Celebrity

စာအရမ်းကြိုးစားတာကြောင့် သမားတော်ကြီးတစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့ ညီမလေးအတွက် ဝမ်းသာပြီးဂုဏ်ယူနေရတဲ့ နန္ဒာလှိုင်

အကယ်ဒမီနန္ဒာလှိုင်ကတော့ သမီးသုံးယောက်ကိုမွေးဖွားထားတဲ့မိခင်ဖြစ်ပြီး သူမကိုအရမ်းချစ်တဲ့ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နန္ဒာလှိုင်က အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ဘဲ စီးပွားရေးနဲ့မိသားစုရေးကိုသာ အာရုံစိုက်ပြီး စီမံနေတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်က ဒူးရင်းသီး၊မင်းကွတ်သီးရာသီဆိုလည်း ကိုယ်တိုင်ခွဲခြမ်းပြီး ရောင်းချတာဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်ပေမယ့်လည်း ရိုးရိုးရှင်းရှင်းသာနေထိုင်တတ်လို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။

နန္ဒာလှိုင်တို့ဇနီးမောင်နှံက စိတ်တူကိုယ်တူရှိကြလို့ အလှူအတန်းဆိုလည်းအရမ်းရက်ရောကြပြီး သိန်းပေါင်းများစွာကို မကြာခဏလှူဒါန်းနေတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့သမီးသုံးယောက်လုံးဟာဆိုရင် အမေတူလေးတွေဖြစ်လို့ ချစ်မွေးအပြည့်ပါပြီး လိမ္မာရေးခြားအပြည့်ရှိကြတဲ့ ကလေးလေးတွေဖြစ်ကြပါတယ်။နန္ဒာလှိုင်တို့မောင်နှမတွေကလည်း စည်းစည်းလုံးလုံးနေထိုင်တတ်ကြပြီး အပြန်အလှန်ဖေးမကူညီကြတာကြောင့် သူမတို့ရဲ့မျိုးစက်သစ်သားသမီးတွေကလည်း အချင်းချင်းချစ်ခင်ကြင်နာကြတာဖြစ်ပါတယ်။

နန္ဒာလှိုင်တို့မောင်နှမတွေအကုန်လုံးက ခေတ်ပညာတတ်တွေဖြစ်ကြတာကြောင့် အရမ်းအားကျဖို့ကောင်းတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း နန္ဒာလှိုင်ရဲ့ ညီမလေးက စာအရမ်းကြိုးစားတာကြောင့် သမားတော်ကြီးတစ်ယောက်ဖြစ်သွားပါပြီနော်။နန္ဒာလှိုင်ကလည်း အရမ်းတော်တဲ့ညီမလေးကို ဂုဏ်ပြုစကားဆိုထားပြီး”သမားတော်ကိုကိုယ်အရင်စျေးဦးဖောက်ပေးလိုက်ပြီ”လို့စနောက်ထားတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မိသားစုဝင်တွေအများကြီးနဲ့ အရမ်းပျော်ဖို့ကောင်းတဲ့ နန္ဒာလှိုင်တို့ရဲ့ပုံရိပ်လေးတွေကို ကြည့်ရှု့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Swelsone News