Celebrity
ကွယ်လွန်သွားပြီဖြစ်တဲ့ ကျော်ဟိန်းနဲ့ဒွေးရဲ့ ဇာတ်ကားလေးကိုကြည့်ပြီး ဝမ်းနည်းမျက်ရည်ကျခဲ့ရကြောင်းပြောပြလာတဲ့ ဇွဲနိုင်ဝင်း
Crd
သရုပ်ဆောင်ဇွဲနိုင်ဝင်း ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ ဇွဲနိုင်ဝင်းကတော့ အစ်ကိုအရင်းဖြစ်သူ ဒွေးနဲ့အတူ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီး ဇာတ်ကားတိုင်းရဲ့ ကျရာ ဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင် နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်နေ လျက်ရှိပါတယ်။
ဇွဲနိုင်ဝင်းကတော့ MTVသီချင်းတွေထဲမှာလည်း ပါဝင် သရုပ်ဆောင်နေတာကို တွေ့ရမှာပါပဲနော်။ သူရဲ့ အစ်ကို ဖြစ်သူ မင်းသား ဒွေးနဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာ တော့ ဇွဲနိုင်ဝင်းက “အစ်ကိုနဲ့ ဦးကျော် ကိုကြည့်ရင်း မျက်ရည်ပါဝဲတယ်ဗျာ တကယ်ပါ အရမ်းမိုက်တယ်ဗျာ”လို့ဆိုပြီး အစ်ကိုဖြစ်သူ ဒွေး နဲ့ မင်းသားကြီးကျော်ဟိန်းတို့ရဲ့ သရုပ်ဆောင် ထားခဲ့တဲ့ ဝေလည်း မွှေးကြွေလည်း မွှေးဇာတ်ကားလေးကို ပြန်လည်ကြည့်ရှုပြီး မျက်ရည်ကျ သတိရမိကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာ ခဲ့တာပဲဖြစ်ပါတယ်။
သူရဲ့ သတိရခြင်းနဲ့အတူ ပရိသတ်တွေလည်း ပိုမို သတိရမိမယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေ အားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆို်င်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source…Zwe Naing Win’s Facebook
Crd