Local News
ပိုင်ရှင်မဲ့နေတဲ့ လမ်းဘေးတိရစ္ဆာန်လေးတွေကို စက်ဘီးတစ်စီးနဲ့ပတ်ပြီး အစာကျွေးကုသိုလ်ယူခဲ့တဲ့ စိုးပြည့်သဇင်
Source: Soe Pyae Thazin’s fb
မင်္ဂလာပါပရိတ်သတ်ကြီးရေ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဖြူဖြူစင်စင်၊ အေးအေးချမ်းချမ်းလေးနဲ့ အိန္ဒြေရှင်လေးတစ်ယောက်ဖြစ်တာကြောင့် လူကြီး၊ လူငယ်ပရိသတ် တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ လက်ရှိမှာတော့ အသက် (၂၈) နှစ်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် ကလေး လေးတစ်ယောက်လိုပဲ ဘဝကို အပူအပင်ကင်းကင်းနဲ့ နေထိုင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။မင်းသမီးချောလေး စိုးပြည့်သဇင်က လက်ရှိမှာတော့ သူမရဲ့ အနုပညာအလုပ် တွေအကုန်လုံးကို ရပ်နားထားပြီး အိမ်မှာပဲ မိသားစုနဲ့ အတူ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်..။
လူလေးလှသလို စိတ်ထားလေးလည်းကောင်းတဲ့ မင်းသမီးလေး စိုးပြည့်သဇင်က အလှူအတန်းတွေကို မကြာခဏဆိုသလို ပြုလုပ်လေ့ရှိပြီး လက်ရှိကိုဗစ်ကာလမှာလည်း သူမတတ်နိုင်သလောက် ကုသိုလ်တွေကို အမြဲမပြတ်ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး သနား ကြင်နာတတ်တဲ့ စိုးပြည့်သဇင်က ဒီတစ်ခေါက်မှာလည်း သူမတို့ရပ်ကွက် အနီးအနားက ပိုင်ရှင်မဲ့နေတဲ့ လမ်းဘေးတိရစ္ဆာန်လေးတွေကို စက်ဘီးတစ်စီးနဲ့ပတ်ပြီး အစာကျွေးကုသိုလ်ယူခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်..။
နိုင်ငံကျော်သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ ကုသိုလ်ကို ဘယ်လိုယူရမလဲဆိုတာပဲ အမြဲတမ်း စဉ်းစားနေတဲ့ ကြင်နာတတ်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း စိုးပြည့်ရဲ့ ကုသိုလ်လေးကိုကြည့်ပြီး ထပ်တူပီတိဖြစ်နေမယ်ဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit – Cele Connections