Celebrity

အမေကပါ ဖုန်းဖွက်ထားရတဲ့အထိဖြစ်နေတဲ့ ခြိမ့်ကေကိုရဲ့ သနားစရာ အဖြစ်ကို ပြောပြလာခဲ့တဲ့ ယုန်လေး

အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ယုန်လေး ကတော့ ဆယ်ကျော်သက်ကလေးအရွယ်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ စွဲလန်းစွာ လုပ်ကိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ယုန်လေးက အနုပညာအလုပ်တွေကိုချစ်သလို အနုပညာ ရှင်တွေအပေါ်မှာလည်း သံယောဇဉ်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မိသားစုဝင်တစ်ယောက်လို ချစ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယုန်လေးက သူ့ရဲ့ ညီတစ်ယောက်လိုဖြစ်နေတဲ့ ခြိမ့်ကေကိုရဲ့ အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

ယုန်လေးက “IDOL လေး နဲ့ စတွေ့တုန်းက ကိုဒိန်းဒေါင် ဖုန်းဆက်တယ်။ ဆရာချိန့် ရဲ့ အမေက ဖုန်းသိမ်းထားတယ်။ လုံးဝ ပေးမသုံးဘူးတဲ့ အမေရယ် သားကို (၁၅) မိနစ်လောက်လေးပဲပေးသုံးပါတဲ့။ မပေးနိုင်ဘူးတဲ့ ဖုန်းဖွတ်ထားရတယ်တဲ့။ အဲ့လိုကျတော့လဲ သနားပါတယ် ” ဆိုပြီး အမေကပါ ဖုန်းဖွက်ထားရတဲ့အထိဖြစ်နေတဲ့ ခြိမ့်ကေကိုရဲ့ ရယ်ဖို့လည်းကောင်း၊ သနားဖို့လည်းကောင်းတဲ့ အဖြစ်ကို ပြောပြလာပါတယ်။

ခြိမ့်ကေကိုကတော့ ဖေ့စ်ဘုတ်မှာ Live လွှင့်ပြီး တလွဲတွေလုပ်တတ်လွန်းလို့ သူ့ရဲ့ဆရာဖြစ်သူ ဒိန်းဒေါင်က သူ့ရဲ့မိခင်ကို ဖုန်းသိမ်းခိုင်းထားခဲ့တာပဲ ဖြစ်ပါတယ်။ ယုန်လေးပြောသလိုပဲ ဒီလိုကျတော့လည်း ခြိမ့်ကေကိုရဲ့အဖြစ်က တကယ့်ကို သနားစရာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Yone Lay’s fb
Credit – Cele Connections

Unicode




Source: Yone Lay’s fb
Credit – Cele Connections