Local News

လမ်းဘေးက ခွေးတွေကိုကျွေးထားတဲ့ ခွေးစာကိုစားသောက်နေခဲ့တဲ့ အဖိုးအိုကို ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး ကူညီခဲ့တဲ့ ဆီနွန်




Credit – CeleZone
Source – Sinon Loresca

ပရိသတ်ကြီးရေ ဆီနွန်ကတော့ မြန်မာလူမျိုးတွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်အောင်ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကိုလာရောက်လုပ်ကိုင်ရာကနေ သူ့ရဲ့စေတနာထက်သန်ပြီး ကူညီတတ်တဲ့စိတ်ထားတွေကြောင့် ပရိသတ်တွေက အချစ်ကြီ းချစ်နေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

အမြဲတမ်းလိုလို အကူအညီလိုအပ်နေတဲ့ သူတွေကို လိုက်လံပြီးကူညီတတ်တဲ့ ဆီနွန်ကတော့ ဒီနေ့မှာလည်း လမ်းဘေးမှာခွေးကျွေးထားတဲ့ အစားအစာတွေကို စားသာက်နေရတဲ့ အဖိုးအိုတစ်ယောက်ရဲ့ ဗီဒီယိုလေးကိုတွေ့တာကြောင့် စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ဆီနွန်က ဒီနေ့ချက်ချင်းဆိုသလိုပဲ အဖိုးအိုရဲ့နေအိမ်အထိသူ ကိုယ်တောင်သွားရောက်တွေ့ဆုံပြီးကူညီပေးခဲ့ပါတယ်။

ဆီနွန်က သူကိုယ်တိုင်လည်း တကယ်အကူအညီလိုအပ်နေတဲ့ သူတွေကို သူကိုယ်တိုင်လည်း လိုက်လံကူညီပေးနေခဲ့သလို ပရိသတ်ကြီးတွေလည်း တတ်နိုင်သလောက် လိုက်လံကူညီပေးဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။ ပရိသတ်ကြီးရေ ဆီနွန်ရဲ့ စိတ်ထားလေးကတော့ တကယ်ကိုမွန်မြတ်လွန်းလှတဲ့ စိတ်ဓာတ်လေး ပါပဲနော်။

Credit – CeleZone
Source – Sinon Loresca