Sports

ဇယားထိပ်ကို ပြန်ရောက်ဖို့ရှက်ဖီးကို အပြတ်တီးရမယ့် ယူနိုက်တက် တို့ရယ့် ပွဲကြိုသုံးသပ်ချက်

ကျွန်တော်တို့ ယူနိုက်တက်အသင်းဟာ ယနေ့ည 2နာရီ 45မိနစ်မှာ ရှက်ဖီးအသင်းကို ပရီးမီးယားလိဒ် ပွဲစဉ် 20အဖြစ် အို့ထရတ်ဖို့ဒ်ကွင်းကြီးမှာ ယှဉ်ပြိုင် ကစားကြမှာဘဲဖြစ်ပါတယ် ပထမအကြော့မှာ ယူနိုက်တက်အသင်းဟာ ရှက်ဖီးအသင်းရယ့်အိမ်ကွင်းမှာ 2ဂိုး 3ဂိုးဖြင့် အနိုင်ရရှိထားပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ၀က်စ်ဘရွန်းအသင်းကို 5ဂိုး 0ဖြင့် အနိုင်ရရှိထားတာကြောင့် ယူနိုက်တက်ဟာ အဆင့်နှစ်ကိုရောက်ရှိနေပါတယ် မန်စီးတီး အ သင်းကတော့ တစ်ပွဲလျော့ အနေအထားမှာ ယူနိုက်တက်ကို တစ်မှတ်အသာနဲ့ အဆင့်တစ်မှာရပ်တည်နေတာဖြစ်ပါတယ်။

ထို့ကြောင့် ယူနိုက်တက်တို့ဟာ ချန်ပီရံဖြစ်ဖို့အတွက် ပွဲစဉ်တိုင်း အရေးကြီးပြီး အမှားမဖြစ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ် ရှက်ဖီးအသင်းကတော့ နောက်ဆုံးငါးပွဲမှာ နယူးကာဆယ်အသင်းကိုသာ အနိုင်ရယူထားပါတယ် ဇယားအောက်ဆုံးမှာရှိနေတဲ့ ရှက်ဖီးကို ယူနိုက်တက်တို့ အသာအယာအနိုင်ယူထား ဖို့ လိုအပ်လာပြီးဘဲဖြစ်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး အီဂါလိုတစ်ယောက် နောက် ဆုံး ပွဲစဉ်အဖြစ် ပါ၀င်နိုင်မလားလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ် ယူနိုက်တက်ပရိတ်သတ်တွေ အတွက် ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER