Celebrity

အေးချမ်းတဲ့မြို့လေးမှာ ဘုရားထီးတော်တင်ဖို့အတွက် အလှူငွေတွေသိန်းဆယ်ချီလှူဒါန်းခဲ့တဲ့ မြင့်မြတ်







ယူနီကုတ်ဖြင့်ဖတ်ရန်

သဘာဝမင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေအသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အကယ်ဒမီထူးချွန်ဆုတွေကိုပါ သိမ်းပိုက်ထားသူကတော့ ဂျင်းကောင်လို့ အားလုံးက ချစ်စနိုးစနောက်ကြတဲ့ မင်းသားချောမြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။

မြင့်မြတ်ကတော့ သဘာဝကျတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်ရင်ထဲတိုးဝင်နေရာယူထားသလို ပကာသနမဖက်တဲ့နေထိုင်မှုပုံရိပ်တွေအပြင် ပရိသတ်တွေအပေါ်လေးစားစွာပြုမူဆက်ဆံတတ်တာတွေကြောင့်လည်း အားလုံးက သဘောကျနေကြတာပါ..။

အနေအေးပြီး ရိုးရှင်းစွာနေထိုင်တတ်တဲ့ မင်းသားချောမြင့်မြတ်ကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်အဖြစ် ရပ်တည်နေသလို ချစ်ဇနီးချောလေးအပြင် ချစ်စရာကောင်းလွန်းတဲ့ သားသားလေးတို့နဲ့ ကြည်နူးပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်..။

ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသလို ကြော်ငြာတွေလည်း ရိုက်ကူးနေတဲ့ မြင့်မြတ်တစ်ယောက်ကတော့ အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောလှူဒါန်းတတ်ပြီး ဂုဏ်မဖော်တတ်တာလေးတွေကိုလည်း ပရိသတ်တွေက သဘောကျကာ ချစ်ပြီးရင်းချစ်ခင်နေကြတာဆိုလည်း မမှားပါဘူး..။

အခုတစ်ခါမှာလည်း မြင့်မြတ်တစ်ယောက် ဘုရားထီးတေည်တင်အလှူလေးအတွက် ငွေသိန်းဆယ်ချီလှူဒါန်းမှုတွေပြုလုပ်ကာ ကုသိုလ်ယူခဲ့ပြီး မွန်မြတ်လွန်းတဲ့အလှူပုံရိပ်လေးကိုလည်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်နော်..။

အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း မြင့်မြတ်ရဲ့ အလှူလေးကို ချီးကျူးဂုဏ်ပြုကာ ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာကို ကြည်နူးပီတိဖြစ်စွာ မြငိတွေ့ရပါတယ်နော်..။

Myat Wai Tun’s Fb Acc
crd-mmload