Celebrity

ဖေဖေနဲ့ချွတ်စွပ်တူတဲ့ရုပ်ရည်‌လေးကို ပိုင်ဆိုင်ထားပြီး တစ်နေ့တခြားလှသွေးကြွယ်လာကာ အရမ်းချစ်ဖို့ကောင်းနေတဲ့ ပိုင်ဇေရဲထွန်းရဲ့သမီးကြီးလေး

သရုပ်ဆောင်ပိုင်ဇေရဲထွန်းကတော့ သာယာလှပတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ကလေးသုံးယောက်ရဲ့ဖခင်တစ်ယောက်ဖြစ်ပါတယ်နော် ပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေးဇင်သဲနိုင်ကလည်း အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုအပေါ်ဂရုစိုက်ပေးတာဖြစ်ပါတယ် လက်ရှိမှာဆိုရင်တော့ ပိုင်ဇေရဲထွန်းက အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး ချစ်ရတဲ့မိသားစုလေးကို အချိန်အပြည့်ပေးနေတာဖြစ်ပါတယ် ပရိသတ်တွေကလည်း ပိုင်ဇေရဲထွန်းတို့မိသားစုလေးကိုချစ်ကြလို့ အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာပါနော်။

လက်ရှိမှာဆိုရင်တော့ ဇင်သဲနိုင်က ကိတ်မုန့်ဖုတ်တဲ့ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားလို့ ကိတ်မုန့်နဲ့ပေါင်မုန့်တွေကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချနေတာဖြစ်ပါတယ် ပိုင်ဇေရဲထွန်းကလည်း မိန်းမရဲ့အလုပ်တွေကို တတ်နိုင်သလောက်ကူညီပေးလို့ အရမ်းအတွဲညီတဲ့ဇနီးမောင်နှံလေးဖြစ်ပါတယ်နော်ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ရဲ့ သားသမီးသုံးယောက်ကတော့ ချစ်မွေးအပြည့်ပါပြီး လိမ္မာရေးခြားရှိစွာကြီးပြင်းလာကြတာဖြစ်ပါတယ်။

ဇင်သဲနိုင်တို့ဇနီးမောင်နှံကလည်း ကလေးတွေကို သေချာဂရုစိုက်စောင့်ရှောက်ပေးတာဖြစ်လို့ သားသမီးတွေကတော့ လှလှပပ၊ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကြတာဖြစ်ပါတယ် ဇင်သဲနိုင်ရဲ့သမီးကြီးလေးဆိုရင် ဆယ်ကျော်သက်အရွယ်လေးရောက်လာတာကြောင့် ပိုပိုပြီးလှသွေးကြွယ်လာကာ မေမေ့လိုပဲအရမ်းချောလာပါတယ် ဇင်သဲနိုင်ရဲ့သမီးကြီးလေးက ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားလို့ “မျက်နှာမြင်ချစ်ခင်ပါစေ”ဆိုတဲ့ ဆုနဲ့ပြည့်စုံပါတယ်နော်။

crd-mmload

Unicode




crd-mmload