Local News

အသက် ( ၁၀၀ ) ကျော်ပြီဖြစ်ပြီး တစ်ယောက်တည်း နေကာ ကိုယ်တိုင်ထင်းခွေရေခပ် သစ်ပင်စိုက်နေတဲ့ ဖွားသက်ရှည်

အသက် ( ၁၀၀ ) ကျော်ပြီဖြစ်ပြီး တစ်ယောက်တည်းနေကာကိုယ်တိုင်ထင်းခွေရေခပ် သစ်ပင်စိုက်နေတဲ့ ဖွားသက်ရှည်

အသက် ၁၀၀ ကျော်ပြီဖြစ်ပြီးတော့ တစ်ယောက်တည်းနေကာ ကိုယ်တိုင် ထင်းခွေ ရေခပ် သစ်ပင်စိုက် နေတဲ့ ဖွားသက်ရှည်မတွေ့တာ သုံးနှစ်လောက် ကြာသွားတဲ့နောက်မှာ အဖွားအသက် လေးနှစ်လောက် ပြန်ငယ်သွားတာ။

ရယ်စရာတော့ ကောင်းသား။အရင်တစ်ကြိမ်က အဖွားရဲ့မြေး ပြောပြတာဟာ အသက် ၁၁၀။အခု တစ်ကြိမ် အဖွားရဲ့ မြေးမလေး ပြော ပြတာက ၁၀၆ နှစ်တဲ့နော်။အဖွားက ပူတာအိုက ရဝမ်လူမျိးပါနော်။တကယ်တော့ အသက် ၁၀၀ ဝန်းကျင် ရောက်နေတဲ့

အဖွားအိုကတော့ သူ့ရဲ့ မွေးနေ့ကို မှတ်မိနေမှာ မဟုတ်ပါဘူးနော်။ သူ့အတွက်လည်း အရေးကြီးမှာ မဟုတ်ဘူး..။ကျန်တဲ့ သူ့သားသမီး၊ မြေးမြစ်ဆိုတာတွေကလည်း ကိုယ့်အဖွားကို ဘယ်နှစ်က မွေးလဲဆိုတာ မေးကြည့်ဖို့အတွက်

အဖွားရဲ့ အမေလည်း မရှိတော့ဘူးဆိုတော့ သူတို့လည်း ဘယ် အတိအကျ သိနိုင်ပါ့မလဲတဲ့။အသက် ၁၀၀ ကျော်တဲ့အထိ ကိုယ့်ဘာသာ တစ်ယောက်တည်းနေ၊ ထင်းခွေ၊ ရေခပ်၊ သစ်ပင်စိုက်ကို ကျန်းကျန်းမာမာနဲ့ လုပ်နေနိုင် သေးတယ် ဆိုတော့က

အဖွားဘယ်လိုနေလဲဆိုတာ သိရအောင် အဖွားရဲ့ အိမ်လေးပေါ် အထိ တက်ကြည့်ခဲ့တာပါ။အဖွားရဲ့ အိမ်လေးမှာပေါ်မှာ အိပ်ယာခင်းနဲ့ ခြင်ထောင်၊ ပြီးတော့မီးဖိုထဲမှာ အိုးခွက်ပန်းကန် အချို့၊ ဒါပဲ ရှိတာပါ။

ကူဖေါ်လောင်ဖက်ရအောင် မြေးမလေးတွေက အိမ်ကို လာနေတာတောင် တစ်ယောက်တည်းပဲ နေချင်လို့ ပြန်လွှတ်တယ်တဲ့နော်။တတ်နိုင်တဲ့ ပမာဏ ငွေနည်းနည်းလေးကို ကန်တော့လိုက်တော့ ပြုံးပြုံးကြီး ကျေနပ်နေတဲ့ အဖွားကို ကြည့်ရတာ အလွန် စိတ်ချမ်းသာဖို့ ကောင်းတာပါ။

ပြီးတော့လဲ ခြံထဲမှာ သူစိုက်ထားတဲ့ အပင်က ရတဲ့ နာနတ်သီး လက်ဆောင် ပြန်ပေးတာ။ အဖွားက သူ့မြေးကနေ တစ်ဆင့် စကားပြန်နဲ့ ပြန်ပြောတာပါ။အဖွား ဆုတောင်းပေးမယ် ခဏထိုင်ဦး တဲ့။ ရဝမ် စကားနဲ့ အဖွားက သူယုံကြည်ရာ

ဘုရားသခင်ဆီမှာ တတွတ်တွတ်နဲ့ ဆုတောင်း ပေးနေတာ ဆိုတော့ အဓိပ္ပယ်ကို နားမလည်ပေမယ့် အဖွားပို့သတဲ့ မေတ္တာကိုတော့ ခံစားရပါတယ်နော်။တကယ်တော့ မေတ္တာတရားဆိုတာ ဘာသာ၊ လူမျိုး၊ ဒေသ အပိုင်းအခြား

အားလုံးကို ဖြတ်ကျော်သွားနိုင်တာပဲ။ပြန်တော့မယ် ဆိုတော့ အဖွားက အိမ်ပေါက်ဝ လှေကားထိပ်အထိလိုက်ပို့ပြီး လက်ပြနှုတ်ဆက် လိုက်သေးတယ်နော်။ စိတ်ရော ကိုယ်ရော ကျန်းမာ ပကတိ ချမ်းသာစွာရှိပါ၏ ဆိုတာ ဒါမျိုးကို ပြောတာပဲ ဖြစ်မှာ။

အဖွားအိမ်က ပြန်လာတော့မှ ဘဝမှာ အသက်ရှင် ရပ်တည်ဖို့ရာအခြေခံ လိုအပ်ချက်က နည်းနည်းလေးပဲ ဆိုတာ သဘောပေါက်မိပါတယ်။လူတွေကို အသက်တိုအောင် ပင်ပန်းဆင်းရဲအောင် လုပ်နေတာက လူတွေရဲ့ အတောမသတ်နိုင်တဲ့

လောဘပဲ ဆိုတာ မြင်မိခဲ့တယ်ဗျာ။ဘဝမှာ အလိုနည်းလေ စိတ်ချမ်းသာရလေ ပါလား။ မလိုချင်လေ စိတ်အေးလေ၊ ပစ္စည်းပစ္စယ နည်းပါးလေ စိတ်ချမ်းသာရလေ။လူတွေနဲ့ ကင်းကင်းနေနိုင်လေ စိတ်အေးရလေ ပါလားဗျာ။credit

Umicode…အသက် ( ၁၀၀ ) ကျော်ပြီဖြစ်ပြီး တစ်ယောက်တည်းနေကာကိုယ်တိုင်ထင်းခွေရေခပ် သစ်ပင်စိုက်နေတဲ့ဖွားသက်ရည်

အသက် ၁၀၀ ကျော်ပြီဖြစ်ပြီးတော့ တစ်ယောက်တည်းနေကာ ကိုယ်တိုင် ထင်းခွေ ရေခပ် သစ်ပင်စိုက် နေတဲ့ ဖွားသက်ရည်မတွေ့တာ သုံးနစ်လောက် ကြာသွားတဲ့နောက်မာ အဖွားအသက် လေးနစ်လောက် ပြန်ငယ်သွားတာ။

ရယ်စရာတော့ ကောင်းသား။အရင်တစ်ကြိမ်က အဖွားရဲ့မြေး ပြောပြတာဟာ အသက် ၁၁၀။အခု တစ်ကြိမ် အဖွားရဲ့ မြေးမလေး ပြော ပြတာက ၁၀၆ နစ်တဲ့နော်။အဖွားက ပူတာအိုက ရဝမ်လူမျိးပါနော်။တကယ်တော့ အသက် ၁၀၀ ဝန်းကျင် ရောက်နေတဲ့

အဖွားအိုကတော့ သူ့ရဲ့ မွေးနေ့ကို မတ်မိနေမာ မဟုတ်ပါဘူးနော်။ သူ့အတွက်လည်း အရေးကြီးမာ မဟုတ်ဘူး..။ကျန်တဲ့ သူ့သားသမီး၊ မြေးမြစ်ဆိုတာတွေကလည်း ကိုယ့်အဖွားကို ဘယ်နစ်က မွေးလဲဆိုတာ မေးကြည့်ဖို့အတွက်

အဖွားရဲ့ အမေလည်း မရတော့ဘူးဆိုတော့ သူတို့လည်း ဘယ် အတိအကျ သိနိုင်ပါ့မလဲတဲ့။အသက် ၁၀၀ ကျော်တဲ့အထိ ကိုယ့်ဘာသာ တစ်ယောက်တည်းနေ၊ ထင်းခွေ၊ ရေခပ်၊ သစ်ပင်စိုက်ကို ကျန်းကျန်းမာမာနဲ့ လုပ်နေနိုင် သေးတယ် ဆိုတော့က

အဖွားဘယ်လိုနေလဲဆိုတာ သိရအောင် အဖွားရဲ့ အိမ်လေးပေါ် အထိ တက်ကြည့်ခဲ့တာပါ။အဖွားရဲ့ အိမ်လေးမာပေါ်မာ အိပ်ယာခင်းနဲ့ ခြင်ထောင်၊ ပြီးတော့မီးဖိုထဲမာ အိုးခွက်ပန်းကန် အချို့၊ ဒါပဲ ရတာပါ။

ကူဖေါ်လောင်ဖက်ရအောင် မြေးမလေးတွေက အိမ်ကို လာနေတာတောင် တစ်ယောက်တည်းပဲ နေချင်လို့ ပြန်လွတ်တယ်တဲ့နော်။တတ်နိုင်တဲ့ ပမာဏ ငွေနည်းနည်းလေးကို ကန်တော့လိုက်တော့ ပြုံးပြုံးကြီး ကျေနပ်နေတဲ့ အဖွားကို ကြည့်ရတာ အလွန် စိတ်ချမ်းသာဖို့ ကောင်းတာပါ။

ပြီးတော့လဲ ခြံထဲမာ သူစိုက်ထားတဲ့ အပင်က ရတဲ့ နာနတ်သီး လက်ဆောင် ပြန်ပေးတာ။ အဖွားက သူ့မြေးကနေ တစ်ဆင့် စကားပြန်နဲ့ ပြန်ပြောတာပါ။အဖွား ဆုတောင်းပေးမယ် ခဏထိုင်ဦး တဲ့။ ရဝမ် စကားနဲ့ အဖွားက သူယုံကြည်ရာ

ဘုရားသခင်ဆီမာ တတွတ်တွတ်နဲ့ ဆုတောင်း ပေးနေတာ ဆိုတော့ အဓိပ္ပယ်ကို နားမလည်ပေမယ့် အဖွားပို့သတဲ့ မေတ္တာကိုတော့ ခံစားရပါတယ်နော်။တကယ်တော့ မေတ္တာတရားဆိုတာ ဘာသာ၊ လူမျိုး၊ ဒေသ အပိုင်းအခြာ

အားလုံးကို ဖြတ်ကျော်သွားနိုင်တာပဲ။ပြန်တော့မယ် ဆိုတော့ အဖွားက အိမ်ပေါက်ဝ လကားထိပ်အထိလိုက်ပို့ပြီး လက်ပြနတ်ဆက် လိုက်သေးတယ်နော်။ စိတ်ရော ကိုယ်ရော ကျန်းမာ ပကတိ ချမ်းသာစွာရပါ၏ ဆိုတာ ဒါမျိုးကို ပြောတာပဲ ဖြစ်မာ။

အဖွားအိမ်က ပြန်လာတော့မ ဘဝမာ အသက်ရင် ရပ်တည်ဖို့ရာအခြေခံ လိုအပ်ချက်က နည်းနည်းလေးပဲ ဆိုတာ သဘောပေါက်မိပါတယ်။လူတွေကို အသက်တိုအောင် ပင်ပန်းဆင်းရဲအောင် လုပ်နေတာက လူတွေရဲ့ အတောမသတ်နိုင်တဲ့

လောဘပဲ ဆိုတာ မြင်မိခဲ့တယ်ဗျာ။ဘဝမာ အလိုနည်းလေ စိတ်ချမ်းသာရလေ ပါလား။ မလိုချင်လေ စိတ်အေးလေ၊ ပစ္စည်းပစ္စယ နည်းပါးလေ စိတ်ချမ်းသာရလေ။လူတွေနဲ့ ကင်းကင်းနေနိုင်လေ စိတ်အေးရလေ ပါလားဗျာ။credit