Celebrity

သူမရဲ့ အနုပညာသက်တမ်း နှစ်(၂၀) ကျော်မှာ ပထမဦးဆုံးအကြိမ် လုပ်ဖြစ်တဲ့အနုပညာလှုပ်ရှားမှုအသစ်ခုရဲ့ အမှတ်တရလေးကို ပြသလိုက်တဲ့ သက်မွန်မြင့်

ခ်င္းတိုင္းရင္းသူ မင္းသမီးေခ် ာေလးျဖစ္တဲ့ သက္မြန္ျမင့္ကေတာ့ ေတာင္ေပၚ ဖလမ္းၿမိဳ႕ေလးကေနတဆင့္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ နာမည္ပ်က္မရွိပဲ ေအာင္ျမင္မႈေတြကိုသာ တဖြဲဖြဲပိုင္ဆိုင္ထားတဲ့ သက္မြန္ျမင့္က သူမရဲ႕ အႏုပညာသက္တမ္း ႏွစ္ (၂၀) ေက်ာ္အတြင္းမွာ “အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ႐ုပ္ရွင္ဇာတ္ကားႀကီး၊ “ခ်စ္လွစြာေသာအမုန္း” ႐ုပ္ရွင္ဇာတ္ကားႀကီးတို႔နဲ႔ အကယ္ဒမီဆုႀကီး (၂) ဆုကို လက္ဝယ္ပိုင္ဆိုင္ႏိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း သက္မြန္ျမင့္က ကေလးေတြတစ္ဖက္နဲ႔ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။

အႏုပညာသက္တမ္း ႏွစ္ (၂၀) ေက်ာ္အတြင္းမွာ ေၾကာ္ျငာ၊ ဓာတ္ပုံ၊ ဗီစီဒီသီခ်င္းေခြ၊ ဗီဒီယို၊ ႐ုပ္ရွင္ေတြမ်ိဳးစုံမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ သက္မြန္ျမင့္က သူမရဲ႕ ပထမဦးဆုံးဇာတ္လမ္းတြဲကိုေတာ့ ၿပီးခဲ့တဲ့ (၂၀၂၀) ခုႏွစ္အတြင္းမွာမွ သ႐ုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ သက္မြန္ျမင့္က သူမဘဝရဲ႕ ပထမဦး ဆုံးဇာတ္လမ္းတြဲျဖစ္တဲ့ “ရခဲ့သမွ်အရာရာ” ဇာတ္လမ္းတြဲေပၚက အမွတ္တရေလးတစ္ခုကို ခ်ျပလာတာ အခုလိုပဲ ေတြ့ရပါတယ္။

“ရခဲ့သမွ်အရာရာ” ဇာတ္လမ္းကေတာ့ စာေရးဆရာမ လမင္းမုိမိုရဲ့ ဝတၳဳဇာတ္လမ္းျဖစ္ျပီး ဒါရိုက္တာ ကိုေဇာ္(အရုဏ္ဦး)က ျပန္လည္အသက္သြင္းရိုက္ကူးကာ အကယ္ဒမီ သက္မြန္ျမင့္၊ ထြန္းကိုကို၊ ေကာင္းျပည့္၊ ဆုပန္ထြာ၊ ပြင့္နဒီေမာင္၊ မႈံနံ့သာေက်ာ္ရဲေအာင္စတဲ့ အနုပညာရွင္မ်ားက ပါဝင္သရုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။ “ရခဲ့သမွ်အရာရာ” ဇာတ္လမ္းတြဲက အခုဆိုရင္ မဟာရုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနျပီမို့ သက္မြန္ကိုခ်စ္တဲ့ ပရိသတ္ေတြကလည္း အားေပးေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Thet Mon Myint’s fb
Credit– Cele Connections

ချင်းတိုင်းရင်းသူ မင်းသမီးချေ ာလေးဖြစ်တဲ့ သက်မွန်မြင့်ကတော့ တောင်ပေါ် ဖလမ်းမြို့လေးကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ နာမည်ပျက်မရှိပဲ အောင်မြင်မှုတွေကိုသာ တဖွဲဖွဲပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်က သူမရဲ့ အနုပညာသက်တမ်း နှစ် (၂၀) ကျော်အတွင်းမှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားကြီး၊ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးတို့နဲ့ အကယ်ဒမီဆုကြီး (၂) ဆုကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း သက်မွန်မြင့်က ကလေးတွေတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

အနုပညာသက်တမ်း နှစ် (၂၀) ကျော်အတွင်းမှာ ကြော်ငြာ၊ ဓာတ်ပုံ၊ ဗီစီဒီသီချင်းခွေ၊ ဗီဒီယို၊ ရုပ်ရှင်တွေမျိုးစုံမှာ သရုပ်ဆောင်ခဲ့တဲ့ သက်မွန်မြင့်က သူမရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲကိုတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်အတွင်းမှာမှ သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သက်မွန်မြင့်က သူမဘဝရဲ့ ပထမဦး ဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ “ရခဲ့သမျှအရာရာ” ဇာတ်လမ်းတွဲပေါ်က အမှတ်တရလေးတစ်ခုကို ချပြလာတာ အခုလိုပဲ တွေ့ရပါတယ်။

“ရခဲ့သမျှအရာရာ” ဇာတ်လမ်းကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပြန်လည်အသက်သွင်းရိုက်ကူးကာ အကယ်ဒမီ သက်မွန်မြင့်၊ ထွန်းကိုကို၊ ကောင်းပြည့်၊ ဆုပန်ထွာ၊ ပွင့်နဒီမောင်၊ မှုံနံ့သာကျော်ရဲအောင်စတဲ့ အနုပညာရှင်များက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ “ရခဲ့သမျှအရာရာ” ဇာတ်လမ်းတွဲက အခုဆိုရင် မဟာရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေပြီမို့ သက်မွန်ကိုချစ်တဲ့ ပရိသတ်တွေကလည်း အားပေးပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thet Mon Myint’s fb
Credit– Cele Connections