Sports

အဆင့်20က အသင်းကို အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ရတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ရှက်ဖီးအသင်းနဲ့ပွဲစဉ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ် ဇယားအောက်ဆုံး အဆင့်20က အသင်းကို ချန်ပီရံအဖြစ်ရေပန်းအစားဆုံး အသင်းဖြစ်တဲ့ ယူနိုက်တက်အသင်း ရှုံးနိမ့်ရသည် မှာ လွန်စွာအကျည်းတန်လှပါတယ်။

ပုံစံကောင်း‌တွေပြသနေတဲ့ ဆိုးရှားတို့ ဦးဆောင်တဲ့ ယူနိုက်တက်ဟာ သေချာပေါက်နိုင်ရမယ့်ပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ် မက်ဂွိုင်းယားကို တွန်ဇီဘီနဲ့ တွဲဖက်ပေးပြီး တဲလက်စ်က လုခ်ရှောအစားဝင်ကစားခဲ့ကာ မာရှယ်ကို အထောင်တိုက်စစ်မှူးအဖြစ် ဆိုးလ်ရှားက ထားရှိခဲ့ပြီး ကွင်းလယ်မှာ မာတစ်နဲ့ ပေါ့ဂ်ဘာကို တွဲဖက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲတွေမှာ ပုံစံကောင်းရနေတဲ့ လုခ်ရှောကို အ နားပေးခဲ့ပြီး ဖရက်၊ မက်တော်မီနေးတို့ထက် မာတစ်ကို နေရာပေးခဲ့သလို ကာဗာနီခြေတက်နေချိန်မှာ မာရှယ်ကို ပြန်သုံးခဲ့တဲ့အပြစ်ကို ဆိုးလ်ရှားခံစားခဲ့ရပါတယ်။ ရှက်ဖီးကတော့ ဆိုးလ်ရှားကိုဆိုရင် အနိုင်ရအောင် လုပ်တတ်တဲ့ သူတို့ရဲ့ပုံစံအတိုင်း အိုးထရက်ဖို့ဒ်မှာလည်း ဒုက္ခပေးသွားခဲ့ပါတယ်။

ကီးန်ဘရိုင်ယန် နဲ့ အိုလီဗာဘာကီတို့က အသင်းအတွက်ဂိုးတွေသွင်းပေးခဲ့ကြပြီး ၅ မှတ်သာရရှိထားတဲ့အသင်းဟာ ယူနိုက်တက်ဆီကနေ ၃ မှတ်ရယူသွားခဲ့ပါတယ်။

TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER

Unicode





TSSoe
PHOTOS CREDIT TO OWNERS
SPORTS GABER