Celebrity

ဒုတိယကိုယ်ဝန်မွေးခါနီးလေးမှာတောင်ဗိုက်လေးလုံးလုံးလေးနဲ့လှနေပြီး ကမ်းခြေတွင်အပန်းဖြေအနားယူနေတဲ့ မိုးယုစံ





Credit – Cele Zone

Photo – Moe Yu San

မင်းသမီးချောလေး မိုးယုစံကတော့ တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီး ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ကာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို အချိန်အပြည့်အဝပေးနေတဲ့ သူမကတော့ အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေကိုသာရိုက်ကူးလျက်ရှိနေတာ ပဲဖြစ်ပါတယ်။


ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီး တည်ဆောက်ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်အပြင် ဒုတိယသားရတနာလေးကိုပါ လွယ်ထားနေရပြီပဲ ဖြစ်ပါတယ်။ ခုဆိုရင် လရင့်နေပြီဖြစ်ပြီး သားသားလေးကို ဖေဖော်ဝါရီလထဲမှာ မွေးဖွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

အခုမှာတော့ ဒုတိယရင်သွေးလေးကိုမမွေးဖွားခင် မိသားစုစုံစုံလင်လင်နဲ့ ကမ်းခြေလေးမှာ ပျော်ပျော်ရွှင်ရွှင် သွားရောက် အပန်းဖြေနေတာ လည်းဖြစ်ပါတယ်။ မိသားစုပုံလေးတွေကြည့်ပြီး အရမ်းကြည်နူးအားကျစရာကောင်းလွန်းလို့ ကိုယ်ပါအပျော်တွေကူးစက်မိတာအမှန်ပါပဲနော်။ကရိသတ်ကြီးလည်း မိုးယုတို့ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone

Photo – Moe Yu San