Local News

ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီ

[Zawgyi]

ကိုဗစ္၁၉ ကာကြယ္ေဆး ပထမအသုတ္ ျမန္မာျပည္ေရာက္ၿပီ

အိႏၵိယကမွာယူထားတဲ့ ကိုဗစ္၁၉ ကာကြယ္ေဆး ပထမအသုတ္ ျမန္မာျပည္ေရာက္ၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနအသိုင္းအဝိုင္းကသိရပါတယ္။

ပထမဆုံးေရာက္တဲ့ ေဆးေတြကို ေရာဂါကူးစက္မႈအနီးစပ္ဆုံးနဲ႔ ကူးစက္ခံရမႈအမ်ားဆုံးျဖစ္ေနတဲ့ က်န္းမာေရးဝန္ထမ္းနဲ႔ Volunteer ေတြကို အရင္ စတင္ထိုးေပးမွာျဖစ္ၿပီး ေနာက္ေရာက္တာေတြကို အသက္ ၆၅ႏွစ္အထက္ေတြကို ထိုးေပးမယ္လို႔သိရပါတယ္။

ကိုဗစ္၁၉ကာကြယ္ေဆးတလုံးဟာ အမ်ိဳးအစားလိုက္ၿပီး တခ်ိဳ႕ေဆးဟာ လူ၈ဦးထိုးလို႔ရၿပီး တခ်ိဳ႕ကေတာ့ ၁၀ ဦးထိထိုးေပးလို႔ရပါတယ္။ ေဆးရဲ႕ အက်ိဳးအာနိသင္ကိုလိုက္ၿပီး ပထမထိုးႏွံၿပီးသူဟာ ေနာက္ထပ္ ၃ပတ္ေနမွ ဒုတိယအႀကိမ္ထပ္ထိုးရမွာျဖစ္သလို တခ်ိဳ႕ေဆးကေတာ့ ေနာက္ ၄ပတ္ေနမွ ဒုတိယအႀကိမ္ထပ္ထိုးရတဲ့ေဆးမ်ိဳးလည္းရွိပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ အိႏၵိယကေန ကိုဗစ္ကာကြယ္ေဆးဝယ္ယူတာအျပင္ CEPI, GAVI နဲ႔။ WHO တို႔ခ်မွတ္တဲ့ COVAX ကိုဗစ္ကာကြယ္ေဆးအစီအစဥ္နဲ႔လည္း ကိုဗစ္ကာကြယ္ေဆး‌ ေတြ မွာယူထားပါတယ္။တ႐ုတ္ႏိုင္ငံကလည္း ကာကြယ္ေဆးအခ်ိဳ႕ လႉဒါန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႕လူနာအေရအတြက္ကို ဇန္နဝါရီ ၂၀ ည ၈နာရီထုတ္ျပန္ခ်က္အရ ၁၃၅၇၂၁ ဦးရွိခဲ့ၿပီး ေသဆုံးသူ ၂၉၉၇ ရွိခဲ့ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာန စာရင္းေတြအရ ကိုဗစ္ပိုးကူးစက္ခံရတဲ့ က်မၼာေရးဝန္ထမ္းဟာ ၂ေထာင္ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

Credit By VOM

[Unicode]

ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီ

အိန္ဒိယကမှာယူထားတဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအဝိုင်းကသိရပါတယ်။

ပထမဆုံးရောက်တဲ့ ဆေးတွေကို ရောဂါကူးစက်မှုအနီးစပ်ဆုံးနဲ့ ကူးစက်ခံရမှုအများဆုံးဖြစ်နေတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ Volunteer တွေကို အရင် စတင်ထိုးပေးမှာဖြစ်ပြီး နောက်ရောက်တာတွေကို အသက် ၆၅နှစ်အထက်တွေကို ထိုးပေးမယ်လို့သိရပါတယ်။

ကိုဗစ်၁၉ကာကွယ်ဆေးတလုံးဟာ အမျိုးအစားလိုက်ပြီး တချို့ဆေးဟာ လူ၈ဦးထိုးလို့ရပြီး တချို့ကတော့ ၁၀ ဦးထိထိုးပေးလို့ရပါတယ်။ ဆေးရဲ့ အကျိုးအာနိသင်ကိုလိုက်ပြီး ပထမထိုးနှံပြီးသူဟာ နောက်ထပ် ၃ပတ်နေမှ ဒုတိယအကြိမ်ထပ်ထိုးရမှာဖြစ်သလို တချို့ဆေးကတော့ နောက် ၄ပတ်နေမှ ဒုတိယအကြိမ်ထပ်ထိုးရတဲ့ဆေးမျိုးလည်းရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကနေ ကိုဗစ်ကာကွယ်ဆေးဝယ်ယူတာအပြင် CEPI, GAVI နဲ့။ WHO တို့ချမှတ်တဲ့ COVAX ကိုဗစ်ကာကွယ်ဆေးအစီအစဉ်နဲ့လည်း ကိုဗစ်ကာကွယ်ဆေး‌ တွေ မှာယူထားပါတယ်။တရုတ်နိုင်ငံကလည်း ကာကွယ်ဆေးအချို့ လှူဒါန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာအရေအတွက်ကို ဇန်နဝါရီ ၂၀ ည ၈နာရီထုတ်ပြန်ချက်အရ ၁၃၅၇၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၉၉၇ ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ ကိုဗစ်ပိုးကူးစက်ခံရတဲ့ ကျမ္မာရေးဝန်ထမ်းဟာ ၂ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။

Credit By VOM