ

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလ 17ရက် တနင်္ဂ နွေနေ့ ည 11နာရီအချိန်မှာ လီဗာပူးလ်အသင်းနဲ့ အန့်ဖီးလ်ကွင်းကြီးမှာ ပရီးမီးယားလိဒ် ပွဲစဉ် 19အဖြစ် ယှဉ်ပြိုင်ကြမှာဘဲဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုတွေ ပြင်း ထန်လေ့ရှိတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှာဖြစ်တဲ့ အ တွက် ပရိတ်သတ်တွေ စိတ်အ၀င်စားဆုံးပွဲတစ်ပွဲဘဲဖြစ်ပါတယ်။

ဇယားထိပ်မှာရပ်တည်နေတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ အတွက် ဂုဏ်သိက္ခာပိုင်းအရကော အမှတ်ရဖို့အတွက်လည်း ကြိုးစား ကြပါအုံးမှာပါ ယူနိုက်တက်က လီဗာပူးလ်ကို သုံးမှတ်အသာနဲ့ အဆင့်တစ်မှာရပ်တည်နေပါတယ် အဝေးကွင်းမှာ ရလဒ်‌တွေကောင်းနေတဲ့ ယူနိုက်တက်တို့ကို အိမ်ကွင်းအားကောင်းတဲ့ လီဗာပူးလ်တို့နဲ့တွေ့ဆုံမှာဘဲဖြစ်ပါတယ်။

ထိုနှစ်သင်းတွေ့ဆုံမှုတွေမှာတော့ အရင်ရာသီမှာ လီဗာပူးလ်တို့က အသားစီး‌ရနေပေမယ့် ယူနိုက်တက်တို့က ယခုခြေစွမ်းပိုင်းအရ ‌အကောင်းမွန်ဆုံးအခြေ အနေမှာရှိပါတယ် လီဗာပူးလ်မှာ ဗန်ဒိုက်ပြီး‌ တော့ တခြား အဓိက ကစားသမားတွေ ဒဏ်ရာအခြေအနေကြုံတွေ့နေရပြီး ယူနိုက်တက်ကတော့ ဝီလီးယျံနဲ့ ‌ဖီးဂျုံးသာ ထိုပွဲစဉ်နဲ့ လွှဲခြော်မှာပါ။

အဆင့်သုံးက မန်စီးတီးအသင်းကလည်း ဖိအားပေးနေတဲ့အတွက် နှစ်သင်းလုံးအတွက် သတိထားရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ည 11နာရီမှာ ပရိတ်သတ်တွေအားလုံး ရင်ခုံစိတ်လှုပ်ရှားရမယ့် အကြိအနယ်ယှဉ်ပြိုင်ကြမယ့် ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER