Sports

လီဗာပူးကွင်းလယ်အကုန်လုံး‌ပေါင်းတောင် အသာစီးရနေတဲ့ ယူနိုက်တက်ကစားသမား ဘရူနို

တနင်္ဂနွေနေ့ ည 11နာရီမှာတော့ ယူနိုက်တက်ဟာ အန်ဖီးလ်ကွင်းကြီးမှာ လီဗာပူးလ်အသင်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ် ယူနိုက်တက် ပရိသတ်တွေကတော့ ဘရူနိုဖာနန်ဒက်စ်ကို ဒီပွဲအပေါ်အများကြီးမျှော်လင့်ထားကြပါတယ် ဘရူနိုကတော့ ဒီဇင်ဘာလ အကောင်းဆုံးဆုကို ရရှိထားတဲ့အပြင် သွင်းဂိုးတွေလည်း ရယူထားသူပါ။

မန်ယူကွင်းလယ်နဲ့ လီဗာပူးလ်ကွင်းလယ်နဲ့ နှိုင်းယှဉ်ကြည့်ကြတဲ့အခါ ဘရူနိုတစ်ယောက်ရယ့် ပင်နယ်တီသွင်းဂိုးတွေဖယ်ပြီး ကျန်ဂိုးတွေနဲ့တောင် လီဗာပူးလ်ကွင်းလယ်ထက် အသာစီးရယူထားပါတယ် လီဗာပူးလ်ရယ့် အဓိက ကွင်းလယ်လူ ဟန်ဒါဆန် က သွင်းဂိုးတစ်ဂိုး ဖန်တီးမှုတစ်ကြိမ်သာရရှိထားပါတယ်။

ယူနိုက်တက်က ရမှတ် 36မှတ်နဲ့ လီဗာပူးလ်ကို သုံးမှတ်အသာနဲ့ ဇယားထိပ်မှာရပ်တည်နေပါတယ် ဘရူနိုက ဒီဇင်ဘာလ တစ်လတည်းတင် သွင်းဂိုးသုံးဂိုးနဲ့ ဂိုးဖန်တီးမှုလေးကြိမ်ထိရှိပါတယ် ယခု တစ်ရာသီလုံးအ နေနဲ့ဆိုရင် ဘရူနိုဟာ သွင်းဂိုး 11ဂိုး ဂိုးဖန်တီးမှု 7 ကြိမ်ထိရှိပါတယ်။

ဘရူနိုတစ်ယောက်နဲ့တင် လီဗာပူးလ်ကွင်းလယ်ကို အသာစီးရနေတဲ့ ယူနိုက်တက်တို့ အန်ဖီးလ်ကွင်းကြီးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာဘဲ‌ဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER