Sports

အင်ဒိုနီးရှားရယ့် အကြမ်းဆုံးအသင်းကို ရိုက်ချိုးပြီး ချန်ပီရံဖြစ်ဖို့ လက်တစ်ကမ်းအကွာမှာရှိတဲ့ မြန်မာ့ဂုဏ်ဆောင်လူငယ်များ

လူငယ်တွေထဲမှာ ခေတ်အစားဆုံးမိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ Mobile legend ကနေ ပြုလုပ်တဲ့ M2 world championshipမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Burmese ghouls အသင်း၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ Burmese ghoulsအသင်းကတော့ အင်ဒိုနီးရှားနိုင်ငံရယ့် အကြမ်းဆုံးအသင်းဖြစ်တဲ့ RRQ Hos hi အသင်းကို 3.2ဆိုတဲ့ ရလဒ်ဖြင့် အကြိတ် အနယ်ယှဉ်ပြိုင် အနိုင်ရပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။

ထိုအနိုင်ရရှိမှုကြောင့် Grand Final ကို အေးဆေးသက်သာစွာ ရောက်ရှိခဲ့ပါတယ်။ မြန်မာE sports‌ လောကအတွက်ဂုဏ်ယူစရာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ်လည်း Grand Finalကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာလူငယ် လူကြီး အားလုံးစိတ်၀င်စားတဲ့ ဒီပြိုင်ပွဲကြီးမှာ နိုင်ငံအတွက် များစွာ ဂုဏ်ဆောင်ပေးခဲ့ပါတယ်။

ဒီအခြေအနေထိ ရောက်ရှိလာခဲ့တဲ့ Burmese ghoulsအသင်းရယ့် စွမ်းဆောင်ရည်ဟာ အလွန်ချီးကျူးဖွယ်ရာကောင်းလှပါတယ်။ Burmese ghoulsအသင်းမှာတော့ Ace, Kid, MayBe, RubyDD, DEEတို့က ယှဉ်ပြိုင်သွားပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။

မြန်မာ့ဂုဏ်ဆောင်လူငယ်များကို ရင်ခုန်စိတ်လှုပ်ရှားစွာ Grand Finalကို စောင့်ကြည့်အား‌ပေးရမှာဘဲဖြစ်ပါတယ်။ Burmese ghoulsအသင်းအနေနဲ့ ချန်ပီရဖြစ်ဖို့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER