Local News

ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လာသူများ၏ ဓာတ်ခွဲနမူနာများတွင် ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားနေသော COVID-19 မျိုးဗီဇအသစ် စစ်ဆေးတွေ့ရှိ

SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ တစ်ခုလုံးကို လေ့လာနိုင်ရန် ဓာတ်ခွဲနမူနာပေါင်း ၆၀ ကျော်ကို စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံမှ ပြန်လာသူများတွင် ဂျော်ဒန်နိုင်ငံ၌ ဖြစ်ပွားနေသော မျိုးဗီဇအသစ်များ စစ်ဆေး တွေ့ရှိထားကြောင်း ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မြတ်ထွဋ်ညွန့်က ပြောကြားသည်။

“ဒီနေ့အထိ စစ်ဆေးပြီးတာ ၆၃ ခုဖြစ်ပါတယ်။ ဒီဓာတ်ခွဲနမူနာတွေထဲမှာ ပြည်တွင်းမှာ တွေ့ရတဲ့ ဓာတ်ခွဲနမူနာတွေပါတယ်။ ပြည်ပကနေ ပြန်လာတဲ့အထဲက ဓာတ်ခွဲအတည်ပြု လူနာတွေကို စစ်ဆေးခဲ့တာတွေ ပါပါတယ်။

နောက်ဆုံး ပြီးစီးသွားတဲ့ ၁၁ ခုမှာဆိုရင် ပြည်ပပြန်ထဲကဆို ခြောက်ယောက်ပါပါတယ်။ အဲဒီခြောက်ယောက်ဆိုရင် ဂျော်ဒန်နိုင်ငံကနေ ပြန်လာတဲ့ ဟိုတလောက ကြားမှာပေါ့။

ဂျော်ဒန်နိုင်ငံက လေယာဉ်တစ်စင်းထဲမှာ ၆၀ ကျော်လောက် အထိတောင် ပိုးတွေ့ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ပေါ့။ အဲဒီအထဲကနေ သုတေသနအတွက် မျိုးဗီဇတစ်ခုလုံး စစ်ဖို့အတွက် လုံလောက်တဲ့ ပိုးပမာဏပါတဲ့ ဓာတ်ခွဲအတည်ပြု လူနာဆီကရတဲ့ နမူနာကိုယူပြီးတော့ စစ်ဆေးခဲ့တာ ခြောက်ယောက်ပါပါတယ်။

နောက် ရန်ကုန်ကနေရတဲ့ သုတေသန ဓာတ်ခွဲနမူနာ သုံးခုပါပါတယ်။ ပဲခူးက နှစ်ခုပါပါတယ်။ စုစုပေါင်း ၁၁ ခုဖြစ်ပါတယ်။ ဒါသည် နောက်ဆုံး Update အနေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် မျိုးဗီဇမှာ B 1.36 အမျိုးအစား ဖြစ်ကြောင်း ဒေါက်တာ မြတ်ထွဋ်ညွန့်က ဆက်လက်ပြောကြားသည်။

“ထူးခြားချက်က ကျွန်တော်တို့နိုင်ငံမှာဖြစ်တဲ့ အမျိုးအစားကတော့ အရင်တွေ့ပြီးသား အမျိုးအစားဖြစ်တဲ့ B 1.36 အမျိုးအစားပဲ ဖြစ်ပြီးတော့ GH Stain ခေါ်တာပေါ့နော်။

ပြည်ပနိုင်ငံကဖြစ်တဲ့ ဂျော်ဒန်နိုင်ငံကလာတဲ့ အမျိုးအစားကတော့ ဂျော်ဒန် Stain အမျိုးအစားဖြစ်ပါတယ်။ အများကြောက်လန့်နေကြတဲ့ ယူကေအမျိုးအစား၊ နောက် တောင်အာဖရိကမှာ ဖြစ်နေတယ်ဆိုတဲ့ ပိုပြီးတော့ ကူးစက်မြန်တယ်ဆိုတဲ့ အမျိုးအစားတော့ မဟုတ်သေးပါဘူး။

ပြည်တွင်းမှာ ဖြစ်နေတဲ့ အမျိုးအစားနဲ့တော့ ပြည်ပက ပြန်လာတဲ့သူတွေမှာတွေ့တဲ့ အမျိုးအစားနဲ့ကတော့ ကွာတယ်။ ဒါပေမယ့် အများကြောက်လန့်နေတဲ့ အမျိုးအစား မဟုတ်သေးဘူးပေါ့နော်။ ဗီဇပြောင်းပြီးတော့ အရမ်းမြန်တယ်ဆိုတဲ့ အမျိုးအစားတော့ မဟုတ်သေးပါဘူး။

သူတို့နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ အမျိုးအစားထဲမှာဆို ၉၉ ရာခိုင်နှုန်းက ဂျော်ဒန်က ဒီအမျိုးအစားကို တွေ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒါသည်လည်းပဲ တခြားနိုင်ငံတွေမှာ တွေ့ရတဲ့ အမျိုးအစား GR Stain လို့ခေါ်ပါတယ်။ အဲဒီအမျိုးအစားကိုပဲ တွေ့တာ ဖြစ်ပါတယ်။ အရမ်းကြီးတော့ ယူကေလိုမျိုး တောင်အာဖရိကလိုမျိုး အရမ်းကြီး ကူးစက်ပျံ့နှံ့တယ် ဆိုတဲ့ သက်သေတော့ မတွေ့ရပါဘူး” ဟု ဒေါက်တာ မြတ်ထွဋ်ညွန့်က ပြောကြားသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနအနေဖြင့် နိုင်ငံအများအပြားတွင် ဗီဇပြောင်း COVID-19 ပိုးအသစ် တွေ့ရှိလာ၍ မျိုးဗီဇနွယ် (Leneage) စစ်ဆေးခြင်းနှင့် မျိုးဗီဇဆင်တူမှု (Genetic Clade) စစ်ဆေးခြင်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“လက်ရှိ တွေ့ရှိထားတဲ့ သုတေသန တွေ့ရှိချက်တွေအရ ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ လူတွေအများကြီး စိတ်ဝင်စားနေတဲ့ အခုယူကေနိုင်ငံက စတင်ပြီးဖြစ်တယ် ဆိုတဲ့ မျိုးဗီဇပြောင်းလဲမှုတွေ၊ တောင်အာဖရိက ကနေပြီးတော့ တွေ့ရတဲ့ မျိုးဗီဇပြောင်းလဲမှုတွေ ပိုပြီးတော့ မြန်ဆန်စွာ ကူးစက်ပျံ့နှံ့နိုင်တဲ့ အမျိုးအစားတွေ လက်ရှိကာလအထိ တွေ့ရှိခြင်း မရှိသေးပါဘူး။

ဒါပေမယ့် မျိုးဗီဇပြောင်းလဲမှုသည် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောသွားသလို မျိုးဗီဇ ပြောင်းလဲမှုတွေသည် အချိန်နဲ့အမျှ အချိန်မရွေး ပြောင်းသွားနိုင်တယ်။ ပြည်တွင်းမှာရှိတဲ့ အမျိုးအစားက ပြောင်းနိုင်သလား ဆိုရင်လည်း ပြောင်းနိုင်တာပဲ။

တခြားနိုင်ငံက ဝင်လာမှ ပြောင်းနိုင်သလား ဆိုရင်လည်း ဖြစ်နိုင်တာပဲ။ ဆိုတော့ သူ့သဘော သဘာဝအရကိုက ဒီမျိုးဗီဇ ပြောင်းလဲမှုတွေသည် အချိန်နဲ့အမျှ တဖြေးဖြေးနဲ့ ပြောင်းပြောင်းသွားနိုင်တယ်။ အဲဒီလို ပြောင်းသွားခြင်းကြောင့် ကောင်းတဲ့ပြောင်းခြင်းတွေလည်း ဖြစ်နိုင်တယ်။

ဆိုးတဲ့ပြောင်းလဲခြင်းတွေလည်း ဖြစ်နိုင်တယ်။ ဆိုးတာပဲ ပြောင်းပြောင်း ကောင်းတာပဲပြောင်းပြောင်း ကျွန်တော်တို့ ဒီပြောင်းလဲမှုတွေသည် ဘယ်လိုမျိုး ပြောင်းလဲနေပြီလဲ။ ဘယ်လောက်ထိ များများပြောင်းလဲနေပြီလဲ။ ဒီပြောင်းလဲခြင်းတွေကြောင့် ဘာတွေ ဖြစ်လာပြီလဲ ဆိုတာကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့လိုပါတယ်” ဟု ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောကြားသည်။

eleven

Zawgyi

ျပည္ပမွ ျမန္မာႏိုင္ငံသို႔ ျပန္လာသူမ်ား၏ ဓာတ္ခြဲနမူနာမ်ားတြင္ ေဂ်ာ္ဒန္ႏိုင္ငံ၌ ျဖစ္ပြားေနေသာ COVID-19 မ်ိဳးဗီဇအသစ္ စစ္ေဆးေတြ႕ရွိ

SARS-CoV-2 ဗိုင္းရပ္စ္၏ မ်ိဳး႐ိုးဗီဇ တစ္ခုလုံးကို ေလ့လာႏိုင္ရန္ ဓာတ္ခြဲနမူနာေပါင္း ၆၀ ေက်ာ္ကို စစ္ေဆးခဲ့ရာ ျပည္ပႏိုင္ငံမွ ျပန္လာသူမ်ားတြင္ ေဂ်ာ္ဒန္ႏိုင္ငံ၌ ျဖစ္ပြားေနေသာ မ်ိဳးဗီဇအသစ္မ်ား စစ္ေဆး ေတြ႕ရွိထားေၾကာင္း ေဆးသုေတသန ဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ ျမတ္ထြဋ္ၫြန႔္က ေျပာၾကားသည္။

“ဒီေန႔အထိ စစ္ေဆးၿပီးတာ ၆၃ ခုျဖစ္ပါတယ္။ ဒီဓာတ္ခြဲနမူနာေတြထဲမွာ ျပည္တြင္းမွာ ေတြ႕ရတဲ့ ဓာတ္ခြဲနမူနာေတြပါတယ္။ ျပည္ပကေန ျပန္လာတဲ့အထဲက ဓာတ္ခြဲအတည္ျပဳ လူနာေတြကို စစ္ေဆးခဲ့တာေတြ ပါပါတယ္။

ေနာက္ဆုံး ၿပီးစီးသြားတဲ့ ၁၁ ခုမွာဆိုရင္ ျပည္ပျပန္ထဲကဆို ေျခာက္ေယာက္ပါပါတယ္။ အဲဒီေျခာက္ေယာက္ဆိုရင္ ေဂ်ာ္ဒန္ႏိုင္ငံကေန ျပန္လာတဲ့ ဟိုတေလာက ၾကားမွာေပါ့။

ေဂ်ာ္ဒန္ႏိုင္ငံက ေလယာဥ္တစ္စင္းထဲမွာ ၆၀ ေက်ာ္ေလာက္ အထိေတာင္ ပိုးေတြ႕ခဲ့တယ္ဆိုတဲ့ ျဖစ္ရပ္ေပါ့။ အဲဒီအထဲကေန သုေတသနအတြက္ မ်ိဳးဗီဇတစ္ခုလုံး စစ္ဖို႔အတြက္ လုံေလာက္တဲ့ ပိုးပမာဏပါတဲ့ ဓာတ္ခြဲအတည္ျပဳ လူနာဆီကရတဲ့ နမူနာကိုယူၿပီးေတာ့ စစ္ေဆးခဲ့တာ ေျခာက္ေယာက္ပါပါတယ္။

ေနာက္ ရန္ကုန္ကေနရတဲ့ သုေတသန ဓာတ္ခြဲနမူနာ သုံးခုပါပါတယ္။ ပဲခူးက ႏွစ္ခုပါပါတယ္။ စုစုေပါင္း ၁၁ ခုျဖစ္ပါတယ္။ ဒါသည္ ေနာက္ဆုံး Update အေနနဲ႔ ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္” ဟု ေဒါက္တာျမတ္ထြဋ္ၫြန႔္က ေျပာၾကားသည္။

လက္ရွိ ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနသည့္ မ်ိဳးဗီဇမွာ B 1.36 အမ်ိဳးအစား ျဖစ္ေၾကာင္း ေဒါက္တာ ျမတ္ထြဋ္ၫြန႔္က ဆက္လက္ေျပာၾကားသည္။

“ထူးျခားခ်က္က ကြၽန္ေတာ္တို႔ႏိုင္ငံမွာျဖစ္တဲ့ အမ်ိဳးအစားကေတာ့ အရင္ေတြ႕ၿပီးသား အမ်ိဳးအစားျဖစ္တဲ့ B 1.36 အမ်ိဳးအစားပဲ ျဖစ္ၿပီးေတာ့ GH Stain ေခၚတာေပါ့ေနာ္။

ျပည္ပႏိုင္ငံကျဖစ္တဲ့ ေဂ်ာ္ဒန္ႏိုင္ငံကလာတဲ့ အမ်ိဳးအစားကေတာ့ ေဂ်ာ္ဒန္ Stain အမ်ိဳးအစားျဖစ္ပါတယ္။ အမ်ားေၾကာက္လန႔္ေနၾကတဲ့ ယူေကအမ်ိဳးအစား၊ ေနာက္ ေတာင္အာဖရိကမွာ ျဖစ္ေနတယ္ဆိုတဲ့ ပိုၿပီးေတာ့ ကူးစက္ျမန္တယ္ဆိုတဲ့ အမ်ိဳးအစားေတာ့ မဟုတ္ေသးပါဘူး။

ျပည္တြင္းမွာ ျဖစ္ေနတဲ့ အမ်ိဳးအစားနဲ႔ေတာ့ ျပည္ပက ျပန္လာတဲ့သူေတြမွာေတြ႕တဲ့ အမ်ိဳးအစားနဲ႔ကေတာ့ ကြာတယ္။ ဒါေပမယ့္ အမ်ားေၾကာက္လန႔္ေနတဲ့ အမ်ိဳးအစား မဟုတ္ေသးဘူးေပါ့ေနာ္။ ဗီဇေျပာင္းၿပီးေတာ့ အရမ္းျမန္တယ္ဆိုတဲ့ အမ်ိဳးအစားေတာ့ မဟုတ္ေသးပါဘူး။

သူတို႔ႏိုင္ငံအတြင္းမွာ ျဖစ္ေနတဲ့ အမ်ိဳးအစားထဲမွာဆို ၉၉ ရာခိုင္ႏႈန္းက ေဂ်ာ္ဒန္က ဒီအမ်ိဳးအစားကို ေတြ႕တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ဒါသည္လည္းပဲ တျခားႏိုင္ငံေတြမွာ ေတြ႕ရတဲ့ အမ်ိဳးအစား GR Stain လို႔ေခၚပါတယ္။ အဲဒီအမ်ိဳးအစားကိုပဲ ေတြ႕တာ ျဖစ္ပါတယ္။ အရမ္းႀကီးေတာ့ ယူေကလိုမ်ိဳး ေတာင္အာဖရိကလိုမ်ိဳး အရမ္းႀကီး ကူးစက္ပ်ံ႕ႏွံ႔တယ္ ဆိုတဲ့ သက္ေသေတာ့ မေတြ႕ရပါဘူး” ဟု ေဒါက္တာ ျမတ္ထြဋ္ၫြန႔္က ေျပာၾကားသည္။

လက္ရွိ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ေဆးသုေတသန ဦးစီးဌာနအေနျဖင့္ ႏိုင္ငံအမ်ားအျပားတြင္ ဗီဇေျပာင္း COVID-19 ပိုးအသစ္ ေတြ႕ရွိလာ၍ မ်ိဳးဗီဇႏြယ္ (Leneage) စစ္ေဆးျခင္းႏွင့္ မ်ိဳးဗီဇဆင္တူမႈ (Genetic Clade) စစ္ေဆးျခင္းမ်ားကို ဆက္လက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

“လက္ရွိ ေတြ႕ရွိထားတဲ့ သုေတသန ေတြ႕ရွိခ်က္ေတြအရ ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လူေတြအမ်ားႀကီး စိတ္ဝင္စားေနတဲ့ အခုယူေကႏိုင္ငံက စတင္ၿပီးျဖစ္တယ္ ဆိုတဲ့ မ်ိဳးဗီဇေျပာင္းလဲမႈေတြ၊ ေတာင္အာဖရိက ကေနၿပီးေတာ့ ေတြ႕ရတဲ့ မ်ိဳးဗီဇေျပာင္းလဲမႈေတြ ပိုၿပီးေတာ့ ျမန္ဆန္စြာ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္တဲ့ အမ်ိဳးအစားေတြ လက္ရွိကာလအထိ ေတြ႕ရွိျခင္း မရွိေသးပါဘူး။

ဒါေပမယ့္ မ်ိဳးဗီဇေျပာင္းလဲမႈသည္ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေျပာသြားသလို မ်ိဳးဗီဇ ေျပာင္းလဲမႈေတြသည္ အခ်ိန္နဲ႔အမွ် အခ်ိန္မေ႐ြး ေျပာင္းသြားႏိုင္တယ္။ ျပည္တြင္းမွာရွိတဲ့ အမ်ိဳးအစားက ေျပာင္းႏိုင္သလား ဆိုရင္လည္း ေျပာင္းႏိုင္တာပဲ။

တျခားႏိုင္ငံက ဝင္လာမွ ေျပာင္းႏိုင္သလား ဆိုရင္လည္း ျဖစ္ႏိုင္တာပဲ။ ဆိုေတာ့ သူ႔သေဘာ သဘာဝအရကိုက ဒီမ်ိဳးဗီဇ ေျပာင္းလဲမႈေတြသည္ အခ်ိန္နဲ႔အမွ် တေျဖးေျဖးနဲ႔ ေျပာင္းေျပာင္းသြားႏိုင္တယ္။ အဲဒီလို ေျပာင္းသြားျခင္းေၾကာင့္ ေကာင္းတဲ့ေျပာင္းျခင္းေတြလည္း ျဖစ္ႏိုင္တယ္။

ဆိုးတဲ့ေျပာင္းလဲျခင္းေတြလည္း ျဖစ္ႏိုင္တယ္။ ဆိုးတာပဲ ေျပာင္းေျပာင္း ေကာင္းတာပဲေျပာင္းေျပာင္း ကြၽန္ေတာ္တို႔ ဒီေျပာင္းလဲမႈေတြသည္ ဘယ္လိုမ်ိဳး ေျပာင္းလဲေနၿပီလဲ။ ဘယ္ေလာက္ထိ မ်ားမ်ားေျပာင္းလဲေနၿပီလဲ။ ဒီေျပာင္းလဲျခင္းေတြေၾကာင့္ ဘာေတြ ျဖစ္လာၿပီလဲ ဆိုတာကို စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ဖို႔လိုပါတယ္” ဟု ေဒါက္တာျမတ္ထြဋ္ၫြန႔္က ေျပာၾကားသည္။

eleven