Local News

မန္တလေးမှာ အားဖြည့်အချိုရည် အတု ပြုလုပ်နေတဲ့နေရာကို ဝင်ရောက်ဖမ်းဆီ

မန္တလေးမှာ အားဖြည့်အချိုရည် အတု ပြုလုပ်နေတဲ့နေရာကို ဝင်ရောက်ဖမ်းဆီး

မန္တလေး၊ အောင်မြေသာစံမြို့နယ်မှာ အားဖြည့်အချိုရည် အတုပြုလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီးခြင်းကိုတော့ ဇန်နဝါရီ၁၄ရက်ည ၉နာရီ၁၅မိနစ်က ဒေါနဘွားရပ် ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၆၂ လမ်းရှိ အရောင်းအဝယ်လုပ်ကိုင်သူ

ဦးပီကူးမား(ဘ) ဦးကေ့စ်ဗဟာဒူး၊ အသက်၆၅နှစ်၏နေအိမ်မှာ အား ဖြည့်အချိုရည်များ အတုပြုလုပ်နေကြောင်းကို သတင်းအရ ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့တာပါ။အဆိုပါဖော်ထုတ်စစ်ဆေးရာမှာ မန္တလေးတိုင်းဒေသကြီး မှုခင်းအကူဌာနစုက

ရဲအုပ်ထွန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲအုပ်မြစိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇင်မြင့်၊ အမှတ်(၁)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးလွင်၊ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ် အောင်ကျော်မျိုးနှင့်

နယ်ထိန်းတပ်ဖွဲ့ဝင်များ၊အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တ လေး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေး ငြိမ်းမြတ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဘုန်းမြင့်ကျော်နှင့်ဝန်ထမ်းများ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ

ဦးစီးအရာရှိ ဒေါက်တာဖြိုးဝေမောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်အောင်နှင့် ရာအိမ်မှူးများကပူးပေါင်းပြီးတော့ ဦးပီကူးမား၏ နေအိမ်သို့ဝင်ရောက်ရှာဖွေ စစ်ဆေးကြတာပါ။ထိုသို့ရှာဖွေစစ်ဆေးရာတွင် ဦးပီကူးမား၏

နေအိမ်တိုက်ခန်းအပေါ်ထပ်၄လွှာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသော ဘွိုင်လာအိုး(၃)လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီးတစ်ခုနှင့် အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများအား

ရှာဖွေစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီးတော့ အမှုဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရပါတယ်။ဇော်လင်းဦး( အောင်စံ)IPRD (Aung Myay Thar San)

Unicode…မန္တလေးမာ အားဖြည့်အချိုရည် အတု ပြုလုပ်နေတဲ့နေရာကို ဝင်ရောက်ဖမ်းဆီး

မန္တလေး၊ အောင်မြေသာစံမြို့နယ်မာ အားဖြည့်အချိုရည် အတုပြုလုပ်နေမအား ဖော်ထုတ်ဖမ်းဆီးခြင်းကိုတော့ ဇန်နဝါရီ၁၄ရက်ည ၉နာရီ၁၅မိနစ်က ဒေါနဘွားရပ် ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနင့်၁၇လမ်းကြား၊ ၆၂ လမ်းရအရောင်းအဝယ်လုပ်ကိုင်သူ

ဦးပီကူးမား(ဘ) ဦးကေ့စ်ဗဟာဒူး၊ အသက်၆၅နစ်၏နေအိမ်မာ အား ဖြည့်အချိုရည်များ အတုပြုလုပ်နေကြောင်းကို သတင်းအရ ရာဖွေဖော်ထုတ် စစ်ဆေးခဲ့တာပါ။အဆိုပါဖော်ထုတ်စစ်ဆေးရာမာ မန္တလေးတိုင်းဒေသကြီး မခင်းအကူဌာနစုက




နေအိမ်တိုက်ခန်းအပေါ်ထပ်၄လွာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသော ဘွိုင်လာအိုး(၃)လုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လာင်ကန်အကြီးတစ်ခုနင့် အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများအား

ာဖွေစစ်ဆေးတွေ့ရခဲ့တာကြောင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရပြီးတော့ အမဖွင့်လစ်နိုင်ရန် တာဝန်ရသူများက စီစဉ်ဆောင် ရွက်လျက်ရကြောင်း သိရပါတယ်။ဇော်လင်းဦး( အောင်စံ)IPRD (Aung Myay Thar San)