Celebrity

ချစ်သူရည်စားထက်တောင် ပိုပြီးဂရုတစိုက်နဲ့ နွေးထွေးမှုရှိတဲ့အရာလေးတစ်ခုကို ရင်ဖွင့်ပြောပြလာတဲ့ သဇင်ထူးမြင့်

ပရိသတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင် ခင်လှိုင် ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်ဟာ ဆိုရင် အကယ်ဒမီ ရွှေကြိုမယ်အဖြစ် ပါဝင်လုပ်ဆောင်ရာကနေ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ စကာ းပြောနည်းပြီး အနေအထိုင်အေးဆေးသူလေးဖြစ်ပေမယ့် အနုပညာအလုပ်တွေ လုပ်ကိုင်လာချိန်မှာတော့ အရင်ကထက် ပိုပြီး သွက်လက်လာတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ သဇင်ထူးမြင့်ကလည်း သူမကို အနုပညာလမ်းကြောင်းတစ်ခုပေါ်ရောက်ဖို့ အားပေးလာကြတဲ့ ပရိသတ်တွေအတွက် အလုပ်တွေကို ဖိဖိစီးစီးနဲ့ ကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ်။


လက်ရှိမှာလည်း Double Dating ဆိုတဲ့ အစီအစဉ်လေးမှာ ပါဝင်ရိုက် ကူးပေးနေတဲ့ သဇင်ထူးမြင့်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိနေတာပဲ ဖြစ်ပါတယ်။ Double Dating Fan တွေကလည်း သဇင်ထူးမြင့်ကို အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့်ဂရုစိုက်ပေး၊ လက်ဆောင်တွေ ပေးကြတာကြောင့် “DD Fan တွေရဲ့ နွေးထွေးမှု ဂရုစိုက်မှုတွေနဲ့ နေ့တိုင်းပျော်နေပြီ.. “ဆိုပြီး ကျေးဇူးတင်စကားပြောလာတာကို တွေ့ရပါ တယ်။

သဇင်ထူးမြင့်ကတော့ ချစ်သူရည်းစားထက်တောင် ပိုပြီးဂရုတစိုက်နဲ့ နွေးထွေးမှုပရိသတ်တွေကြောင့် နေ့ရက်တိုင်းမှာ ပျော်ရွှင်နေရကြောင်း ရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သဇင်ထူးမြင့်ကို ပိုချစ်ပြီး ပိုအားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Thazin Htoo Myint’s fb
Credit – Cele Connections