Local News

မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး ယနေ့စရောက်တော့မယ်

Zawgyi ဖြင့်ဖတ်ရန်









Credit

Unicode ဖြင့်ဖတ်ရန်

Breaking News! မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး ယနေ့စရောက်တော့မယ်

မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး ရောက်တော့မည်။မြန်မာအပါအဝင် ၆ နိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးများ ပေးပို့ခြင်းအစီအစဉ်ကို ယနေ့စတင်မည်ဖြစ်ကြောင်း အိန္ဒိယက သတင်းထုတ်ပြန်။

India နိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၏ မနေ့က သတင်းထုတ်ပြန်ချက်အရ မြန်မာ၊ ဘူတန်၊ နီပေါ၊ မောလ်ဒိုက်၊ Bangladesh နှင့်

Seychelles သို့ India ထုတ် ကိုဗစ်ကာကွယ်ဆေးများကို ၂၀.၁.၂၀၂၁ ရက်မှစ၍ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် အာဖဂန်နစ္စတန်၊ Sri Lanka နှင့် Mauritius နိုင်ငံများသို့လည်း ဆက်လက်ပေးပို့ရန်အစီအစဉ်ရှိကြောင်း၊

ကမ္ဘာအနှံ့ ဖြန့်ဝေပေးပို့သွားမည်ဖြစ်ရာ နိုင်ငံ ၉၀ ကျော်သို့ ဖြန့်ဝေမည့် COVAX အစီအစဉ်အပါအဝင် နိုင်ငံတကာ၏ လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

မြန်မာက India ၏ Serum Institute မှ လူ ၁၅ သန်းစာ Covishield အမည်ရှိ Oxford/AstraZenica ကာကွယ်ဆေးအလုံး သန်း ၃၀ ဝယ်ယူရေးစာချုပ်ကို ၂၄.၁၂. ၂၀ ရက်က ချုပ်ဆို၍ ၅.၁. ၂၀၂၁ ရက်တွင် ကုန်အမှာပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Dr.TTO Source: Ministry of External Affairs, India.

Credit