International News

အင်ဒိုနီးရှားရှိ Semeru မီးတောင်ပေါက်ကွဲ




Credit – CELE DAILY

Unicode

အင်ဒိုနီးရှားရှိ Semeru မီးတောင်ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာရှိတဲ့ Semeru မီးတောင်ဟာ ယမန်နေ့က ပေါက်ကွဲခဲ့ပြီး၊ မီးခိုးတွေဟာ သုံးမိုင်လောက်အထိ ရောက်ရှိခဲ့ပါတယ်။

လူနေထူထပ်ရာ ဂျာဗားကျွန်းမှာ အမြင့်ဆုံးမီးတောင်ဖြစ်တဲ့ Semeru မီးတောင်ဟာ အမြင့်ပေ တစ်သောင်းနှစ်ထောင်ကျော်ရှိပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် လူတွေကိုဘေးလွတ်ရာနေရာတွေဆီ ရွှေ့ပြောင်းပေးတာမရှိသေးပေမဲ့၊ မီးတောင်အနီးဝန်းကျင်ရှိ ရွာတွေမှာနေထိုင်ကြသူတွေအနေနဲ့ အန္တရာယ်အခြေအနေကို သတိထားစောင့်ကြည့်ကြဖို့ အာဏာပိုင်များက သတိပေးထားပါတယ်။

Semeru မီးတောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းကလည်း ချော်ပြာတွေကို လေထဲ အမြင့်ပေ တစ်သောင်းလောက်အထိ မှုတ်ထုတ်နေခဲ့တာကြောင့် အနီးဝန်းကျင်က ရွာသားတွေဟာ အထိတ်တလန့်ဖြစ်ခဲ့ဖူးပါတယ်။

Credit – CELE DAILY