Celebrity

ပရိသတ်တွေအံ့သြသွားအောင် ခပ်ချောချောကောင်လေးနဲ့အတူ ကြည်နူးနေတဲ့ သူမရဲ့စုံတွဲပုံလေးတွေကိုချပြလိုက်တဲ့ ဖြူဖြူထွေး








ယူနီကုတ်ဖြင့်ဖတ်ရူ့ရန်

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်ကြော်ငြာ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်းကောင်းပြီး နာမည်လေးလိုက်အောင် ဖြူစင်သူလေးမို့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြတာပါ..။

ဟာသဗီဒီယိုလေးတွေနဲ့အတူ ပရိသတ်အားပေးမှုတွေကို ရရှိခဲ့တဲ့ ဖြူဖြူထွေးလေးကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးကာ ကြော်ငြာတွေလည်းဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး အောင်မြက်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်နော်..။

ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ကြည်နူးစရာကောင်းပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲပုံလေးကို ချပြလာပါတယ်နော်..။

“MTV ရိုက်ကူးရေးထဲက ပုံရိပ်လေးများ🌸..” ဆိုပြီး ပရိသတ်တွေ အံသြသွားအောင်ကို မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး Francis Leo နဲ့အတူ MTV ရိုက်ကွင်းပေါ်က ကြည်နူးစရာကောင်းပြီးလိုက်ဖက်လွန်းတဲ့ စုံတွဲပုံရိပ်လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ရိုက်ကွင်းပုံရိပ်လေးတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြင်ကြင်နာနာလေးနဲ့ ချစ်စရာကောင်းပြီး ကြည်ကြည်နူးနူးလေးနဲ့ လိုက်ဖက်လွန်းပြီး မြင်သူတိုင်းကို အချစ်ပိုသဘောကျစေတာကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ပရိသတ်တွေအံ့သြသွားလောက်အောင်ကို လိုက်ဖက်ညီညီနဲ့ MTV လေးရိုက်ကူးနေကြတဲ့ မင်းသားချောလေး Francis Leo နဲ့ ဖြူဖြူထွေးတို့ရဲ့ ကြည်နူးပျော်စရာပုံရိပ်လေးတွေကို ဝေမျှလိုက်တာမို့ အားလုံးပဲသဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

crd-mmload
Source-phyu phyu htwe fb