Local News

ယွန်းယွန်းရဲ့ မွေးနေ့အတွက် တစ်ကိုယ်တော် Surprise လုပ်ခဲ့တဲ့ အောင်မင်းခန့်

ပရိသတ်ကြီးရေ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူမမွေးနေ့လေးမှာ လက်ရှိရိုက်ကူးနေတဲ့ Double Dating အဖွဲ့သားတွေက Surprise လုပ်ပေးခဲ့ကြတယ်ဆိုတာကိုတော့ အားလုံးသိပြီးဖြစ်မှာပါ ။ ဒီ အစီစဉ်လေးကြောင့် ပရိသတ်တွေက ယွန်းယွန်းနဲ့ အောင်မင်းခန့်ကို အရမ်းကိုသဘောတူနေကြတာပါ ။

မွေးနေ့ Surprise လေးကြောင့် ပျော်ရွှင်နေတဲ့ ယွန်းယွန်းအတွက် အောင်မင်းခန့်က သူ့ရဲ့ ပုဂံသူလေးကို တစ်ကိုယ်တော် Surprise တိုက်ခဲ့ပါသေးတယ် ပရိသတ်ကြီးရေ ..။ ယွန်းယွန်းအတွက် သူ့ရဲ့ မွေးနေ့လက်ဆောင်အဖြစ် Pandora လက်ကောက်လေးကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ယွန်းယွန်းက သူမရဲ့ မိုင်ဒေးမှာ Double Surprise ဆိုတဲ့စာသားလေးနဲ့အတူ ရေးသားဖော်ပြခဲ့တာပါ ။

Double Dating Fan တွေကတော့ အောင်မင်းခန့်ရဲ့ Surprise လေးကြောင့် ပျော်ရွှင်နေတဲ့ ယွန်းယွန်းအတွက် ဝမ်းသာနေကြပြီး အရမ်းတွေ သဘောတူနေတဲ့အကြောင်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ် ။ ကိုနဲ့ ပုဂံသူလေးရဲ့ အရိုတလိုင်းကတော့ ပရိသတ်တွေအရမ်းကို အားကျနေကြပါပြီနော် ။

Source : Yoon Yoon
Emily (Cele gabar)

Credit – Emily (Clele Gabar)