Local News

ကိုဗစ်ကြောင့် အခက်ခဲတွေရှိခဲ့ကြပေမယ့် ဆု(၅)ဆုရခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပြလာခဲ့တဲ့ Benjamin Sum

မြန်မာအိုင်ဒေါလ် ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့ပြီး အနုပညာလမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေတဲ့ Benjamin Sum ကတော့ ကိုယ်ပိုင်သီချင်းလေးတွေနဲ့အတူ ပရိသတ်တွေ ရဲ့ အားပေးမှုကို တခဲနက် ထပ်မံရရှိခဲ့ပါတယ် ။ ဒါ့အပြင် (၂၀၂၀) ကတော့ သူ့အတွက် ကံကောင်းတဲ့နှစ်တစ်နှစ်လို့တောင်ဆိုရမှာပါ။

Benjamin ကတော့ ၂၀၂၀ မှာ ကိုဗစ်ရောဂါ ကြောင့် အားလုံးမှာအခက်အခဲလေးတွေရှိခဲ့ကြပေမယ့် ကျေးဇူးတော်ကြောင့် ဆုငါးဆုကိုရရှိခဲ့တဲ့အကြောင်းကို ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြောပြလာခဲ့ပါတယ် ။ တေးရေးဆရာများ၊ ပါဝင်တီးခတ်ပေးကြသူများ၊ သီချင်းတွေကိုနားဆင်ပေးကြသူများ၊ သက်ဆိုင်ရာဆုချီးမြှင့်ပေးကြသူများ နဲ့ ကျွန်တော့်ကိုအဖက်ဖက်မှကူညီပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းကိုလည်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီနှစ် ၂၀၂၁နှစ် မှာလည်းကျွန်တော်ဆက်လက်ပြီး အများကြီးကြိုးစားသွားပါမှာဖြစ်ကြောင်း ပရိသတ်တွေကို ကတိစကားဆိုခဲ့ပါတယ် ။ Benjamin Sum ရဲ့ ပရိသတ်တွေကတော့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းကာစမှာပဲ ဆုငါးဆု ရရှိခဲ့တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။

Source : Benjamin Sum
Emily (Cele Gabar)

Credit-Emily(Clele Gabar)