Local News
ဖွေးဖွေးတို့အိမ်က အိမ်ချက်ဟင်းလျာတွေစားပြီး အရမ်းကောင်းကြောင်း ထောက်ခံပြောလာတဲ့ ဝတ်မှုန်ရွှေရည်
အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန် းအနုပညာရှင် မင်းသမီးလေးတွေဖြစ်ကြတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည် တို့ကတော့ တစ်ရက်တည်းသာကွာတဲ့ တစ်ဝမ်းကွဲညီအစ်မတွေပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ သြဂုတ်လ (၉) ရက်နေ့မှာမွေးဖွားပြီး ဝတ်မှုံရွှေရည်က သြဂုတ်လ (၁၀) ရက်နေ့မှာ မွေးဖွားခဲ့သလို အနုပညာမှတ်တိုင်တွေမှာလည်း တစ်ယောက်နဲ့တစ်ယောက် မတိမ်းမယိမ်းရှိကြတာမို့ ပရိသတ်တွေက ချစ်ကြရတဲ့ မင်းသမီးလေးတွေပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက ထိပ်တန်းမင်းသမီးတွေပီပီ ဆွေမျိုး အရင်းတော်စပ်တဲ့ ဝတ်မှုံရွှေရည်နဲ့ ဖွေးဖွေးက အတူတူတွေ့ဆုံချိန်ကတော့ တော်တော်ကို နည်းပါးလှပါတယ်။
အမျိုးရင်းတွေပီပီ သူစိမ်းတွေထက်တောင် တစ်ယောက်ကိုတစ်ယောက် အမြဲ Support ပေးကြတဲ့ ဝတ်မှုံရွှေရည်နဲ့ ဖွေးဖွေးက တစ်ယောက်အိမ်တစ်ယောက်လည်း ရံဖန်ရံခါ ဝင်ထွက်သွားလာလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဝတ်မှုံရွှေရည်က ဖွေးဖွေးတို့အိမ်က ရောင်းချတဲ့ မိုးကုတ်ဒယ်ကြီ းဝက်သားနှပ်ကို စားပြီး အရမ်းကောင်းကြောင်း ထောက််ခံမှတ်ချက်ချပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ဖွေးဖွေးတို့အိမ်က မုန့်တွေ၊ အစားအသောက်တွေကို ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပြီး ဖွေးဖွေးကလည်း သူ့မထုတ်တဲ့ အကျႌလေးတွေကအစ ဝတ်မှုံရွှေရည်အတွက် လက်ဆောင်ပေးတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်နဲ့ ဖွေးဖွေးတို့ရဲ့ ညီအစ်မသံယောဇဉ်လေး ကိုကြည့်ပြီး အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Wutt Hmone Shwe Yi’s fb
Credit – Cele Connections