Local News

ဝိုင်ပုလင်းတစ်ခုကို ရွေးချယ်ပြီး သင်ဘယ်လိုလူမျိုးလဲဆိုတာ ပြောပြမယ်


ဝိုင်နီ


ဝိုင်နီကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သင်ဟာ အရာရာကို အေးအေးဆေးဆေးလုပ်ဆောင်တတ်တဲ့သူမျိုးပါ။ ဆိုလိုတာ ဘယ်အရာ အရေးကြီးလဲ၊ အရေးမကြီးဘူးလဲဆိုတာ ကွဲကွဲပြားပြားသိတဲ့လူစားမျိုပေါ့။ ဒါပေမဲ့လည်း ပြဿနာကြီးကြီးတွေပေါ်လာတဲ့အခါမှာလည်း သင်ဟာ ခေါင်းအေးအေးထားစဉ်းစားကာ မှန်ကန်တဲ့ရွေးချယ်မှုမျိုးကို လုပ်ဆောင်တတ်ပါတယ်။

ပန်းတိုင်ကြီးကြီးမားမားမရှိပေမယ့်လည်း သင်ဟာ ယုံကြည်မှုကတော့ အပြည့်အဝရှိနေတာကြောင့် ဘယ်အလုပ်ကိုပဲလုပ်လုပ် အမြင့်တစ်နေရာမှာတော့ ခြေကုပ်ရယူနိုင်မှာပါ။ နောက် ဉာဏ်ပညာကလည်း နောက်ကနေ ပံ့ပိုးပေးဦးမှာမလို့ ကြိုးစားလေ၊ အောင်မြင်ပေါပဲ။

အချစ်ရေးနဲ့ပတ်သက်လာရင်လည်း အတွင်းသိအဆင်းသိဆိုတဲ့ သူကိုသာ ချစ်သူအဖြစ်ရွေးချယ်တတ်ကြပါတယ်။ နောက် ရည်ရှည်တည်တံ့မယ့်အချစ်ရေးမျိုးကို လိုလားတယ်၊ ချစ်သူအတွက် ကြိုးစားတဲ့အခါ ကြိုးစားရကျိုးနပ်စေမယ့် သူမျိုးကိုပဲ သင့်အချစ်တွေကို ပုံအောပြီး ပေးမှာပါ။

ဝိုင်ဖြူ


သင်က သိပ်သံယောဇဉ်ကြီးတဲ့သူမျိုး ဒါကြောင့်လည်း အလုပ်ပြောင်းတာတို့၊ အိမ်ပြောင်းတာတို့ကို တော်ရုံမလုပ်တတ်ဘူး။ ဒါပေမဲ့ ဆိုရှယ်ကျလားမေးရင်တော့ သံယောဇဉ်ကြီးသလောက် ဆိုရှယ်ကျမနေပါဘူး။ ဒါပေမဲ့ ရှိပြီးသား မိဆွေတွေကတော့ သင်ဟာ သူတို့အပေါ် ဘယ်လောက်ကောင်းတယ်ဆိုတာကိုတော့ သိနေမှပါ။ နောက် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပဲ ဘဝကိုဖြတ်သန်းချင်တဲ့သူမျိုးလည်းဖြစ်ပါတယ်။

သင့်အနေနဲ့ မရှိတာကို ဖြစ်အောင်လုပ်တာထက် ရှေ့မှာအဆင်သင့်ရှိနေတဲ့ လမ်းကြောင်းကိုလျှောက်တာမျိုး ပိုအားသာတဲ့သူမျိုးပါ။ နောက်ကြောင်းကို လှည့်မကြည့်တတ်ဘဲ ရှေ့ကိုသာ ဆက်ဆက်လျှောက်တတ်ကာ ဘယ်သူပြောပြော ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်လှမ်းနိုင်မယ့်သူမျိုးပေါ့။

အချစ်ရေးနဲ့ပတ်သက်လာပြီဆိုရင်တော့ သင်ဟာ သဘာဝကျကျနဲ့ စွန့်စားရတာကို ကြိုက်နှစ်သက်ပါတယ်။ သင့်ကိုကြည့်လိုက်ရင် ကြည်ကြည်လင်လင်ရှင်းရှင်းလင်းလင်းလေးမလို့ အဲဒီအချက်ဟာ တစ်ဖက်လူကို ဆွဲဆောင်မှုပြုနေတာပါတဲ့။ ဒါပေမဲ့လည်း အတည်တွဲမယ့်သူကိုဆိုရင်တော့ သင့်အနေနဲ့ ကိုယ့်ဘေးမှာရှိနေပြီးသား သူတွေထဲကမှ သေသေချာချာရွေးချယ်စီစစ်ပြီးမှ ရွေးချယ်လေ့ရှိတာပါ။ အပြင်ပန်းကြည့်ရင် ရှုပ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ သင်ဟာ ရှုပ်တာမဟုတ်ပါဘူး။ လေ့လာတာပါ။

ပန်းရောင်ဝိုင်


ဝိုင်ပန်းရောင်လေးကို ရွေးချယ်လိုက်တဲ့လူတွေကတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်တွေလို့ပြောရမှာပါပဲ။ နွေးထွေးတတ်တယ်၊ လူချစ်လူခင်ပေါများတယ်၊ နောက် သူတို့ရဲ့ရိုးသားတဲ့ပုံစံလေးကြောင့်ပဲ လူတွေရဲ့မေတ္တာကို ရကြတယ်။ ချစ်ဖို့ကောင်းတဲ့ပုံစံလေးနဲ့မှမလိုက် ဘဝမှာကြုံလာတတ်တဲ့ ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်နိုင်ပြီး ခွန်အားအပြည့်နဲ့နေ့ရက်တိုင်းကို ဖြတ်သန်းနေသူလေးပေါ့။

လူတွေရဲ့ခံစားချက်နဲ့ အဖြစ်အပျက်တွေကို နားလည်ပေးနိုင်တဲ့သူမျိုးဖြစ်တာကြောင့် တစ်ဖက်သားရဲ့ ယုံကြည်စိတ်ချမှုကို တပ်အပ်ခံထားရသူလေးပါ။ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး မျက်နှာပြောင်တတ်လေးပြီး စိတ်ပိုင်းဆိုင်ရာအရ တစ်ဖက်သားကို နှစ်သိမ့်မှုတွေ၊ အကြံပေးတာတွေ လုပ်လေ့ရှိတာကြောင့် တစ်ခုခုကို သွားရင်ဖွင့်ပြီး ငိုပြလို့ရမယ့် စိတ်ချရဆုံးသူလည်းဖြစ်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်လာရင်တော့ သင့်အနေနဲ့ အမြဲတမ်းလိုလို ရှက်ကိုးရှက်ကန်းနဲ့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ လူမှုကွန်ယက်တွေရှိနေတော့ ဆက်သွယ်မှုပြုရတာ လွယ်ကူပေမယ့် ချစ်နဲ့မျက်နှာချင်းဆိုင်တွေ့ပြီး ဒိတ်လုပ်ရမှာကို မရဲသေးပါဘူးတဲ့လေ။
credit to lotaya