Sports

ကမ္ဘာ့ဂိုးသွင်းအများဆုံး စံချိန်ကိုတင်ထားတဲ့ ယူနိုက်တက်ပရိတ်သတ်တွေရယ့် အချစ်တော်ကြီး

ယူနိုက်တက်ရယ့် ဂန္တ၀င် ကစားသမားတစ်ဦးဖြစ်တဲ့ လက်ရှိ ဂျူဗင်တပ်စ် ကစားသမား စီရော်နယ်ဒိုဟာ ဇန်နဝါရီလ 21ရက်နေ့က ကမ္ဘာ့ ဘောလုံးလော က တစ်ခုလုံးရယ့် ဂိုးသွင်းအများဆုံးဆိုတဲ့ စံချိန်ကို တင်နိုင်ခဲ့ပြီဘဲဖြစ်ပါတယ်။

အီတလီကိုပါဖလား ဗိုလ်လုပွဲစဉ်မှာ ဂျူဗင်တပ်စ်တို့က နာပိုလီကို နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့ပါတယ် ထိုပွဲစဉ်မှာ ရော်နယ်ဒိုက ဂျူဗင်တပ်စ် အတွက် သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပါတယ်။

ထိုသွင်းဂိုး သွင်းယူပြီးတဲ့နောက် ရော်နယ်ဒိုဟာ ကမ္ဘာ့ ဘောလုံးသမိုင်းတစ်လျောက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀မှာ သွင်းဂိုး (760) ပြည့်မြောက်ခဲ့ပါတယ်ထိုသို့ပြည့်မြောက်ခဲ့ပြီး ဘော လုံး လောကတစ်ခုလုံးရယ့် ဂိုးသွင်းအများဆုံး စံချိန်ကို တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဒီသွင်းဂိုးဟာ ချက်ကစားသမားဟောင်း ဂျိုးဆက်ဘိုင်ကန်ရဲ့ (759) ဂိုးကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ပီလီထက် (3) ဂိုးအသာ၊ မက်ဆီထက် (41) ဂိုးအထိ အသာစီးရရှိခဲ့ပြီဖြစ်ပါတယ်။

စပို့တင်း၊ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗီတို့အတွက်ကစားပေးပြီး အံ့မခန်းဖွယ်ရာ ဂိုးသွင်းစွမ်းရည်တွေကို ရော်နယ်ဒိုက ပြသခဲ့ကာ လက်ရွေး စင်အသင်းအတွက်လည်း ဂိုးပေါင်းရာကျော်သွင်းယူနိုင်ခဲ့ပါတယ် ယူနိုက်တက်နဲ့အတူ 292ပွဲကစားထားပြီး (118)ဂိုး အထိ သွင်းယူထားသူဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode






TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER